
တရုတ်-ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးများ ဆက်ဆံရေးနှင့် နိုင်ငံတကာကိစ္စများကို တယ်လီဖုန်းဖြင့် ဆွေးနွေး
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot ၏ ပန်ကြားချက်အရ စက်တင်ဘာ ၁၄ ရက်တွင် ၎င်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာကိစ္စများကို ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်က နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ပြင်သစ်ဆက်ဆံရေးမှာ ယေဘုယျအားဖြင့် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားလျက်ရှိကြောင်း ပြောကြားခဲ့သည်။
နျူကလီးယားပြန့်ပွားမှုစိုးရိမ်မှုများ မြင့်တက်လာသည့်ကြားမှ IAEA အထွေထွေညီလာခံ ဖွင့်လှစ်
နိုင်ငံတကာ အဏုမြူစွမ်းအင်ဆိုင်ရာ အေဂျင်စီ (IAEA) ၏ ၇၀ ကြိမ်မြောက် အထွေထွေညီလာခံကို စက်တင်ဘာ ၁၄ ရက်တွင် ဗီယင်နာမြို့၌ ဖွင့်လှစ်ခဲ့ပြီး ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်မားနေချိန်တွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် ကမ္ဘာ့နျူကလီးယား မပြန့်ပွားရေးစနစ်ကို ထိန်းသိမ်းရန် တောင်းဆိုခဲ့ကြသည်။
အဆိုပါညီလာခံသည် ကမ္ဘာ့ပြင်းထန်သော မတည်ငြိမ်မှုနှင့် မရေရာမှုကာလတွင် ကျင်းပခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ၏ ဗီယင်နာရုံးမှ ညွှန်ကြားရေးမှူးချုပ် မိုနီကာ ဂျူမာ ဖတ်ကြားသည့် သဝဏ်လွှာ၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့သည်။ နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုများလည်း မြင့်တက်လျက်ရှိသည်။ နျူကလီးယားပြန့်ပွားမှု၏ တွန်းအားများကလည်း အရှိန်မြင့်လာနေပြီး ၎င်းကို တားဆီးသည့် အကာအရံများမှာမူ ကျဆင်းလျက်ရှိသည်။
ယီမင်နိုင်ငံ၏ ဟူသီအဖွဲ့က ဆော်ဒီအာရေဗျလေတပ်အခြေစိုက်စခန်းအား ဒုံးကျည်၊ ဒရုန်းဖြင့် အကြီးစားတိုက်ခိုက်မှု ပြုလုပ်ကြောင်း ပြောကြား
ယီမင်နိုင်ငံ၏ ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ပိုင်းရှိ အဓိကစစ်လေတပ်အခြေစိုက်စခန်းတစ်ခုသို့ ဒုံးကျည်နှင့် ဒရုန်းအစင်းရေများစွာဖြင့် စက်တင်ဘာ ၁၄ ရက်က တိုက်ခိုက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ထိပ်တိုက်တွေ့ဆုံမှု ကျယ်ပြန့်လာသည့် သိသာထင်ရှားသော အရှိန်မြင့်တက်မှုလည်း ဖြစ်လာခဲ့သည်။
အဆိုပါအုပ်စုသည် ယီမင်နယ်စပ်အနီး ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ပိုင်းမြို့ဖြစ်သော Khamis Mushait ရှိ ဘုရင်ခါလစ်လေတပ်အခြေစိုက်စခန်းသို့ ဒုံးကျည်နှင့် ဒရုန်းအစင်းရေများစွာဖြင့် ပစ်ခတ်ခဲ့သည်ဟု စစ်ရေးပြောရေးဆိုခွင့်ရှိသူ Yahya Sare က ဟူသီတို့ ထိန်းချုပ်ထားသော al-Masirah ရုပ်မြင်သံကြားတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားတွင် ရေတပ်မိုင်းများနှင့် တိုက်မိပြီးနောက် ရေနံတင်သင်္ဘော ပေါက်ကွဲမှုဖြစ်ပွားဟု အီရန် IRGC ဆို
တောင်ဘက်ရှိ "တားမြစ်" ရေလမ်းကြောင်းမှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ရန်ကြိုးစားသော အထူးရေနံတင်သင်္ဘောကြီးတစ်စင်းသည် ရေတပ်မိုင်းများနှင့် တိုက်မိပြီးနောက် ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
"EL GAIA" ဟု အမည်ရှိသော ထိုသင်္ဘောပေါ်အား မီးငြှိမ်းသတ်ရန် ကြိုးပမ်းမှုများမှာ အချည်းနှီးဖြစ်ခဲ့ပြီး သင်္ဘောတစ်စင်းလုံး မီးလောင်ကျွမ်းသွားခဲ့သည်ဟု ရေတပ်က ပြောကြားခဲ့ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ရေး Sepah News တွင် ထုတ်ပြန်ထားသောကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)
………..
(English Version)
Daily World Briefing, Sept. 15
Chinese, French FMs discuss ties, int'l issues over phone
Chinese Foreign Minister Wang Yi on Monday held a phone conversation with French Foreign Minister Jean-Noel Barrot at the latter's request, discussing bilateral relations and international issues.
During the talks, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that under the strategic guidance of the two heads of state, China-France relations have generally maintained stable development dynamics.
IAEA General Conference opens amid growing nuclear proliferation concerns
The 70th General Conference of the International Atomic Energy Agency (IAEA) opened in Vienna on Monday, with calls to strengthen multilateral cooperation and efforts to uphold the global nuclear non-proliferation regime amid heightened geopolitical tensions.
In a message delivered by Monica Juma, director-general of the United Nations Office at Vienna, UN Secretary-General Antonio Guterres said this conference comes at a time of profound global turbulence and uncertainty. Attacks on nuclear facilities are rising. The drivers of nuclear proliferation are accelerating while the guardrails against it are falling.
Yemen's Houthis claim major missile, drone attack on Saudi air base
Yemen's Houthi group said Monday that it had launched dozens of ballistic missiles and drones at a major military air base in southwestern Saudi Arabia, marking a significant escalation in the widening cross-border confrontation.
In a statement carried by Houthi-run al-Masirah TV, military spokesperson Yahya Sarea said the group fired dozens of ballistic missiles and drones at King Khalid Air Base in Khamis Mushait, a southwestern Saudi city near the Yemeni border.
Iran's IRGC says oil tanker explodes after hitting naval mines in Hormuz Strait
The Navy of Iran's Islamic Revolution Guard Corps (IRGC) said on Monday that a super oil tanker seeking to cross the Strait of Hormuz via the "forbidden" route south of the waterway exploded and caught fire after hitting naval mines.
In a statement on the IRGC's official news outlet Sepah News, the navy said efforts to contain the fire on the tanker, identified as "EL GAIA," were futile, and the entire vessel was engulfed in flames.








