
ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၁၄ ရက်တွင် ဖိတ်ကြားချက်အရ လတ်ဗီးယား နိုင်ငံခြားရေးဝန်ကြီး Baiba Braze နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆက်သွယ်ရာတွင် Baiba Braze က လတ်ဗီးယား-တရုတ်သည် မကြာသေးမီကမှ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၃၅ နှစ်ပြည့်ကို အတူတကွ ဂုဏ်ပြုခဲ့ကြောင်း၊ နှစ်ပေါင်းများစွာအတွင်း နှစ်နိုင်ငံသည် ကောင်းမွန်သော လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထိန်းသိမ်းထားသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ စသည့် နိုင်ငံစုံ ပလက်ဖောင်းများတွင်လည်း ကောင်းမွန်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်ဖလှယ်မှုကို တစ်ဆင့်တိုး မြှင့်တင်ရန်၊ နှစ်ဖက်ဆက်ဆံရေး အဆက်မပြတ် ရှေ့သို့ တိုးတက်ရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီရက်ပိုင်းက လတ်ဗီးယားနိုင်ငံသား ၃၃ ဦးသည် နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွှံ့နွံပြိုကျမှု အန္တရာယ်ဖြစ်ပွားမှုအတွင်း ပျောက်ဆုံးခဲ့ကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက သတင်းပေးပို့မှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ပျောက်ဆုံးသွားသူများ၏ မိသားစုဝင်များအပေါ် စိတ်ရင်းစေတနာမှန်ဖြင့် နှစ်သိမ့်အားပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ လတ်ဗီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး နောက်ဆက်တွဲလုပ်ငန်းများအား ကောင်းမွန်စွာ ဆောင်ရွက်သွားလိုကြောင်း Baiba Braze က ပြောကြားခဲ့သည်။
ဝမ်ရိက နီပေါနိုင်ငံဘက်ခြမ်းတွင် ရုတ်တရက် ရေခဲကျောက်ဆောင်ပြိုကျမှုကြောင့် ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်တွင် ဆိုးရွားသော လူပုဂ္ဂိုလ် ထိခိုက်သေဆုံးမှုနှင့် ပျောက်ဆုံးမှုများ ဖြစ်ခဲ့ကြောင်း၊ လတ်ဗီးယားနိုင်ငံသည် ပျောက်ဆုံးသူလူဦးရေ အများဆုံးရှိသော ဥရောပနိုင်ငံဖြစ်ကြောင်း၊ ထိုကဲ့သို့ ရုတ်တရက်ဖြစ်ပွားသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်အား ရင်ဆိုင်ရာတွင် လတ်ဗီးယားနိုင်ငံဘက်မှ အထူးသဖြင့် ပျောက်ဆုံးသူမိသားစုဝင်များအား စိတ်ရင်းစေတနာမှန်ဖြင့် ထပ်လောင်း၍ နှစ်သိမ့်အားပေးမှုကို ဖော်ပြလိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပြည်ပလူပုဂ္ဂိုလ်များအား တန်းတူ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လတ်ဗီးယား အပါအဝင် နိုင်ငံခြားမှ ပျောက်ဆုံးသူများကို အစွမ်းကုန်ကြိုးပမ်း၍ ဆက်လက်ရှာဖွေကယ်ဆယ်သွားကာ နောက်ဆက်တွဲစီမံမှုလုပ်ငန်းများကို လျော်ကန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံနှင့် လတ်ဗီးယားနိုင်ငံသည် ပထဝီအနေအထားအရ ဝေးကွာသော်လည်း နှစ်နိုင်ငံပြည်သူများအကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းကြောင်း၊ တရုတ်နိုင်ငံသည် လတ်ဗီးယားနိုင်ငံ လွတ်လပ်ရေးရရှိမှုကို အစောဆုံး အသိအမှတ်ပြုသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး တည်ထောင်ပြီးနောက် နှစ်နိုင်ငံသည် အစဉ်အမြဲ တန်းတူညီမျှဆက်ဆံပြီး အပြန်အလှန်လေးစားကာ ဆက်ဆံရေး တည်ငြိမ်စွာတိုးတက်မှုကို ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက လတ်ဗီးယားနိုင်ငံအပေါ် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်ကျင့်သုံးခဲ့ခြင်းသည် လတ်ဗီးယားနိုင်ငံအပေါ် ယုံကြည်မှုကို ဖော်ပြလိုက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ လူပုဂ္ဂိုလ်များ သွားလာဆက်ဆံမှု ပိုမိုများပြားလာသလို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် တိုးချဲ့လာကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လတ်ဗီးယားနိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၃၅ နှစ်ပြည့်ကို အခါအခွင့်အဖြစ် ထားရှိကာ တရုတ်-လတ်ဗီးယား ဆက်ဆံရေးအတွက် ခေတ်သစ်ကာလ အနှစ်သာရအသစ်များ အဆက်မပြတ် ဖြည့်တင်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
王毅同拉脱维亚外长布拉泽通电话
新华社北京9月14日电 中共中央政治局委员、外交部长王毅14日应约同拉脱维亚外长布拉泽通电话。
布拉泽表示,拉中刚刚共同纪念建交35周年。多年来两国保持良好务实合作关系,在联合国安理会等多边平台也有很好的协作。期待与中方进一步加强沟通交流,推动双边关系不断向前发展。
布拉泽表示,近日33名拉脱维亚公民在尼泊尔和中国西藏自治区泥石流灾害中失联。灾害发生后,感谢中方所做通报和搜救工作以及对失联人员家属的诚挚慰问。拉方愿同中方加强沟通协作,共同做好后续工作。
王毅表示,尼泊尔一侧突发冰岩崩引发泥石流灾害,给中国西藏吉隆县造成重大人员伤亡和失联。拉脱维亚是失联人数最多的欧洲国家。面对这一突如其来的悲剧,谨再次向拉方特别是失联人员家属表示诚挚慰问。中方对中外人员一视同仁,全力以赴开展救助。我们将尽最大努力继续搜救拉方等外方失联人员,妥善做好后续处置。
王毅表示,中拉虽相距遥远,但两国人民传统友谊深厚。中国是最早承认拉脱维亚独立的国家之一。建交以来,两国始终平等相待,相互尊重,保持关系平稳发展。中方对拉方实施单方面免签体现了对拉方的信任,两国人员交往更加频繁,务实合作不断拓展。中方愿同拉方一道,以建交35周年为契机,为中拉关系不断注入新的时代内涵。(完)








