
ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာလ ၁၄ ရက်တွင် ဉာဏ်ရည်တု (AI) ဖွံ့ဖြိုးတိုးတက်မှုသည် လူသားမျိုးနွယ်အားလုံး၏ ဘုံကောင်းကျိုးချမ်းသာနှင့် သက်ဆိုင်ကြောင်း၊ ခြိမ်းခြောက်မှုဆိုင်ရာ ပုံရိပ်ဖော်ညွှန်းမှုအမျိုးမျိုးကို ဖြန့်ချိခြင်းသည် မည်သည့်ဘက်၏ အကျိုးစီးပွားနှင့်မျှ ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့သည်။
ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက မကြာသေးမီတွင် Dario Amodei ၊ Sam Altman ၊ Elon Musk တို့က AI ကုမ္ပဏီလုပ်ငန်းများအနေဖြင့် အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်လျှော့ရန် တိုက်တွန်းခဲ့ကြောင်း၊ Amodei က တရုတ်နိုင်ငံသည် AI နယ်ပယ်တွင် ဦးဆောင်မှုကို ထိန်းသိမ်းထားပြီး အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ဉာဏ်ရည်တု (AI) ဖွံ့ဖြိုးတိုးတက်မှုဟာ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ ဘုံကောင်းကျိုးချမ်းသာနဲ့ သက်ဆိုင်နေတာကြောင့် ဘက်အသီးသီးအနေနဲ့ AI ကို တံခါးဖွင့်လှစ်မှု၊ အားလုံးပါဝင်နိုင်မှု၊ အားလုံး အကျိုးခံစားနိုင်ကာ ကောင်းမွန်သောဦးတည်ချက် ရရှိစေဖို့ အတူတကွ မြှင့်တင်လုပ်ဆောင်သင့်ပါတယ်။ ခြိမ်းခြောက်မှုနဲ့ဆိုင်တဲ့ ပုံရိပ်ဖော်ညွှန်းမှုအမျိုးမျိုး ဖြန့်ချိခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ဆိုးရွားတဲ့ ယှဉ်ပြိုင်မှုတွေ ပြုလုပ်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကိုသာ အနှောင့်အယှက်ဖြစ်စေပြီး မည်သည့်ဘက်ရဲ့ အကျိုးစီးပွားနဲ့မှ ကိုက်ညီမှုမရှိပါဘူး” ဟု ကောကျားခွန်းက ဖြေကြားခဲ့သည်။ (Xinhua)
.......................
(Chinese Version)
外交部:散播人工智能威胁叙事不符合任何一方利益
新华社北京9月14日电(记者吴梦桐、曹嘉玥)外交部发言人郭嘉昆14日表示,人工智能的发展关乎全人类共同福祉。散播各种威胁叙事,不符合任何一方利益。
当日例行记者会上,有记者问:不久前,达里奥·阿莫迪、萨姆·奥尔特曼、埃隆·马斯克等呼吁人工智能企业放缓发展前沿技术。阿莫迪称,中国在人工智能领域保持领先,会对美国国家安全造成风险。外交部对此有何评论?
“人工智能的发展关乎全人类共同福祉,各方应共同推动人工智能开放、包容、普惠、向善。散播各种威胁叙事,搞对抗和恶性竞争,只会干扰人工智能全球治理进程,不符合任何一方利益。”郭嘉昆说。(完)








