ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် တိုကျိုမြို့ရှိ ဝန်ကြီးချုပ်၏ နေအိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဥ် (ပုံစာ-Rodrigo Reyes Marin/Pool via Xinhua)
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် တိုကျိုမြို့ရှိ ဝန်ကြီးချုပ်၏ နေအိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဥ် (ပုံစာ-Rodrigo Reyes Marin/Pool via Xinhua)

တိုကျို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ကို ဦးဆောင်နေသည့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် စက်တင်ဘာ ၁၆ ရက်တွင် ပါတီ၏ အမှုဆောင်အဖွဲ့ကိုလည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်တွင် အစိုးရအဖွဲ့ကိုလည်းကောင်း အသီးသီး ပြန်လည်ဖွဲ့စည်းမည်ဟု စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့ကြောင်း Jiji Press သတင်းဌာနက ဖော်ပြခဲ့သည်။  

တိုကျိုမြို့ရှိ ပါတီဌာနချုပ်တွင် ကျင်းပသော LDP အမှုဆောင်များ အစည်းအဝေး၌ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

..................

(English version)

Japanese PM announces reshuffling LDP leadership on Wednesday, cabinet on Thursday

TOKYO, Sept. 15 (Xinhua) -- Japanese Prime Minister Sanae Takaichi, who also heads the ruling Liberal Democratic Party (LDP), announced Tuesday that she will reshuffle the party's executive lineup on Wednesday and her cabinet on Thursday, Jiji Press reported.

The announcement was made at a meeting of LDP executives held at the party's headquarters in Tokyo.

Photo caption - Japanese Prime Minister Sanae Takaichi speaks at a press conference at the prime minister's official residence in Tokyo, Japan, Jan. 19, 2026. (Rodrigo Reyes Marin/Pool via Xinhua)