တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော ၁၈ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ်စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော ၁၈ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ်စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော ၁၈ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ  အစည်းအဝေးသို့ တက်ရောက်စဉ် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့သည်။  သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မိုဒီတို့သည် သုံးနှစ်ဆက်တိုက် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက  စက်တင်ဘာလ ၁၄ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကာဇန်နှင့် ထျန်ကျင်းမြို့များတွင် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးမှုများသည် တရုတ်-အိန္ဒိယဆက်ဆံရေးကို “ပြန်လည်စတင်ခြင်း” နှင့် “ထပ်မံမြှင့်တင်ခြင်း” ဆီသို့ ဦးဆောင်ခဲ့ခြင်း ဖြစ်သည်ဆိုပါက နယူးဒေလီတွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်-အိန္ဒိယဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် “ထပ်မံအတည်ပြုခြင်း” ပင် ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် ရရှိခဲ့သည့် အရေးအကြီးဆုံး သဘောတူညီချက်မှာ တရုတ်နှင့် အိန္ဒိယသည် မိတ်ဖက်နိုင်ငံများ အဖြစ်ဆောင်ရွက်ရန်ပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံ၏ နိုင်ငံအခြေအနေများမှာ ကွဲပြားခြားနားသော်လည်း အားနည်းချက်များ ဖြည့်ဆည်းပေးရန် အားသာချက်များမှ သင်ယူခြင်း၊ အပြန်အလှန်ပံ့ပိုးခြင်း၊ အောင်မြင်မှုအတွက် အပြန်အလှန်ကူညီခြင်းနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်းတို့ကို အပြည့်အဝ လုပ်ဆောင်နိုင်ကြောင်း၊ နှစ်ဖက်အနေဖြင့် ဓမ္မဓိဋ္ဌာန်ကျပြီး ဆင်ခြင်တုံတရားရှိသော မဟာဗျူဟာမြောက် နားလည်သိရှိမှုဖြင့် လမ်းကြောင်းဦးတည်ချက်ကို မှန်ကန်စွာ ချိန်ညှိရန်၊ ပူးပေါင်းဆောင်ရွက်မှု၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော အယူအဆဖြင့် အပြန်အလှန် အောင်မြင်တိုးတက်စေရန်၊ အပြန်အလှန် လေးစားကာ နားလည်မှုရှိသည့် နိုင်ငံရေးဉာဏ်ပညာဖြင့် အနှောင့်အယှက်များကို ဖယ်ရှားရန်၊ တံခါးဖွင့်လှစ်မှုရှိပြီး အားလုံးပါဝင်နိုင်သော ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့အကျိုးကို ဖော်ဆောင်ရန်၊ တရုတ်-အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းရေးကို အတူတကွ တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မိုဒီက အိန္ဒိယဘက်အနေဖြင့် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာလိုက်နာကြောင်း၊ တရုတ်နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် တတိယအဖွဲ့အစည်း၏ လွှမ်းမိုးမှု မရှိကြောင်းနှင့် အိန္ဒိယဘက်အနေဖြင့် အိန္ဒိယနိုင်ငံတွင် မည်သည့်အင်အားစုကိုမျှ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခွင့်မပြုထားဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဝန်ကြီးချုပ် မိုဒီ၏ ဤအရေးပါသော သဘောထားပြောကြားချက်ကို အလေးထားကြောင်း ၎င်းက ပြောကြားခဲ့သည် ။

နှစ်နိုင်ငံခေါင်းဆောင်တို့က တရုတ်နှင့် အိန္ဒိယတို့သည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးကြီးသောအဖွဲ့ဝင်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အကြီးမားဆုံးသော ဘုံဆခွဲကိန်းအဖြစ် အာရုံစိုက်သင့်ကာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှုများနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လျက် နှစ်နိုင်ငံဆက်ဆံရေး၏ ပြည်သူ့သဘောထား အခြေခံအုတ်မြစ်ကို ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်သင့်ကြောင်း တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။

အပြန်အလှန် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ စိုးရိမ်မှုများကို မျှတစွာဖြေရှင်းကာ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်လည်း သဘောတူညီခဲ့ကြကြောင်း၊ နှစ်ဖက်စလုံးက အပြန်အလှန်က BRICS အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်းကို အပြန်အလှန်ပံ့ပိုးရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ ကမ္ဘာကြီး ဗဟုဝင်ရိုးအသွင်ပြောင်းလဲရေးကို မြှင့်တင်ရန်နှင့် မတည်ငြိမ်လှုပ်ခတ်သောကမ္ဘာကြီးတွင် တည်ငြိမ်ပြီး တိုးတက်သော အင်အားစုအဖြစ် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း၊ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရုတ်-အိန္ဒိယကြား ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်စီမံရန်နှင့် နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းရန်လည်း တညီတညွတ်တည်း သဘောတူညီခဲ့ကြကြောင်း ၎င်းကဆိုခဲ့သည်။

“တရုတ်-အိန္ဒိယဆက်ဆံရေးရဲ့ ကောင်းမွန်တိုးတက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှစ်နိုင်ငံမှ လူဦးရေ ၂.၈ ဘီလီယံကျော်က ကြိုဆိုရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရေးအတွက် ကျိုးကြောင်းဆီလျော်ပြီး မရှိမဖြစ် လိုအပ်သော ခြေလှမ်းတစ်ရပ်လည်းဖြစ်တယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။

“နှစ်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ တရုတ်-အိန္ဒိယ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်ကို ထပ်မံသတ်မှတ် ဦးဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံနဲ့အတူ နှစ်နိုင်ငံခေါင်းဆောင်တို့ရဲ့ အရေးကြီး သဘောတူညီမှုများကို အကောင်အထည်ဖော်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုစာရင်းများ အဆက်မပြတ်တိုးပွားလာစေဖို့၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများကို နီးကပ်စေဖို့၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့၊ နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးဖို့၊ အပြန်အလှန် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြန်လည်ရှင်သန်မှုကို ပံ့ပိုးဖို့၊ ဒေသတွင်းကနေ ကမ္ဘာတစ်ဝန်းလုံး ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အတူတကွ ပံ့ပိုးကူညီပေးသွားဖို့ ဆန္ဒရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

...........................

(Chinese Version)

外交部:新德里会晤是中印领导人对两国关系发展的“再确认”

新华社北京9月14日电(记者吴梦桐、曹嘉玥)9月12日,国家主席习近平在印度新德里出席金砖国家领导人第十八次会晤期间会见印度总理莫迪。外交部发言人郭嘉昆14日在例行记者会上表示,习近平主席同莫迪总理已经连续三年成功举行会晤。如果说喀山和天津会晤是引领中印关系“再出发”“再提升”,那么新德里会晤就是两国领导人对中印关系发展的“再确认”。会晤达成的最重要共识就是中印要做伙伴。  

郭嘉昆表示,习近平主席指出,中印两国国情不同,完全可以取长补短、相互支持、彼此成就、共同发展。双方要以客观理性的战略认知校准方向,以合作共赢的理念相互成就,以互尊互谅的政治智慧排除干扰,以开放包容的多边协作兼济天下,共同推动中印关系行稳致远。莫迪总理表示,印方坚持独立自主的外交政策,发展对华关系不受第三方影响,印方不允许任何势力在印从事反华活动。中方重视莫迪总理作出的重要表态。  

郭嘉昆说,两国领导人一致同意,中印作为世界上人口最多的两个国家和全球南方重要成员,应聚焦发展这个最大公约数,加强友好交往和互利合作,改善两国关系民意基础。平衡解决彼此经贸关切,推动两国经贸关系健康稳定发展。双方同意相互支持彼此担任金砖主席国,推动全球南方合作,促进世界多极化,做动荡世界中的稳定进步力量。同时,两国领导人一致同意妥善处理中印之间的矛盾和分歧,共同维护边境地区和平安宁。  

“中印关系的改善发展不仅受到双方28亿多人民欢迎,也是加强全球南方合作的应有之义。”郭嘉昆说,“两国领导人已再次为中印关系发展领航定向,中方愿同印方共同落实好两国领导人达成的重要共识,不断拉长合作清单、密切人文交流、深化多边协作,推动两国关系持续改善发展,支持彼此发展振兴,共同为地区乃至世界和平与繁荣作贡献。”(完)

图说:当地时间9月12日下午,国家主席习近平在印度新德里出席金砖国家领导人第十八次会晤期间会见印度总理莫迪。 新华社记者 王晔 摄