တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် မြူးနစ်လုံခြုံရေးဆွေးနွေးပွဲ ပြင်ပ၌ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းန် နိုရယ်လ် ဘားရော့နှင့် သီးခြားတွေ့ဆုံနေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် မြူးနစ်လုံခြုံရေးဆွေးနွေးပွဲ ပြင်ပ၌ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းန် နိုရယ်လ် ဘားရော့နှင့် သီးခြားတွေ့ဆုံနေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းန် နိုရယ်လ် ဘားရော့၏ ပန်ကြားချက်အရ စက်တင်ဘာ ၁၄ ရက်၌ တယ်လီဖုန်းဖြင့် အပြန်အလှန် ဆက်သွယ်ဆွေးနွေးခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးမှုအတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ပြင်သစ် ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ရှုပ်ထွေး၍ တည်ငြိမ်မှုမရှိသော နိုင်ငံတကာ အခင်းအကျင်းနှင့် ရင်ဆိုင်ရချိန်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် ပြင်သစ်တို့သည် မဟာဗျူဟာမြောက် ဆက်သွယ်ဆွေးနွေးမှုကို ခိုင်မာအားကောင်းစေကာ အန္တရာယ်များနှင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းသင့်သည်ဟု ဝမ်က ပြောသည်။

ယခုလတွင် ပြင်သစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ တာဝန်များကို သယ်ပိုးထမ်းဆောင်ရာတွင် တရုတ်နိုင်ငံက တက်ကြွစွာ ထောက်ခံအားပေးလျက်ရှိသကဲ့သို့ လုံခြုံရေးကောင်စီအနေဖြင့် သင့်လျော်သည့်အခန်းကဏ္ဍမှ အားဖြည့်ပါဝင်နိုင်ရေးအတွက် ပြင်သစ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း မျှော်လင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ဆက်လက်၍ ဝမ်က တရုတ်တစ်နိုင်ငံတည်းမူဝါဒမှာ တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ် ဖြစ်သည်ဟု ဝမ်က အလေးပေးပြောကြားခဲ့ကာ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာသော လက်တွေ့လုပ်ရပ်များဖြင့် လက်ကိုင်ပြုကျင့်သုံးရန်၊ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် တရားဝင်ထိတွေ့ဆက်ဆံရေး ပုံစံဟူသမျှကို ရှောင်ကြဉ်ကာ "ထိုင်ဝမ်သီးခြားခွဲထွက်ရေး" အင်အားစုများကို မှားယွင်းသော အချက်ပြမှုများ မပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် မိမိတို့၏ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကာ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုကို ဆက်လက်ဖော်ဆောင်ခြင်း၊ အပြန်အလှန်ပွင့်လင်းမှုကို ထိန်းသိမ်းခြင်း၊ လက်ရှိ ကုန်သွယ်စီးပွားဆိုင်ရာ သဘောထားကွဲလွဲမှုများကို အပြုသဘောဆောင်သော ဆွေးနွေးမှုများဖြင့် သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်သည့်အပြင် ထိပ်တိုက်ရင်ဆိုင်မှု အရှိန်မြင့်တက်မလာအောင် ရှောင်ကြဉ်ရမည်ဟုလည်း ဝမ်က ပြောသည်။

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒက ဥရောပ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်မဟုတ်ဘဲ စားသုံးသူများအား အရည်အသွေးမြင့်မား၍ ဈေးနှုန်းသင့်တင့်သည့် ကုန်ပစ္စည်းများ လက်လှမ်းမီရရှိနိုင်ခွင့် ဆုံးရှုံးစေခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်စေခြင်းနှင့် အစိမ်းရောင်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာစေခြင်းတို့ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဈေးကွက်များအနက် တစ်ခုအပါအဝင်ဖြစ်ကာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် EU အတွက် စိန်ခေါ်မှုမဟုတ်ဘဲ အခွင့်အလမ်းသာဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် အမြော်အမြင်ရှိသည့် နိုင်ငံကြီးဖြစ်သည့်အလျောက် ပြင်သစ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ (EU) အား တရုတ်နိုင်ငံနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုက်တွန်းအားပေးရာတွင် လက်တွေ့ကျပြီး ကျိုးကြောင်းမျှတသည့် ချဉ်းကပ်မှုကို ကျင့်သုံးရန်၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုတည့်မတ်မှန်ကန်စွာ ရှုမြင်သုံးသပ်ရန်၊ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး တည်ငြိမ်အောင် မြှင့်တင်ရာတွင် အပြုသဘော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ဝမ်က ပြောသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260915/6ec6a42bfd0241889ddf37797b84b4a3/c.html

..................................

(English Version)

Chinese, French FMs discuss ties, int'l issues over phone

BEIJING, Sept. 14 (Xinhua) -- Chinese Foreign Minister Wang Yi on Monday held a phone conversation with French Foreign Minister Jean-Noel Barrot at the latter's request, discussing bilateral relations and international issues.

During the talks, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that under the strategic guidance of the two heads of state, China-France relations have generally maintained stable development dynamics.

Facing a complex and volatile international landscape, China and France, as permanent members of the UN Security Council, should strengthen strategic communication and jointly address risks and challenges, Wang said.

China actively supports France in fulfilling its responsibilities as the rotating president of the UN Security Council this month and looks forward to France's efforts to ensure that the council plays its due role, Wang said.

Wang stressed that the one-China principle is the political foundation of the China-France comprehensive strategic partnership, expressing hope that the French side will uphold the one-China principle through concrete actions, refrain from any form of official engagement with China's Taiwan, and send no wrong signal to "Taiwan independence" forces.

China and the European Union (EU) should remain committed to their partnership, pursue mutually beneficial cooperation and win-win, maintain mutual openness, properly resolve current economic and trade frictions through constructive dialogue, and avoid escalating confrontation, Wang said.

Protectionism will not enhance Europe's competitiveness but will instead deprive consumers of high-quality and affordable products, drive up inflation and hamper the process of green transition, he added.

Noting that China is one of the world's largest markets and that China's development presents an opportunity rather than a challenge for the EU, Wang expressed hope that France, as a major country with a strategic vision, will take a pragmatic and rational approach in encouraging the EU to work with China in the same direction, view China's development more accurately, and play a positive role in promoting the stability of China-EU relations.

https://english.news.cn/20260915/6ec6a42bfd0241889ddf37797b84b4a3/c.html

Photo caption: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with French Foreign Minister Jean-Noel Barrot on the sidelines of the Munich Security Conference in Munich, Germany, Feb. 13, 2026. (Xinhua/Du Zheyu)