ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် ၂၀၂၂ Copa do ဘရာဇီးဖိုင်နယ်ပွဲစဉ်၌ ဖလာမင်ဂိုအသင်းမှ ပက်ဒရို (ဘယ်) နှင့် ကိုရင်သီယန်စ်အသင်းမှ ကားလို့စ်ဂီဘာတိုတို့ ယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် ၂၀၂၂ Copa do ဘရာဇီးဖိုင်နယ်ပွဲစဉ်၌ ဖလာမင်ဂိုအသင်းမှ ပက်ဒရို (ဘယ်) နှင့် ကိုရင်သီယန်စ်အသင်းမှ ကားလို့စ်ဂီဘာတိုတို့ ယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဘရာဇီးလိဂ် အမှတ်ပေးဇယားတွင် ဦးဆောင်နေသည့် ဖလာမင်ဂိုအသင်းသည် စက်တင်ဘာ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ဘရာဇီးစီးရီးအေပွဲစဉ်တွင် ဘရူနိုဟင်နရစ်ချ်၏ ပွဲပြီးခါနီးသွင်းယူခဲ့သောဂိုးကြောင့် ကိုရင်သီယန်စ်အသင်းကို အိမ်ကွင်းတွင် ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

တစ်ဖက်အသင်း၏ ဖျက်ထုတ်ရာမှ လမ်းချော်လာသောဘောလုံးကို Lucas Paqueta က ထိန်းယူ၍ ဂိုးတိုင်အပေါ်ဘက်ဆီသို့ အပြင်းကန်သွင်းကာ ကိုရင်သီယန်စ်အသင်းဘက်မှ အဖွင့်ဂိုး စတင်ရယူခဲ့သည်။

ညာတောင်ပံမှ Kaio Cesar ၏ ဖြတ်တင်ပေးပို့လိုက်သောဘောလုံးကို ဆယ်ကျော်သက်ကစားသမား Guilherme က အနီးကပ်လျှောထိုးသွင်းကာ ဖလာမင်ဂိုအသင်း ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့သည်။

ပွဲကစားချိန် ၈၉ မိနစ်အရောက်တွင်မူ  Joaquin Freitas ဖြတ်တင်ပေးလိုက်သောဘောလုံးကို ဂိုးဧရိယာ ခြောက်ကိုက်စည်းအစပ်မှ Henrique က  အားပြင်းသောခေါင်းတိုက်ချက်ဖြင့် သွင်းယူခဲ့ရာ ဖလာမင်ဂိုအသင်း ဦးဆောင်ဂိုး ပြန်လည်ရရှိခဲ့သည်။

မာရာကာနာကွင်းတွင် ရရှိခဲ့သည့်ရလဒ်ကြောင့် ဖလာမင်ဂိုအသင်းသည်  ၅၇ မှတ်ရရှိကာ ဒုတိယနေရာမှ ပါလ်မီးရက်စ်အသင်းထက် ၁ မှတ် အသာဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းထားသည်။ ကိုရင်သီယန်စ်အသင်းမှာ အဆင့် ၁၃ နေရာတွင်ရောက်ရှိနေပြီး ဖလာမင်ဂိုထက်  ၂၅ မှတ် လျော့နည်းလျက်ရှိသည်။

စက်တင်ဘာ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သော အခြား ဘရာဇီးထိပ်တန်းလိဂ်ပွဲစဉ်တွင် မီရာဆောလ်အသင်းသည် ပွဲကစားချိန် ၉၁ မိနစ်အရောက် အက်ဒ်ဆန်ကာရီအိုကာ၏ချေပဂိုးကြောင့် ဗစ်တိုးရီးယားအသင်းကို အိမ်ကွင်းတွင် ၂-၂ ဂိုး သရေ ရလဒ် ခက်ခက်ခဲခဲရရှိခဲ့သည်။ (Xinhua)

......................

(English Version)

Flamengo edges Corinthians to stay top in Brazil

RIO DE JANEIRO, Sept. 13 (Xinhua) -- Bruno Henrique scored late as leader Flamengo clinched a 2-1 home win over Corinthians in Brazil's Serie A on Sunday.

Lucas Paqueta opened the scoring by taking a touch to control an errant clearance before rifling a shot into the roof of the net.

Teenager Guilherme slid home a close-range equalizer following Kaio Cesar's delivery from the right flank.

Flamengo restored its lead in the 89th minute when Henrique latched on to Joaquin Freitas' cross with a thumping header from the edge of the six-yard box.

The result at the Maracana leaves Flamengo with 57 points, a point clear of second-placed Palmeiras, while Corinthians is 13th, 25 points further back.

Elsewhere in Brazil's top flight on Sunday, Edson Carioca scored a 91st-minute equalizer as Mirassol salvaged a 2-2 home draw with Vitoria.

Photo caption: Pedro (L) of Flamengo vies with Carlos Gilberto of Corinthians during the final of the Copa do Brasil 2022 in Rio de Janeiro, Brazil, Oct. 19, 2022. (Xinhua/Wang Tiancong)