အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ဂျာမနီနိုင်ငံမှ အလက်ဇန်းဒါး ဇဲဗရက်ဗ်နှင့် အမေရိကန်နိုင်ငံမှ ဘင်ရှယ်လ်တန်တို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ အလက်ဇန်းဒါး ဇဲဗရက်ဗ် ချန်ပီယံဆုဖလားကိုင်မြှောက်နေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ဂျာမနီနိုင်ငံမှ အလက်ဇန်းဒါး ဇဲဗရက်ဗ်နှင့် အမေရိကန်နိုင်ငံမှ ဘင်ရှယ်လ်တန်တို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ အလက်ဇန်းဒါး ဇဲဗရက်ဗ် ချန်ပီယံဆုဖလားကိုင်မြှောက်နေစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၌ ဂျာမနီနိုင်ငံမှ အလက်ဇန်းဒါး ဇဲဗရက်ဗ် (ဆီဒင်-၁) က အိမ်ရှင်ပရိသတ်များ၏ အချစ်တော် ဘင်ရှယ်လ်တန်ကို ၆-၃၊ ၇-၆ (၂)၊ ၅-၇၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။

ယခုအောင်ပွဲမှာ ယခုနှစ်အစောပိုင်းက ရိုလန်ဂါးရို့စ် (ပြင်သစ်အိုးပင်း) တွင် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် ဇဲဗရက်ဗ်အတွက် ဒုတိယမြောက် ဂရင်းစလင်း အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုလည်းဖြစ်သည်။

ဇဲဗရက်ဗ်မှာ ရှယ်လ်တန်နှင့် ယခင်ထိပ်တိုက်တွေ့ဆုံခဲ့သည့် ငါးကြိမ်စလုံးတွင် အနိုင်ရရှိထားပြီး ယခုပွဲစဉ်၌လည်း ပထမပွဲလတ်တွင် ၆-၃ ဖြင့် အနိုင်ရရှိကာ ပွဲအစကတည်းကပင် လက်စွမ်းကောင်းပြသခဲ့သည်။

ရှယ်လ်တန် (ဆီဒင်-၈) က ဒုတိယပွဲလတ်တွင် ပြန်လည်တုံ့ပြန်ကစားနိုင်ခဲ့ပြီး ပွဲပိုအထိ ဆွဲခေါ်နိုင်ခဲ့သော်လည်း ဇဲဗရက်ဗ်ကပင် ၇-၆ (၂) ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် အမေရိကန်ကစားသမားက ပထမစပေးဘောမှ ရမှတ် ၉၀ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ကာ တတိယပွဲလတ်တွင် ၇-၅ ဖြင့် အနိုင်ရရှိသွားခဲ့သည်။

စတုတ္ထပွဲလတ်တွင် အသက် ၂၉ နှစ်အရွယ် ဇဲဗရက်ဗ်က ရှယ်လ်တန်အား စပေးဘောမှ အမှတ်ယူနိုင်မည့် အခွင့်အရေးအနည်းငယ်သာ ပေးခဲ့ရပြီး ၆-၂ ဖြင့် ပွဲသိမ်းနိုင်ခဲ့သည်။

"ကျွန်တော်တို့ ဂရင်းစလင်းဆုဖလား မရဘဲ နှစ် ၃၀ တောင် ဖြတ်သန်းခဲ့ရပြီး အခုဆိုရင်တော့ သုံးလအတွင်းမှာ ဆုဖလားနှစ်လုံးတောင် ဆွတ်ခူးနိုင်ခဲ့ပါပြီ" ဟု ပွဲအပြီးတွင် ဇဲဗရက်ဗ်က ၎င်း၏နည်းပြအဖွဲ့အား ပြောကြားခဲ့သည်။ "၂၀၂၆ ခုနှစ်ဟာ လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့မှုတွေရဲ့ အသီးအပွင့်ရလဒ်ပါပဲ" ဟုလည်း ၎င်းက ပြောသည်။ (Xinhua)

..................................

(English Version)

Zverev beats Shelton to claim men's singles title at US Open

NEW YORK, Sept. 13 (Xinhua) -- Top seed Alexander Zverev of Germany beat home favorite Ben Shelton 6-3, 7-6 (2), 5-7, 6-2 in the US Open men's singles final on Sunday.

The victory marked Zverev's second Grand Slam singles title after his triumph at Roland Garros earlier this year.

Zverev had won all five of his previous meetings with Shelton and made a strong start, taking the opening set 6-3.

Eighth-seeded Shelton responded in the second set and forced a tiebreak, but Zverev prevailed 7-6 (2). The American then won 90 percent of points on his first serve to take the third set 7-5.

In the fourth, the 29-year-old Zverev gave Shelton few opportunities to break and sealed the victory 6-2.

"We went 30 years without winning a Grand Slam and now we won two in the span of three months," Zverev said to his team after the match. "I think 2026 is the outcome of all the years that happened before."

Photo caption 1: Alexander Zverev holds the trophy during the awarding ceremony after the men's singles final match between Alexander Zverev of Germany and Ben Shelton of the United States at the 2026 US Open tennis championships in New York, the United States, Sept. 13, 2026. (Xinhua/Li Rui)

Photo caption 2: Alexander Zverev (R) of Germany and Ben Shelton of the United States pose for photos during the awarding ceremony after their men's singles final match at the 2026 US Open tennis championships in New York, the United States, Sept. 13, 2026. (Xinhua/Li Rui)