ဂျပန်နိုင်ငံ ဂိဖုမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တရုတ်အသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (အိုင်ချိ-နာဂိုယာ) ၂၀၂၆ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု-G ပွဲစဉ်၌ တရုတ်အသင်းမှ လီချင်ထုန် (ဝဲ) နှင့် ဥဇဘက်ကစ္စတန်အသင်းမှ လေလာ အိုရာနီယာဇိုဗာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဂိဖုမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တရုတ်အသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (အိုင်ချိ-နာဂိုယာ) ၂၀၂၆ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု-G ပွဲစဉ်၌ တရုတ်အသင်းမှ လီချင်ထုန် (ဝဲ) နှင့် ဥဇဘက်ကစ္စတန်အသင်းမှ လေလာ အိုရာနီယာဇိုဗာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

နာဂိုယာ၊ ဂျပန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် တရုတ်အသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ စက်တင်ဘာ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့သည့်အတွက် တရုတ်အသင်းအနေဖြင့် တစ်ပွဲကစားရန် ကျန်ရှိချိန်တွင် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

တရုတ်အသင်းနည်းပြ အန်တိုနီ မီလီဆစ်ခ်က အဖွင့်ပွဲစဉ်၌ တရုတ် (ဟောင်ကောင်) အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲထွက်လူစာရင်းကို ၈ နေရာအထိ အပြောင်းအလဲပြုလုပ်ထားကာ ထိုပွဲစဉ်၌ ကိုယ်တိုင်နှစ်ဂိုး သွင်းယူခဲ့သလို ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည့် ဝမ်စွမ်းကိုလည်း ယခုပွဲစဉ်၌ အရန်ခုံတွင်သာ ထားရှိခဲ့သည်။

“သံမဏိနှင်းဆီများ” ဟု တင်စားခေါ်ဝေါ်ခံရသည့် တရုတ်အမျိုးသမီးအသင်းအနေဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကာ ဂိုးသွင်းခွင့်အများအပြား ဖန်တီးနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၄၂ မိနစ်တွင် ဥဇဘက်ကစ္စတန်အသင်းမှ ခိုလီဒါ ဒါဒါဘိုယေဗာက လျှံထွက်လာသည့်ဘောလုံးကို ခေါင်းတိုက်၍ အဖွင့်ဂိုး သွင်းယူခဲ့သည်။

ဒုတိယပိုင်းပြန်စချိန်တွင် ဝမ်စွမ်း လူစားဝင်လာပြီးနောက် တရုတ်အသင်း၏ တိုက်စစ်မှာ ပိုမိုအားကောင်းလာခဲ့ပြီး ပွဲချိန် ၇၁ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဝမ်ယန်ဝန်က ဂိုးဧရိယာထဲသို့ ခေါင်းတိုက်ချပေးခဲ့ရာ ကျန်းလျင်ယန့် က အပိုင်ခေါင်းတိုက်၍ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။

နှစ်မိနစ်အကြာတွင် ဝမ်က ပင်နယ်တီဧရိယာအပြင်ဘက်၌ ပြိုင်ဘက်နောက်ခံလူများကို လိမ်ခေါက်ကျော်ဖြတ်ကာ ဆွဲပြေးလာရင်း အဝေးကန်ချက်ဖြင့် ကန်သွင်းခဲ့သော်လည်း ဂိုးဘားတန်းကိုသာ ထိမှန်ခဲ့သည်။

ပွဲပြီးခါနီးတွင် တရုတ်အသင်းက ဆက်တိုက်ဖိကစားခဲ့သော်လည်း ဥဇဘက်ကစ္စတန်အသင်းက အကောင်းဆုံး ပိတ်ဆို့ကာကွယ်နိုင်ခဲ့သဖြင့် သရေ ရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။

ယခုပွဲစဉ်၌ တရုတ်အသင်းက ဂိုးပေါက်တည့်ကန်ချက် ၁၀ ကြိမ် အပါအဝင် ဂိုးကန်သွင်းမှု ၂၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဥဇဘက်ကစ္စတန်အသင်းကမူ ဂိုးကန်သွင်းမှု ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ကာ ဂိုးပေါက်တည့်မှု ၃ ကြိမ်သာ ရှိခဲ့သည်။

"ဒီပွဲမှာ အနိုင်မရခဲ့တာက ကျိန်းသေပေါက် စိတ်ပျက်စရာပါပဲ။ ဒါပေမဲ့ ဟန်ချက်ညီညီကစားနိုင်တဲ့ ရှုထောင့်အရကြည့်ရင် ဂိုးတွေသွင်းပြီး ပွဲကိုအနိုင်ရဖို့ အခွင့်အရေးတွေ အလုံအလောက် ဖန်တီးနိုင်ခဲ့ပါတယ်" ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲ၌ နည်းပြ မီလီဆစ်ခ်က ပြောကြားခဲ့သည်။

ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အများအပြား ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မီလီဆစ်ခ်က ၂ ရက်သာ အနားယူချိန်ရခဲ့သည့်အတွက် လန်းဆန်းအားမာန်ပြည့်သည့် ကစားသမားများကို လိုအပ်နေသလို ယခုပြိုင်ပွဲ၌ အခြားကစားသမားများကိုလည်း နိုင်ငံတကာအတွေ့အကြုံ ရရှိစေလိုခြင်းကြောင့် ဖြစ်သည်ဟု မီလီဆစ်က ပြောကြားခဲ့သည်။

ယခုရလဒ်ကြောင့် စက်တင်ဘာ ၂၁ ရက်၌ ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် အုပ်စုနောက်ဆုံးပွဲစဉ်အတွက် အသင်း၏ ချဉ်းကပ်ပုံကို သက်ရောက်မှုရှိစေမည် မဟုတ်ဟု မီလီဆစ်ခ်က ဖြည့်စွက်ပြောကြားသည်။

"ကျွန်တော်တို့ နောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ပဲ ဦးတည်ကစားခဲ့တာ မဟုတ်ပါဘူး။ ပွဲစဉ်တိုင်းကို အနိုင်ကစားဖို့ ရည်မှန်းထားတာပါ" ဟုလည်း ၎င်းက ပြောသည်။ (Xinhua)

..................................

(English Version)

Asian Games | China held by Uzbekistan in Asian Games women's football

NAGOYA, Japan, Sept. 17 (Xinhua) -- China drew 1-1 with Uzbekistan in the second round of the women's football group stage at the Aichi-Nagoya Asian Games on Thursday, missing the chance to secure a place in the knockout stage with one game to spare.

China head coach Antony Milicic made eight changes to the starting lineup after his side's 5-1 win over Hong Kong, China, in the opening round, in which Wang Shuang scored twice and provided two assists. Wang started on the bench on Thursday.

The Steel Roses dominated possession and created numerous chances, but Uzbekistan took the lead in the 42nd minute when Kholida Dadaboeva headed home a rebound.

Wang came on after halftime, and China's attack gained momentum. In the 71st minute, Wang Yanwen headed the ball back across goal from a worked corner, allowing Zhang Linyan to head home the equalizer.

Two minutes later, Wang dribbled past several defenders outside the penalty area before striking the crossbar with a long-range effort.

China continued to press in the closing stages, but Uzbekistan defended resolutely to hold on for a draw.

China registered 24 shots, including 10 on target, compared with Uzbekistan's five attempts, three of which were on target.

"Disappointed, of course, not to win the game, but probably for us, looking on the balance of play, we created enough chances to score some goals and win the game," Milicic said at the post-match press conference.

Explaining the extensive rotation, Milicic said the team needed fresh players after only two days of rest and that the tournament also provided an opportunity to give more players international experience.

Milicic added that the result would not change the team's approach to its final group match against the Philippines next Monday.

"We didn't look at securing qualification into the next round. We look at playing every game to win," he said.

Photo caption 1: Li Qingtong (L) of China vies with Leyla Oraniyazova of Uzbekistan during the group G match of Women's Football between China and Uzbekistan at the 20th Asian Games Aichi-Nagoya 2026 in Gifu, Japan, Sept. 17, 2026. (Xinhua/Jia Haocheng)

Photo caption 2: Li Qingtong (3rd R) of China heads for the ball with Maftuna Jonimqulova of Uzbekistan during the group G match of Women's Football between China and Uzbekistan at the 20th Asian Games Aichi-Nagoya 2026 in Gifu, Japan, Sept. 17, 2026. (Xinhua/Jia Haocheng)