ကာတာနိုင်ငံ ဒိုဟာမြို့တွင်ကစားခဲ့သည့် ပေါ်တူဂီနှင့် သြစတြီးယားအသင်းတို့၏ ၂၀၂၅ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အနိုင်ရပြီးနောက် ချန်ပီယံဆုဖလားနှင့်အတူ အောင်ပွဲခံနေကြသည့် ပေါ်တူဂီကစားသမားများကို ၂၀၂၅ နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ကာတာနိုင်ငံ ဒိုဟာမြို့တွင်ကစားခဲ့သည့် ပေါ်တူဂီနှင့် သြစတြီးယားအသင်းတို့၏ ၂၀၂၅ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အနိုင်ရပြီးနောက် ချန်ပီယံဆုဖလားနှင့်အတူ အောင်ပွဲခံနေကြသည့် ပေါ်တူဂီကစားသမားများကို ၂၀၂၅ နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဒိုဟာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံ၌ ကျင်းပမည့် ၂၀၂၆  ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်အသင်း နုတ်ထွက်သွားပြီးနောက် ဒိုမီနီကန်သမ္မတနိုင်ငံအသင်းက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖီဖာက နိုဝင်ဘာ ၁၂ ရက်တွင်် ကြေညာခဲ့သည်။

အမေရိကန်အသင်းသည် အရှေ့အလယ်ပိုင်းဒေသရှိလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကြောင့် ပြိုင်ပွဲမှနုတ်ထွက်သွားခြင်းဖြစ်ကြောင်း ဖီဖာက အတည်ပြုပြောကြားခဲ့သည်။

ပြိုင်ပွဲစည်းမျဉ်းများအရ အသင်းတစ်သင်းနုတ်ထွက်သွားပါက အစားထိုးအသင်းတစ်သင်းကို ကစားခွင့်ပေး၊ မပေး ဆိုသည့် ဆုံးဖြတ်ပိုင်ခွင့်မှာ ဖီဖာထံတွင်ရှိနေသည်။ ဒိုမီနီကန်သမ္မတနိုင်ငံအသင်းသည် ကွန်ကာကက်ဖ်ဇုန်ခြေစစ်ပွဲစဉ်များ၏ အုပ်စု E တွင် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိသော်လည်း အဆင့်အမြင့်ဆုံးမှ ရပ်တည်နိုင်ခဲ့သည့်အသင်း ဖြစ်သည်။

"ကွန်ကာကက်ဖ်နဲ့ဆွေး​နွေးတိုင်ပင်ပြီးနောက် ပြိုင်ပွဲစည်းမျဉ်းတွေနဲ့အညီ ဒိုမီနီကန်သမ္မတနိုင်ငံဘောလုံးအဖွဲ့ချုပ်အသင်းကို အစားထိုးပါဝင်ယှဥ်ပြိုင်ရမယ့်အသင်းအဖြစ် ဖီဖာရဲ့လူငယ်အမျိုးသားပြိုင်ပွဲကော်မတီကအတည်ပြုသတ်မှတ်ခဲ့ပါတယ်"ဟု FIFA၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒိုမီနီကန်သမ္မတနိုင်ငံအသင်းသည် အုပ်စု ၂ တွင် မွန်တီနီဂရိုး၊ ချီလီ၊ အယ်လ်ဂျီးရီးယားအသင်းများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိကျင်းပမည်ဖြစ်ပြီး အသင်း ၄၈ သင်းကို ၄ သင်းစီပါဝင်သည့် အုပ်စု ၁၂ ခု ခွဲခြားထားကာ ယှဥ်ပြိုင်စေမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၂ သင်းနှင့် အုပ်စုတတိယနေရာရအကောင်းဆုံး ၈ သင်း တို့က ရှုံးထွက်အဆင့်သို့ တက်ရောက်ကစားခွင့်ရမည်ဖြစ်သည်။ အစားထိုးဝင်ရောက်ယှဥ်ပြိုင်မည့်အသင်းရှိလာသော်လည်း ပြိုင်ပွဲပုံစံနှင့် အုပ်စုအဆင့်မှတက်မည့်စည်းမျဉ်းများမှာ ယခင်အတိုင်းပြောင်းလဲခြင်းမရှိပေ။

တရုတ်နိုင်ငံအသင်းက စပိန်၊ ဖီဂျီ၊မော်ရိုကိုအသင်းများနှင့်အတူ အုပ်စု H တွင် ကျရောက်နေပြီး နိုဝင်ဘာ ၂၀ ရက်တွင် စပိန်အသင်းနှင့် အုပ်စုအဖွင့်ပွဲစတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)

...........................

(English version)

Dominican Republic to replace U.S. at FIFA U-17 World Cup in Qatar

DOHA, Nov. 12 (Xinhua)

The Dominican Republic will play the 2026 FIFA U-17 World Cup in Qatar following the United States' withdrawal, FIFA announced on Thursday.

Football's global governing body confirmed that the U.S. had withdrawn from the tournament due to security concerns in the Middle East.

Under the competition regulations, FIFA has the discretion to decide whether to appoint a replacement team in the event of a withdrawal. The Dominican Republic had finished as the highest-ranked non-qualified team in Group E of the regional CONCACAF qualifying competition.

"Following consultation with CONCACAF, FIFA's Bureau of the Youth Boys' Competitions Committee confirmed the Dominican Republic Football Association as the replacement participating member association in accordance with the tournament regulations," read a FIFA statement.

The Dominican Republic will join Group J alongside Montenegro, Chile and Algeria.

The competition will run from November 19 to December 13, with 48 teams divided into 12 groups of four. The top two teams from each group, along with the eight best third-placed teams, will advance to the knockout stage. The tournament format and group-stage qualification rules will remain unchanged following the replacement.

China is drawn in Group H with Spain, Fiji and Morocco, and will open its campaign against Spain on November 20. ■

Photo caption: Players of Portugal celebrate with the trophy after winning the final match between Portugal and Austria at the FIFA U17 World Cup Qatar 2025 in Doha, Qatar, Nov. 27, 2025.(Photo by Nikku/Xinhua)