
နာဂိုယာ၊ ဂျပန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု-B အဖွင့်ပွဲစဉ်၌ တရုတ်အသင်းက မြောက်ကိုရီးယားအသင်းကို နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဝူရှီး နှင့် ကျန်းယွိနင်တို့က အပြန်အလှန် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သည်။
တရုတ်အသင်းအနေဖြင့် ယခုနှစ် AFC ယူ-၂၃ အာရှဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် အသင်းကို အခြေခံ၍ ပွဲထွက်လာခဲ့ခြင်းဖြစ်ကာ အသက်ကန့်သတ်ချက် ကျော်လွန်နေသော ကစားသမားများဖြစ်သည့် ကျန်းယွိနင်၊ ဝူနှင့် ကျူးချန်ကျယ် တို့က အသင်း၏ ဝါရင့်ထောက်တိုင်ကစားသမားများအဖြစ် အားဖြည့်ပါဝင်ခဲ့သည်။ ဝူမှာ ၂ နှစ်နှင့် ၈ လအကြာတွင် တရုတ်အသင်းအတွက် ပထမဆုံးအကြိမ် ပြန်လည်ပါဝင်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားအသင်းက ဘောလုံးပိုင်ဆိုင်မှုနှင့် ဂိုးပေါက်ကန်သွင်းမှုတို့တွင် အသာစီးရရှိခဲ့သော်လည်း ဘောလုံးပိုင်ဆိုင်မှု ၄၀ ရာခိုင်နှုန်းအောက်သာ ရှိခဲ့သည့် တရုတ်အသင်းက ဂိုးပေါက်တည့်ကန်ချက် ၅ ကြိမ် အပါအဝင် စုစုပေါင်းဂိုးကန်သွင်းမှု ၁၀ ကြိမ်အနက် ၂ ဂိုး သွင်းယူကာ အဆုံးသတ်ပိုင်း ပိုမိုသေချာမှုရှိသည်ကို သက်သေပြခဲ့သည်။
ပွဲစသည်နှင့် မြောက်ကိုရီးယားအသင်းက ပွဲကိုဦးဆောင်ကစားခဲ့ပြီး တရုတ်အသင်းကမူ တန်ပြန်တိုက်စစ်ကို အားပြုကစားရန် ကြိုးပမ်းခဲ့သည်။ ပွဲချိန် ၂၇ မိနစ်တွင် ချိုကွတ်က ပင်နယ်တီဧရိယာထဲမှ အပိုင်ကန်သွင်းကာ ဦးဆောင်ဂိုးစတင်သွင်းယူခဲ့သည်။
ပွဲချိန် ၄၄ မိနစ်တွင် ဝူ ဘယ်တောင်ပံမှ ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို ကျန်းယွိနင်က ခေါင်းတိုက်သွင်းယူခဲ့သဖြင့် တရုတ်အသင်း ချေပဂိုးရရှိခဲ့သည်။
ဒုတိယပိုင်းတွင်လည်း နှစ်သင်းစလုံးက ဂိုးသွင်းခွင့်များ ဆက်လက်ဖန်တီးနိုင်ခဲ့ရာ ပွဲချိန် ၆၈ မိနစ်တွင် တရုတ်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့သည်။ ပင်နယ်တီဧရိယာအစပ်နားမှ ကျန်း ခေါင်းတိုက်ချပေးသည့် ဘောလုံးကို ဝူက ချိန်သားကိုက်ပြေးဝင်၍ ရှေ့ထွက်လာသော ဂိုးသမား၏ ခေါင်းပေါ်မှကျော်ကာ သေသေသပ်သပ်မ၍ အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားအသင်းက ချေပဂိုးရရှိရေးအတွက် တိုက်စစ်မြှင့်လာခဲ့သလို တရုတ်အသင်းကလည်း ခံစစ်ပိုင်း ပိုမိုလုံခြုံစေရန် လူစားလဲမှုများ ပြုလုပ်ခဲ့သည်။ ပွဲချိန် မိနစ် ၉၀ တွင် အသင်းဂိုးသမား လီဟောက်က အရေးပါသော ဂိုးပေါက်ကာကွယ်မှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့သဖြင့် တရုတ်အသင်းက အနိုင်ရလဒ်ကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။ တရုတ်အသင်းအနေဖြင့် နောက်ထပ် အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် စက်တင်ဘာ ၂၀ ရက်တွင် အီရန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)
..................................
(English Version)
Wu, Zhang inspire China to comeback win over DPR Korea at Asian Games
NAGOYA, Japan, Sept. 16 (Xinhua) -- Wu Xi and Zhang Yuning set up a goal for each other as China came from behind to beat DPR Korea 2-1 in its opening men's football Group B match at the 2026 Asian Games on Wednesday.
China fielded a side built around the team that finished runner-up at this year's AFC U23 Asian Cup, with overage players Zhang, Wu and Zhu Chenjie forming an experienced spine. Wu was making his first appearance for a Chinese national side in two years and eight months.
DPR Korea held the edge in possession and shots, but China proved more clinical, scoring twice from 10 attempts, including five on target, despite having less than 40 percent of possession.
DPR Korea took the initiative from the outset, while China looked to counterattack. Choe Kuk broke the deadlock in the 27th minute with a finish from inside the penalty area.
China drew level in the 44th minute when Zhang rose to head home Wu's cross from the left.
Both sides continued to create chances after the break before China took the lead in the 68th minute. Zhang's headed layoff on the edge of the penalty area found Wu, who timed his run to lob the advancing goalkeeper.
DPR Korea stepped up its attacks in search of an equalizer, while China made substitutions to shore up its defense. Goalkeeper Li Hao produced a crucial save in the 90th minute to preserve China's lead.
China will face Iran in its next group match on September 20.
Photo caption 1: Wu Xi (3rd L) of China celebrates his goal during the group B match of men's football between China and the Democratic People's Republic of Korea (DPRK) at the 20th Asian Games Aichi-Nagoya 2026 in Kariya, Japan, Sept. 16, 2026. (Xinhua/Wu Zhizun)
Photo caption 2: Baihelamu Abuduwaili (R) of China competes against Jong Hwi Nam of the Democratic People's Republic of Korea (DPRK) during the group B match of men's football between China and the Democratic People's Republic of Korea (DPRK) at the 20th Asian Games Aichi-Nagoya 2026 in Kariya, Japan, Sept. 16, 2026. (Xinhua/Wu Zhizun)








