
အားထူရှန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားထူရှန်မြို့ ထူကူမိုင်ထီကျေးရွာစု ရီးတာလျန်ကျေးရွာတွင် မိသားစု "နယ်စပ်ကာကွယ်ရေး ပြတိုက်" တစ်ခုရှိရာ ထိုပြတိုက်သည် ထူအယ်သီ·ဝူစီးမန့် မိသားစု၏ မျိုးဆက်သုံးဆက်တိုင် နယ်စပ်ဒေသကို လက်ဆင့်ကမ်း ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းကို သက်ဝင်လှပစွာ ဖော်ပြလျက်ရှိသည်။
ထူအယ်သီ၏ ဖခင်ဖြစ်သူ ဝူစီးမန့်·ဆူယွင်သည် ဒေသတွင်း အစောဆုံး နယ်စပ်ကာကွယ်ရေး အဖွဲ့ဝင်များအနက်မှ တစ်ဦးဖြစ်သည်။ ငယ်စဉ်က ဖခင်ဖြစ်သူအား အဘယ်ကြောင့် နယ်စပ်ဒေသကို ကာကွယ်စောင့်ရှောက်ရသနည်းဟု မေးမြန်းခဲ့ဖူးရာ ဖခင်ဖြစ်သူက နယ်စပ်ဒေသကို ကာကွယ်စောင့်ရှောက်ခြင်းမှာ မိမိတို့၏ တာဝန်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်မှသာလျှင် အခြားကိစ္စရပ်အားလုံး ချောမောပြေပြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ဝူစီးမန့်သည် ဖျားနာမှုကြောင့် နယ်စပ်ဒေသမှ ထွက်ခွာခဲ့ရပြီး အသက် ၂၀ နှစ်မျှသာရှိသေးသော ထူအယ်သီက နယ်စပ်ဒေသကို ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို လွှဲပြောင်းရယူခဲ့သည်။ ထူအယ်သီက "အဖေက နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို ကျွန်တော့်ဆီ လွှဲပေးတဲ့အချိန်မှာ သူသုံးခဲ့တဲ့ မှန်ပြောင်းကိုပါ ပေးခဲ့တယ်၊ နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်တဲ့ ရိုးရာအစဉ်အလာကို ဆက်လက် လက်ဆင့်ကမ်းဖို့ ပြောခဲ့တယ်" ဟု ဆိုသည်။
၄၅ ကီလိုမီတာ ရှည်လျားသော နယ်စပ်မျဉ်း၊ ရာသီအလိုက် စီးဆင်းသော မြစ် ၂ စင်း၊ တောင်ကြားလမ်း ၄ ခုနှင့် မတ်စောက်သော တောင်တန်း ၁၆ သွယ်တို့သည် ထူအယ်သီ၏ လူမှုဘဝတွင် အရေးအကြီးဆုံးသော လမ်းညွှန်အမှတ်အသားများ ဖြစ်လာခဲ့သည်။ ၃၇ နှစ်တာကာလအတွင်း ၎င်းသည် ရော်ဘာဖိနပ်များစွာ ပေါက်ပြဲသည်အထိ စီးခဲ့ရသလို၊ ပြောက်ကျားကင်းလှည့်ဝတ်စုံ အများအပြားကိုလည်း စုတ်ပြတ်သည်အထိ ဝတ်ဆင်ခဲ့ရသည်။ ၎င်း၏ စံနမူနာပြမှုကြောင့် ဇနီးနှင့် သားဖြစ်သူတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် နယ်စပ်ကာကွယ်ရေး အဖွဲ့အတွင်းသို့ ပူးပေါင်းဝင်ရောက်လာခဲ့ကြသည်။
၂၀၂၂ ခုနှစ်တွင် ထူအယ်သီ·ဝူစီးမန့်သည် မိသားစု မျိုးဆက်သုံးဆက်တိုင် နယ်စပ်ဒေသကို လက်ဆင့်ကမ်း ကာကွယ်စောင့်ရှောက်စဉ် သုံးစွဲခဲ့သော ပစ္စည်းများကို သေချာစွာ ခင်းကျင်းပြသထားပြီး နေအိမ်၌ "နယ်စပ်ကာကွယ်ရေး ပြတိုက်" တစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းက ယခု "နယ်စပ်ကာကွယ်ရေး ပြတိုက်" ဆောက်လုပ်ခြင်းသည် ဖခင်ဖြစ်သူ၏ ဆန္ဒတစ်ခုဖြစ်ကြောင်း၊ ဖခင်ဖြစ်သူက ၎င်းတို့အား နယ်စပ်ဒေသကို အစဉ်အမြဲ ကောင်းမွန်စွာ စောင့်ရှောက်စေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
------------------------------------------
(Chinese Version)
万里边疆行|吐尔地和他的“护边博物馆”
在新疆阿图什市吐古买提乡依达良村,有一座家庭“护边博物馆”,生动讲述着吐尔地·吾斯曼一家三代接力护边的故事。
吐尔地的父亲吾斯曼·苏云是当地最早的护边员之一。小时候他曾问过父亲为什么要护边,父亲说护边是我们的责任,只有边境安全稳定了,其他所有的事情都会顺顺利利。
1989年,吾斯曼因病离开边境,刚满20岁的吐尔地接过了守边重任。吐尔地说:“爸爸把护边任务交给我的时候,把他的望远镜也给了我,让我把护边守边的传统传下去。”
45公里边境线、两条季节性河流、4个山口和16座陡峭山岭,成了吐尔地生活中最重要的坐标。37年来,他穿坏了许多双胶鞋,磨破了多件迷彩服。在他的影响下,妻子与儿子也相继加入护边员队伍。
2022年,吐尔地·吾斯曼将三代人护边巡边时使用的物品进行了精心陈列,在家里打造出一座“护边博物馆”。他说,建这个“护边博物馆”是父亲的心愿,父亲希望我们一直守护好边境。
图说 1 : 吐尔地·吾斯曼在家庭“护边博物馆”中整理老物件(8月30日摄)。新华社记者 宿传义 摄
图说 2 : 吐尔地·吾斯曼在护边巡逻中观察远方(8月30日摄)。新华社记者 宿传义 摄








