တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟေးဟယ်ရေကြောင်းခရီးသည်စစ်ဆေးရေးဂိတ်၌ ပူးတွဲစစ်ဆေးရေးခန်းမဆီသို့ ပြည်ဝင်လာကြသော နိုင်ငံခြားသားခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟေးဟယ်ရေကြောင်းခရီးသည်စစ်ဆေးရေးဂိတ်၌ ပူးတွဲစစ်ဆေးရေးခန်းမဆီသို့ ပြည်ဝင်လာကြသော နိုင်ငံခြားသားခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟေးဟယ်(ဟေးလုံကျန်း)၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်-ရုရှား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စတင်ကျင့်သုံးပြီးကတည်းက တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟေးဟယ်နယ်စပ်ဂိတ်တွင် လူပုဂ္ဂိုလ်များ နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာမှုမှာ ပိုမိုစည်ကားလာခဲ့သည်။

စက်တင်ဘာ ၁၄ ရက်တွင် ဟေးဟယ် ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဝင်ရောက်လာသော ရုရှားနိုင်ငံသား ခရီးသည်တစ်ဦးအတွက် နယ်စပ်ဖြတ်ကျော် ဝင်ထွက်ခွင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးစီးခဲ့သည်နှင့်အမျှ ယခုနှစ်အတွင်း ဟေးဟယ်နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်ကျော် ခရီးသည် အကြိမ်ရေ ၁ သန်း ကျော်သွားခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၅၆.၁၈ ရာခိုင်နှုန်း တိုးတက်ကာ သမိုင်းတွင် အမြင့်ဆုံးစံချိန်သစ် တင်နိုင်ခဲ့သည်။ (Xinhua)  

...................................

(Chinese Version)

黑龙江黑河口岸出入境旅客破百万 创历史同期新高

新华社照片,黑河(黑龙江),2026年9月14日

中俄互免签证政策实施以来,黑龙江黑河口岸人员跨境往来更加活跃。9月14日,随着黑河出入境边防检查站民警为一名入境的俄罗斯籍旅客办理完成通关手续,今年黑河口岸出入境旅客突破100万人次,同比增长56.18%,创历史同期新高。

图说1:9月14日,在黑河水运旅检口岸,外籍旅客入境走向联检大厅。 新华社发(刘松 摄)

图说2:9月14日,在黑河水运旅检口岸,黑河边检站民警为入境外籍旅客办理通关手续。新华社发(刘松 摄)