
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် ပနားမားနိုင်ငံမှ အချို့သောလွှတ်တော်အမတ်များသည် “ပနားမား-ထိုင်ဝမ် ဥပဒေပြုအဖွဲ့ နိုင်ငံရေးပါတီစုံပါဝင်သော ဖလှယ်ရေးအဖွဲ့ငယ်” ဟူသည်ကို ဖွဲ့စည်းခဲ့ပြီး အမေရိကန် လွှတ်တော်အမတ်များက အွန်လိုင်းမှ အစည်းအဝေး တက်ရောက်ခဲ့သည်။ ပနားမားနိုင်ငံ သမ္မတ Jose Raul Mulino က လွှတ်တော်အမတ်များ ထိုင်ဝမ်ဒေသနှင့် ထိတွေ့ခြင်းအား မထောက်ခံကြောင်း ဆိုခဲ့သည်။
ထိုကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၁၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာပေါ်၌ တရုတ်တစ်နိုင်ငံတည်းသာ ရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့်နိုင်ငံက မည်သည့်အသွင်ပုံစံဖြင့်မဆို ထိုင်ဝမ်ဒေသ အာဏာပိုင်များနှင့် တရားဝင်သွားလာဆက်ဆံမှုနှင့် ထိတွေ့မှုအား ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ မည်သည့်နိုင်ငံခြားအင်အားစုမဆို တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းအား သည်းခံမည်မဟုတ်ကြောင်း၊ နိုင်ငံရေးပုဂ္ဂိုလ် အနည်းစုက အခြေအနေကို ရှင်းလင်းစွာသိမြင်နားလည်ရန် ပြောကြားလိုကြောင်း၊ ထိုင်ဝမ်အရေးတွင် စည်းနင်း နယ်ကျွံပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးကို မုချတာဝန်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:在台湾问题上踩线越界必将承担严重后果
新华社北京9月14日电(记者曹嘉玥、邵艺博)近日,巴拿马部分国会议员成立所谓“巴拿马-台湾立法院跨党派交流小组”,美国国会议员线上参会。巴总统穆利诺公开表示,不支持国会议员同台接触。对此,外交部发言人郭嘉昆14日在例行记者会上表示,世界上只有一个中国,台湾是中国领土不可分割的一部分,中方坚决反对建交国同台湾当局进行任何形式的官方往来和接触,不容任何外部势力插手干涉中国内政,奉劝少数政客认清形势,在台湾问题上踩线越界必将承担严重后果。(完)
图说:在台北市象山拍摄的台北市市区夜景(资料图片)。新华社记者 朱祥 摄








