တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ Busan Exhibition & Convention Center တွင် ကျင်းပသည့် ၂၀၂၃ ကိုရီးယားဒရုန်းပြပွဲတွင် ပြသထားသော အပူဖြင့်ပုံရိပ်ဖော်စနစ်ကို  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ Busan Exhibition & Convention Center တွင် ကျင်းပသည့် ၂၀၂၃ ကိုရီးယားဒရုန်းပြပွဲတွင် ပြသထားသော အပူဖြင့်ပုံရိပ်ဖော်စနစ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်း ဉာဏ်ရည်တုနည်းပညာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ မကြုံစဖူး တိုးတက်လာသောကြောင့် တောင်ကိုရီးယားနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ပို့ကုန်တင်ပို့မှု သြဂုတ်လတွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်း စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်သည့် အစိုးရ ကိန်းဂဏန်းများအရ သိရသည်။

ကုန်သွယ်ရေး၊ စက်မှုနှင့် သဘာဝအရင်းအမြစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သြဂုတ်လအတွင်း ICT ထုတ်ကုန် တင်ပို့မှုသည် ယခင်နှစ်အလားတူကာလထက် ၁၆၂.၆ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၅၉.၉၈ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ စံချိန်သစ်များထပ်တင်နိုင်ခဲ့သည့်အပြင် သုံးလဆက်တိုက် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀  ကျော်လွန်ခြင်းဖြစ်ကြောင်းသိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှစ၍ ICT ပို့ကုန်များ ၁၉ လဆက်တိုက် ဆက်လက်မြင့်တက်လျက်ရှိခြင်းဖြစ်သည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှု သိသိသာသာမြင့်တက်ကာ ၂၀၉.၀ ရာခိုင်နှုန်း ၊အမေရိကန်ဒေါ်လာ ၄၆.၆၇ ဘီလီယံအထိ အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့ပြီး  တင်ပို့မှုနှုန်း  ဂဏန်းသုံးလုံး တိုးတက်နေသည်မှာ ရှစ်လဆက်တိုက် ဖြစ်သည်။

မျက်နှာပြင်ပြား (display panel)  တင်ပို့မှုအနေဖြင့် ၇.၀ ရာခိုင်နှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာ ၁.၆၉ ဘီလီယံ သာရှိခဲ့သော်လည်း အရည်အသွေးမြင့်စမတ်ဖုန်းများ ဝယ်လိုအားကောင်းမွန်ခြင်းကြောင့် မိုဘိုင်းဖုန်း တင်ပို့မှုမှာ ၂၃.၂ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ကွန်ပျူတာများနှင့်ဆက်စပ်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ဒေတာသိမ်းဆည်းကိရိယာ(SSD) များမှာ ဝယ်လိုအား အထူးကောင်းမွန်ခြင်းကြောင့် အလွန်အမင်းမြင့်တက်ကာ ၃၈၃.၁ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၆.၄၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ဆက်သွယ်ရေးပစ္စည်းများတင်ပို့မှုမှာလည်း ၁၁.၅ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၂၁၀ သန်းအထိ ရောက်ရှိခဲ့သည်။

ဩဂုတ်လတွင် ICT ထုတ်ကုန်များတင်သွင်းမှုမှာလည်း ယခင်နှစ်အလားတူကာလထက် ၄၈.၈ ရာခိုင်နှုန်းကျော်လွန်ပြီး အမေရိကန်ဒေါ်လာ ၁၈.၆၁ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ICT လုပ်ငန်း ကုန်သွယ်မှုပိုငွေမှာ ဒေါ်လာ ၄၁.၃၇ ဘီလီယံအထိ ရှိလာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

.......................

(English Version)

S. Korea's August ICT exports hit record high on AI boom

SEOUL, Sept. 14 (Xinhua) -- South Korea's August exports of information and communications technology (ICT) products hit a record high on the back of an unprecedented boom in global artificial intelligence (AI) infrastructure investments, government data showed Monday.

The ICT products shipment surged 162.6 percent from a year earlier to 59.98 billion U.S. dollars in August, shattering records once again and topping 50 billion dollars for a third consecutive month, according to the Ministry of Trade, Industry and Resources.

ICT exports continued to go up for 19 straight months since February 2025.

Semiconductor exports spiked 209.0 percent to reach an all-time high of 46.67 billion dollars, marking a triple-digit increase for eight months in a row.

Display panel shipments fell 7.0 percent to 1.69 billion dollars, but mobile phone exports jumped 23.2 percent to 1.64 billion dollars thanks to solid demand for premium smartphones.

Shipments of computers and peripherals skyrocketed 383.1 percent to 6.40 billion dollars amid robust demand for solid-state drives (SSDs), and communications equipment exports advanced 11.5 percent to 210 million dollars.

Imports of ICT products soared 48.8 percent from a year earlier to 18.61 billion dollars in August, sending the trade surplus in the ICT industry to 41.37 billion dollars.

The trade surplus surpassed 40 billion dollars for the first time in the country's history.

Photo caption: This photo taken on Feb. 23, 2023 shows a thermal imaging system displayed at the Drone Show Korea 2023 at Busan Exhibition & Convention Center in Busan, South Korea. (Xinhua/Wang Yiliang)