တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် အန်းယန်မြို့ရှိ ရင်းရွှီးပြတိုက်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် အန်းယန်မြို့ရှိ ရင်းရွှီးပြတိုက်အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်းယန် (ဟဲနန်)၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် အန်းယန်မြို့ရှိ ရင်းရွှီးပြတိုက် အဆောင်အသစ်သည် ပထမဆုံး မြင်ကွင်းအပြည့်ပုံစံဖြင့် ဆန်းမင်းဆက်ခေတ် လူမှုယဉ်ကျေးမှုကို ပြသထားသည့် အမျိုးသား အရေးကြီးအကြောင်းအရာ ပြတိုက်ဖြစ်သည်။ ထိုပြတိုက်တွင် စုစုပေါင်း ပြခန်း ၈ ခု ရှိပြီး ကြေးနီထည်ပစ္စည်း၊ ကြွေထည်ပစ္စည်း၊ ကျောက်စိမ်းပစ္စည်း၊ အရိုးကမ္ပည်းစာ စသည့် ယဉ်ကျေးမှုပစ္စည်းများ အခုရေ/အစုံ ၄,၀၀၀ နီးပါး ပြသထားရာ ရင်းရွှီး ရှေးဟောင်းသုတေသနပြုလုပ်မှုနှင့် ဆန်းမင်းဆက်ခေတ် လူမှုယဉ်ကျေးမှု သုတေသနရလဒ်များ၏ အရေးကြီးသော ပြသရာပလက်ဖောင်းဖြစ်သည်။

ထို့ပြင် ပြတိုက်တွင် နည်းပညာဖြင့် ရှေးဟောင်းသုတေသနပြုလုပ်သည့် စမ်းသပ်ခန်း၊ သုတေသနသင်ကြားရေး စာသင်ခန်း၊ ယဉ်ကျေးမှုပစ္စည်းဂိုဒေါင် စသည်တို့လည်း ထားရှိရာ ရှေးဟောင်းသုတေသနပြုလုပ်မှု၊ ယဉ်ကျေးမှုပစ္စည်းများ ပြင်ဆင်မှု၊ နည်းပညာစမ်းသပ်မှု၊ သုတေသနသင်ကြားရေး စသည့်ကဏ္ဍများ၌ လုပ်ဆောင်ချက်ကို တာဝန်ယူထားရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် အဆောင်အသစ်ကို တရားဝင်ဖွင့်လှစ်လာကတည်းက ဆန်းမင်းဆက်ခေတ် ယဉ်ကျေးမှုကို အလေးအနက် သုတေသနပြုလုပ်နေသည့် အဆိုပါ အဓိကအကြောင်းအရာ ပြတိုက်သည် ဆက်တိုက်လူသိများလာခဲ့ရာ “သမိုင်းများ ရှင်သန်လာခြင်း၊ ယဉ်ကျေးမှု ဆန်းသစ်တီထွင်ရေး ထုတ်ကုန်များ ခေတ်စားလာခြင်း၊ လုပ်ငန်းအခြေအနေ တိုးတက်လာခြင်း” ဟူသော အသစ်စက်စက်အနေအထားဖြင့် လေးနက်သော ရင်းဆန်းမင်းဆက်ခေတ် လူမှုယဉ်ကျေးမှုကို ခေတ်သစ်တွင် သက်ဝင်လှုပ်ရှားသော ရှင်သန်စွမ်းအားများဖြင့် သစ်လွင်လာစေခဲ့သည်။ လက်ရှိတွင် အဆိုပါပြတိုက်က စုစုပေါင်း ခရီးသွားဧည့်သည် အကြိမ်ရေ ၆.၁ သန်းကို လက်ခံခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

活力中国调研行|“殷”你而来 不“墟”此行 考古博物馆的华丽转身

新华社照片,安阳(河南),2026年9月13日

位于河南省安阳市的殷墟博物馆新馆是首个全景式展现商文明的国家重大专题博物馆,共设计有8个展厅,展出青铜器、陶器、玉器、甲骨等文物近4000件套,是殷墟考古和商文明研究成果的重要展示平台。此外,博物馆还设有科技考古实验室、研学教室、文物库房等,承担考古研究、文物修复、科技检测、研学教育等方面的功能。

从2024年2月26日新馆正式开馆以来,这座深耕殷商文明的专题博物馆持续走红,以“历史活起来、文创潮起来、业态兴起来”的全新姿态,让厚重的殷商文明在新时代绽放勃勃生机,目前已累计接待游客610万人次。

图说1:这是9月12日在河南安阳拍摄的殷墟博物馆。 新华社记者 张帆 摄

图说2:9月12日,游客在殷墟博物馆内拍摄展品。新华社记者 张帆 摄