အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် “စက်တင်ဘာ ၁၁ ရက်” အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူ မိသားစုဝင်များက အဆိုပါတိုက်ခိုက်မှုနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများအား ပိုမိုထုတ်ပြန်ပေးရန် တောင်းဆိုချက်အပေါ် စဉ်းစားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အချို့သော ထိခိုက်သေဆုံးသူ မိသားစုများက တိုက်ခိုက်သူသည် ဆော်ဒီအာရေဗျနိုင်ငံ နယ်နိမိတ်အတွင်းမှ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ကူညီမှုရရှိထားသည်ဟု ကာလကြာရှည်စွာ ပြောကြားခဲ့သည်။ ၎င်းတို့က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆော်ဒီအာရေဗျအစိုးရအား နှစ်ပေါင်းများစွာ တရားစွဲဆိုခဲ့ပြီး ပိုမိုများပြားသော သက်ဆိုင်ရာ စာရွက်စာတမ်းများအား လျှို့ဝှက်ထားမှုမှ ပယ်ဖျက်၍ တရားဝင်ထုတ်ပြန်ကြေညာရန် တိုက်တွန်းခဲ့သည်။ နယူးယောက်မြို့မှ ဒီမိုကရက်တစ်၊ ရီပတ်ဘလစ်ကန် ပါတီနှစ်ရပ် လွှတ်တော်အမတ်များကလည်း ဖက်ဒရယ်အစိုးရအနေဖြင့် သက်ဆိုင်ရာ ဖုန်းပြောဆိုမှုမှတ်တမ်းများအား ထုတ်ပြန်ကြေညာရန် တိုက်တွန်းခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ ထရမ့်က စက်တင်ဘာ ၁၃ ရက်တွင် အိုင်ယာလန်သို့ ခရီးစဉ်သွားရောက်စဉ်အတွင်း “ကျွန်တော် နိုင်ငံကိုပြန်ရောက်သွားရင် ဒီကိစ္စကိုစစ်ဆေးကြည့်လိုက်ပါမယ်” ဟု သတင်းထောက်ကို ပြောကြားခဲ့သည်။

ထိုမတိုင်မီ အမေရိကန် “စက်တင်ဘာ ၁၁ ရက်” ဖြစ်ရပ် စုံစမ်းစစ်ဆေးမှု ကော်မရှင်က အစီရင်ခံစာထုတ်ပြန်၍ ဆော်ဒီအာရေဗျအစိုးရသည် အဖွဲ့အစည်းအနေဖြင့် သို့မဟုတ် ဆော်ဒီအာရေဗျ၏ အဆင့်မြင့်အရာရှိ တစ်သီးပုဂ္ဂလအနေဖြင့် တိုက်ခိုက်မှုအား အရင်းအနှီးဖြင့် ပံ့ပိုးခဲ့သည်ဟု သက်သေထူနိုင်သည့် အထောက်အထားမရှိကြောင်း၊ သို့သော် ဆော်ဒီအာရေဗျအစိုးရထံမှ အရင်းအနှီးပံ့ပိုးမှု ရရှိထားသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းက တိုက်ခိုက်မှုအစီအစဉ်အတွက် ပံ့ပိုးမှုပေးခဲ့ခြင်း “ဖြစ်နိုင်ခြေရှိ” ကြောင်း ဆိုခဲ့သည်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် AI-Qaeda အဖွဲ့သည် အမေရိကန်အား အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အကြမ်းဖက်သမားများသည် ခရီးသည်တင်လေယာဉ် ၄ စင်းအား ပြန်ပေးဆွဲခဲ့ရာ ၎င်းအနက် ၂ စင်းသည် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ Twin Towers အား ပြိုကျသွားအောင် ဝင်တိုက်ခဲ့ပြီး တစ်စင်းသည် ဗာဂျီးနီးယားပြည်နယ် အာလင်တန်ခရိုင်ရှိ ပင်တဂွန်စစ်ဌာနချုပ် တစ်နေရာကို ဝင်တိုက်မိကာ အခြားတစ်စင်းကမူ ပင်ဆယ်ဗေးနီးယားပြည်နယ် Shanksville မြို့၌ ပျက်ကျခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၃,၀၀၀ ခန့် သေဆုံးခဲ့ရသည်။ (Xinhua)

---------------------

(Chinese Version)

特朗普称将考虑公布更多“9·11”关联文件

新华社北京9月14日电 美国总统特朗普13日说,他将考虑“9·11”恐怖袭击受害者家庭就公布更多有关这场袭击的文件的请求。

部分受害者家庭长期主张,袭击者获得了沙特阿拉伯境内极端人员的帮助。他们多年来就此起诉沙特政府,呼吁解密并公开更多相关文件。纽约市不少民主、共和两党议员也呼吁联邦政府公布相关电话记录。

对此,特朗普13日在访问爱尔兰期间告诉记者:“我回国后会查看下这件事。”

此前,美国“9·11”调查委员会曾发布报告说,没有证据证明沙特政府以机构身份或沙特高级官员个人曾资助袭击,但“可能”有受沙特政府资助的非营利机构为袭击计划提供支持。

2001年9月11日,“基地”组织对美国发动恐怖袭击。恐怖分子劫持4架客机,其中两架撞塌纽约世贸中心双子塔,一架撞上位于弗吉尼亚州阿灵顿县的五角大楼一角,另一架在宾夕法尼亚州尚克斯维尔坠毁。这场袭击导致约3000人死亡。(郑昊宁)

图说:这是8月17日拍摄的美国首都华盛顿白宫。新华社记者李睿摄