
လိုသီ (ဟူနန်)၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ရွှေရောင်ဆောင်းဦးရာသီ စက်တင်ဘာလတွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် လိုသီမြို့ ရှင်းဟွခရိုင်ရှိ ကျီချွဲ့ကျဲ့ လှေကားထစ် စပါးစိုက်ခင်းများမှ စပါးများမှာ တဖြည်းဖြည်းမှည့်လာနေပြီ ဖြစ်သည်။ အဆင့်ဆင့်သော စိုက်ခင်းများသည် တောင်စောင်းတစ်လျှောက် လှိုင်းများသဖွယ် အကွေ့အကောက်များဖြင့် ဖြန့်ကြက်တည်ရှိပြီး တောင်ကြားရှိ ရွာငယ်များနှင့် စိမ်းလန်းသော တောင်တန်းများ အပြန်အလှန် ထင်ဟပ်လျက်ရှိရာ သက်ဝင်လှပသည့် တောင်ပေါ်စိုက်ပျိုးရေး ပန်းချီကားချပ်သဖွယ် ရှုခင်းအလှကို ဖန်တီးထားသည်။
နှစ်ပေါင်း နှစ်ထောင်ကျော် လယ်ယာစိုက်ပျိုးမှုသမိုင်းရှိသော ကျီချွဲ့ကျဲ့ လှေကားထစ်လယ်ကွင်းများသည် သဘာဝအတိုင်း ရေအလိုအလျောက်စီးဆင်းသည့် ဆည်မြောင်းစနစ်ဖြင့် စဉ်ဆက်မပြတ် ရှင်သန်လျက်ရှိသည်။ မကြာသေးသောနှစ်များအတွင်း ဒေသခံများသည် ဤလယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းကာ လှေကားထစ်လယ်ကွင်းဂေဟစနစ်အရင်းအမြစ်များကို အခြေခံ၍ ကျေးလက် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေကာ ရှေးဟောင်းလှေကားထစ်လယ်ကွင်းများကို ခေတ်ကာလနှင့်အညီ ပြန်လည်အသက်ဝင်စေခဲ့ပြီး ကျေးလက်ပြန်လည်ရှင်သန်ရေးကို ဂေဟအလှရှုခင်းများဖြင့် အားဖြည့်ပေးလျက်ရှိသည်။ (Xinhua)
.......................
(Chinese Version)
美丽中国丨秋韵紫鹊界 梯田入画来
新华社照片,娄底(湖南),2026年9月13日
金秋九月,湖南省娄底市新化县紫鹊界梯田稻谷渐次成熟。层层田垄依山铺展、蜿蜒起伏,旖旎梯田与山间村落、苍翠青山相映相融,绘就一幅灵动秀美的山野农耕画卷。
拥有两千余年开垦历史的紫鹊界梯田,凭借天然自流灌溉系统生生不息。近年来,当地持续守护这一农耕文化遗产,依托梯田生态资源发展乡村文旅,让古老梯田焕发时代生机,以生态美景赋能乡村振兴。
图说1:这是9月12日拍摄的紫鹊界梯田(无人机照片)。 新华社记者 陈振海 摄
图说2:9月12日,游客在紫鹊界梯田游玩。新华社记者 陈振海 摄








