
ဆန်နား၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် ၄၈ နာရီအတွင်း ဆော်ဒီ စစ်လေယာဉ်များသည် ယီမင်နိုင်ငံရှိ ပြည်နယ် ၇ ခုကို လေကြောင်းတိုက်ခိုက်မှု ၁၂၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က စက်တင်ဘာ ၁၂ တွင် လူမှုမီဒီယာပလက်ဖောင်းပေါ်၌ ကြေညာချက် ထုတ်ပြန်ရာတွင် ဆော်ဒီ လေတပ်၏ F-15 တိုက်လေယာဉ်များနှင့် Typhoon တိုက်လေယာဉ်များသည် ယီမင်နိုင်ငံ အနောက်တောင်ပိုင်း Ta'izz ပြည်နယ်၊ အရှေ့မြောက်ပိုင်း Marib ပြည်နယ်၊ ပင်လယ်နီ ကမ်းရိုးတန်း Hodeidah ပြည်နယ်နှင့် မြောက်ပိုင်း Al Jawf ပြည်နယ်၊ Saada ပြည်နယ်၊ Amran ပြည်နယ်၊ Hajjah ပြည်နယ်တို့အား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းက အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် "တုံ့ပြန်မှုနှင့် အပြစ်ပေးမှု မရဘဲ ပြီးသွားမည်မဟုတ်" ဟု သတိပေးပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့သည် အစိုးရစစ်တပ်အပေါ် ထိုးစစ်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ယီမင်အစိုးရအား ထောက်ခံသော ဆော်ဒီအာရေဗျနိုင်ငံအပေါ် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ပိတ်ဆို့မှု ပြုလုပ်ကြောင်း ကြေညာခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီ၏ စစ်ဗျူဟာမြောက် အချက်အချာကျသော ဆိပ်ကမ်းမြို့ဖြစ်သည့် မိုချာမြို့ ကို စက်တင်ဘာ ၁၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ယီမင်အစိုးရစစ်တပ်နှင့် ဟူသီလက်နက်ကိုင်အဖွဲ့တို့သည် ထိုနေ့၌ပင် သီးခြားစီအတည်ပြုခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့က စက်တင်ဘာ ၃ ရက်တွင် ထိုးစစ်စတင်ခဲ့ပြီးနောက် ယီမင်နိုင်ငံ အနောက်ပိုင်းရှိ စတုရန်းကီလိုမီတာ ၅,၄၀၀ ခန့်ရှိသော နယ်မြေအား သိမ်းပိုက်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ အနောက်ဘက် ကမ်းရိုးတန်းတစ်ခုလုံးအား ထိန်းချုပ်လိုက်ပြီဖြစ်ပြီး တောင်ဘက်သို့ ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း ယီမင်အစိုးရဘက်က ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။
ယခုအကြိမ် ထိုးစစ်ဆင်မှုများ မပြုလုပ်မီက ဟူသီလက်နက်ကိုင်အဖွဲ့သည် မြို့တော် ဆန်နားနှင့် ပင်လယ်နီ၏ အရေးပါသော ဆိပ်ကမ်းမြို့ ဖြစ်သည့် ဟိုဒေးဒါမြို့ အပါအဝင် ယီမင်နိုင်ငံ မြောက်ပိုင်းရှိ နယ်မြေအမြောက်အမြားကို ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း Bab el-Mandeb ရေလက်ကြားသို့ တိုက်ရိုက် စိုးမိုးထားသော ကမ်းရိုးတန်းဒေသများကိုမူ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ (Xinhua)
------------------
(Chinese Version)
也门胡塞武装称沙特在过去两天发动129次空袭
新华社科威特城9月12日电(记者尹炣)萨那消息:也门胡塞武装12日表示,在过去48小时内,沙特战机对也门7个省份进行了129次空袭。
胡塞武装发言人叶海亚·萨雷亚当天在社交媒体平台发布声明称,沙特空军的F-15战斗机和“台风”战斗机空袭了也门西南部塔伊兹省、东北部马里卜省、红海沿海荷台达省以及北部焦夫省、萨达省、阿姆兰省和哈杰省。
他警告说,这些空袭“不会得不到回应和惩罚”。
近期,胡塞武装加大对政府军攻势,并宣布对支持也门政府的沙特阿拉伯实施海上禁运。也门政府军和胡塞武装10日分别证实,胡塞武装当天攻占红海战略要地、港口城市穆哈。胡塞武装11日称,该组织自9月3日发动攻势以来,已在也门西部攻占约5400平方公里土地。也门政府方面同日说,胡塞武装已控制该国整个西部海岸并继续向南推进。
发起本轮攻势前,胡塞武装已控制也门北部大片土地,包括首都萨那以及红海重要港口荷台达,但尚未掌控直接俯瞰曼德海峡的沿岸地带。
图说 :2025年8月11日在也门亚丁郊区拍摄的在也门政府与胡塞武装冲突中被毁的建筑。新华社发(穆拉德摄)








