
နယူးဒေလီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီတို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စက်တင်ဘာ ၁၂ ရက်က ရင်းနှီးပွင့်လင်းစွာဖြင့် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် မိတ်ဖက်များအဖြစ် ရပ်တည်သင့်ကြောင်း အရေးကြီးဘုံသဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။
ခေါင်းဆောင်နှစ်ဦးအနေဖြင့် နယူးဒေလီမြို့တွင် ကျင်းပသော ၁၈ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး ပြင်ပ၌ သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို မဟာဗျူဟာမြောက် အမြင်ဖြင့် ရေရှည်မျှော်တွေးသော ရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။
မိမိအနေဖြင့် လွန်ခဲ့သော နှစ်နှစ်အတွင်း မိုဒီနှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးကို စမှတ်သစ်မှ စတင်ကာ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် လမ်းညွှန်ပေးခဲ့သည်ဟုလည်း ရှီက မှတ်ချက်ပြုခဲ့သည်။
နှစ်နိုင်ငံအကြား အဖွဲ့အစည်းဆိုင်ရာ ကူးလူးဖလှယ်မှုများကို အဆင့်ဆင့် ပြန်လည်စတင်လာခဲ့ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများသည် ဆက်လက်တိုးတက်ကျယ်ပြန့်လာခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာလည်း စံချိန်တင်အဖြစ် အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်ဟု ရှီက ဖြည့်စွက်ပြောကြားသည်။
ယင်းသို့ အခက်အခဲများကြားမှ ကြိုးပမ်းတည်ဆောက်ထားသည့် တိုးတက်မှုရလဒ်များကို အထူးပင် တန်ဖိုးထားရမည်ဖြစ်ကြောင်း ရှီက ပြောသည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နိုင်ငံအခြေအနေချင်း မတူညီကြသော်လည်း ကိုယ်စီအားသာချက်များကို အပြန်အလှန် လေ့လာအတုယူကာ အချင်းချင်း ဖေးမကူညီပြီး တိုးတက်အောင်မြင်မှုများ ကိုယ်စီရရှိရေးအတွက် အထောက်အကူပြုလျက် ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ရှီက ဆက်လက်ပြောကြားသည်။
နိုင်ငံတကာအခင်းအကျင်း မတည်ငြိမ်မှုများကြားတွင် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်သကဲ့သို့ ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးပါသော နိုင်ငံများလည်းဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့သည် အရေးကြီးတာဝန်များကို သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://xhnewsapi.xinhuaxmt.com/share/news_pc?id=1253438920122368&showType=3002&utdId=null&version=5.4.1
..................................
(English Version)
Xi, Modi conduct in-depth exchange of views, agree China, India should be partners
NEW DELHI, Sept. 12 (Xinhua) -- Chinese President Xi Jinping and Indian Prime Minister Narendra Modi conducted here on Saturday a candid and in-depth exchange of views, and reached important consensus that China and India should be partners.
The two leaders met on the sidelines of the 18th BRICS Summit in New Delhi.
Xi said China has always viewed and developed its relations with India from a strategic height and with a long-term perspective.
Xi noted that he has met with Modi twice over the past two years, guiding bilateral relations from a new start to a further improvement.
Institutional exchanges between the two countries have gradually resumed, the list of areas of cooperation has continued to grow, and bilateral trade has reached a new record high, Xi added.
Xi said such hard-won progress should be cherished. Noting that China and India have different national conditions, Xi said they can draw on each other's strengths, support one another, help each other succeed and pursue common development.
Amid a turbulent international landscape, China and India, as the world's two most populous countries and important members of the Global South, shoulder important responsibilities, Xi said.
https://xhnewsapi.xinhuaxmt.com/share/news_pc?id=1253438920122368&showType=3002&utdId=null&version=5.4.1
Photo caption: Chinese President Xi Jinping meets with Indian Prime Minister Narendra Modi on the sidelines of the 18th BRICS Summit in New Delhi, India, Sept. 12, 2026. (Xinhua/Wang Ye)








