
နယူးဒေလီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် လာမည့်နှစ်တွင် BRICS ဥက္ကဋ္ဌ နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ၁၉ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေးကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒေသစံတော်ချိန် စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော ၁၈ ကြိမ်မြောက် BRICS နိုင်ငံ အကြီးအကဲများ အစည်းအဝေး ပထမအဆင့်ဆွေးနွေးပွဲ တက်ရောက်စဥ်အတွင်း ကြေညာခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ယင်းကို အခွင့်အလမ်းအဖြစ်ထားရှိကာ ဘက်ပေါင်းစုံနှင့်အတူ သဘောတူညီချက်များ စုစည်း၍ အနာဂတ်ကို ဖန်တီးရန်၊ BRICS ပူးပေါင်းဆောင်ရွက်မှု တတိယမြောက် “ရွှေရောင်ဆယ်စုနှစ်” ကို ဖွင့်လှစ်ရန်၊ သာယာဝပြော၍ တိုးတက်သော တောက်ပသည့်အနာဂတ်အလားအလာကို အတူဖန်တီးရန် ဆောင်ရွက်သွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
-----------------------------
(Chinese Version)
习近平宣布中国将于明年接任金砖主席国
新华社新德里9月12日电 当地时间9月12日下午,国家主席习近平在新德里出席金砖国家领导人第十八次会晤第一阶段会议时宣布,中国将于明年接任金砖主席国,主办金砖国家领导人第十九次会晤。习近平强调,中方愿以此为契机,同各方凝聚共识、开创未来,开启金砖合作第三个“金色十年”,共创繁荣进步的光明前景。(完)
图说:当地时间9月12日中午,国家主席习近平乘专机抵达新德里,应印度总理莫迪邀请,出席金砖国家领导人第十八次会晤。习近平抵达新德里帕拉姆空军基地时,印度政府高级官员热情迎接。 新华社记者 谢环驰 摄








