အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် စွန်းလေ (ရှေ့တန်း၊ အလယ်) က လုံခြုံရေးကောင်စီ၌ ကုလသမဂ္ဂ ခွဲထွက်ရေး ထိတွေ့ဆက်ဆံမှု လေ့လာစောင့်ကြည့်ရေး တပ်ဖွဲ့ (UNDOF) ၏ လုပ်ပိုင်ခွင့်သက်တမ်းတိုးရေး ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲဆုံးဖြတ်ပြီးနောက် ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် စွန်းလေ (ရှေ့တန်း၊ အလယ်) က လုံခြုံရေးကောင်စီ၌ ကုလသမဂ္ဂ ခွဲထွက်ရေး ထိတွေ့ဆက်ဆံမှု လေ့လာစောင့်ကြည့်ရေး တပ်ဖွဲ့ (UNDOF) ၏ လုပ်ပိုင်ခွင့်သက်တမ်းတိုးရေး ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲဆုံးဖြတ်ပြီးနောက် ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ ဘုံဖြစ်သော၊ ဘက်စုံဖြစ်သော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို လက်ကိုင်ထားပြီး ကုလသမဂ္ဂ၏ ဗဟိုညှိနှိုင်းဆောင်ရွက်မှုအခန်းကဏ္ဍကို အသုံးချ၍ လူသားမျိုးနွယ်၏ ဘုံရန်သူဖြစ်သော အကြမ်းဖက်ဝါဒကို အတူတကွ ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့၏ ယာယီတာဝန်ခံ စွန်းလေက စက်တင်ဘာ ၁၁ ရက်တွင် လုံခြုံရေးကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးအစည်းအဝေး၌ ပြောကြားခဲ့သည်။

စွန်းလေက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သက်ဆိုင်ရာနိုင်ငံများအား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူ့လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ “ဆင်းရဲနွမ်းပါးမှုကြောင့် အကြမ်းဖက်မှုဖြစ်ပေါ်ခြင်း” ဆိုသည့် သံသရာဆိုးကို ချိုးဖျက်ရန် ကူညီပေးသင့်ကြောင်း ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအနေဖြင့် အရေးကြီးကိစ္စရပ်များကို နိုင်ငံရေးအရ ဖြေရှင်းရန် တွန်းအားပေးကာ ဆွေးနွေးညှိနှိုင်းမှုများဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းပြီး အကြမ်းဖက်မှုဖြစ်ပေါ်လာစေသော နေရာများကို ရှင်းလင်းဖယ်ရှားသင့်ကြောင်း၊ တစ်ချိန်တည်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို နိုင်ငံရေးအသွင်ဆောင်ခြင်းနှင့် လက်နက်ကိရိယာအဖြစ် အသုံးချခြင်းကို ဆန့်ကျင်ကြရမည်ဖြစ်ကာ အကြမ်းဖက်ဝါဒကို သတ်မှတ်ထားသော နိုင်ငံ၊ လူမျိုး သို့မဟုတ် ကိုးကွယ်ရာဘာသာတရားတို့နှင့် ချိတ်ဆက်ခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ISIS အဖွဲ့နှင့် အရှေ့တာကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိရန် အခွင့်အရေးကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး အနောက်အာဖရိကနှင့် ဆာဟဲဒေသ၊ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့တွင် အကြမ်းဖက်သမားများစွာ လှုပ်ရှားနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးသည် နိုင်ငံတိုင်း လိုက်နာဆောင်ရွက်ရမည့် နိုင်ငံတကာတာဝန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စွန်းလေက နိုင်ငံအသီးသီးအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးမူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းများကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ကာ တရားဥပဒေစိုးမိုးရေးစွမ်းရည်ကို မြှင့်တင်ပြီး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အစွန်းရောက်မှုလျှော့ချရေး အစီအမံများကို ဆောင်ရွက်လျက် နိုင်ငံသားများ၏ အကြမ်းဖက်အစွန်းရောက်အတွေးအခေါ်များ စိမ့်ဝင်မှုအား ခုခံနိုင်စွမ်းကို မြှင့်တင်ရမည်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားသည့်အခြေခံပေါ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် အာဖရိကနိုင်ငံများအား ၎င်းတို့၏ ကိုယ်ပိုင်တုံ့ပြန်နိုင်စွမ်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိတ်ဆို့အရေးယူမှုများ အကောင်အထည်ဖော်နိုင်စွမ်းကို မြှင့်တင်ရာတွင် ကူညီပေးပြီး ဘဏ္ဍာရေး၊ နည်းပညာ၊ စက်ကိရိယာများနှင့် လေ့ကျင့်သင်ကြားရေးတို့တွင် အခိုင်အမာ ပံ့ပိုးကူညီမှုများ ပေးအပ်ရမည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထွန်းသစ်စ နည်းပညာများဆိုင်ရာ စီမံခန့်ခွဲမှုစည်းမျဉ်းများနှင့် စောင့်ကြည့်ကြီးကြပ်ရေးစနစ်များကို အမြန်ဆုံး ပြည့်စုံကောင်းမွန်အောင်ဆောင်ရွက်ကာ ထိုထွန်းသစ်စနည်းပညာများဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် စွမ်းဆောင်ရည်မြှင့်တင်ရန် အရှိန်မြှင့်ဆောင်ရွက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုတင်သတိပေးမှု၊ စောင့်ကြည့်မှုနှင့် လုပ်ဆောင်မှုစွမ်းရည်တို့ကို မြှင့်တင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ဒစ်ဂျစ်တယ်ကွာဟမှုကို လျှော့ချကာ ဖွံ့ဖြိုးဆဲနိုင်ငံများအား နည်းပညာအခြေခံအဆောက်အအုံနှင့် ကျွမ်းကျင်ပညာရှင်များ ပြုစုပျိုးထောင်ရေးကို အားကောင်းလာစေရန်၊ ၎င်းတို့က ဉာဏ်ရည်တု စသည့် ထွန်းသစ်စနည်းပညာအသစ်များကို အသုံးပြု၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးစွမ်းရည်ကို မြှင့်တင်ရန်နှင့်အမြော်အမြင်ရှိသော အကြမ်းဖက်မှုတိုက်ဖျက်ရေး ကာကွယ်ရေးလိုင်းကို တည်ဆောက်ရန် ကူညီပေးသင့်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ (Xinhua)

………………………..

(Chinese Version)

中方敦促国际社会合作应对恐怖主义

新华社联合国9月11日电 中国常驻联合国代表团临时代办孙磊11日在安理会反恐问题特别会议上发言时说,国际社会应加强团结合作,秉持共同、综合、合作、可持续的安全观,发挥联合国的中心协调作用,共同应对恐怖主义这一人类社会公敌。  

孙磊说,国际社会要帮助有关国家发展经济、改善民生,推动可持续发展,打破“因贫生恐”恶性循环。安理会要推动热点问题政治解决,通过对话谈判化解分歧,消除恐怖主义滋生温床;同时反对将反恐问题政治化、工具化,避免将恐怖主义同特定国家、民族或宗教挂钩。  

他说,当前,“伊斯兰国”“东伊运”等恐怖组织仍在伺机恢复活动能力,西非和萨赫勒地区、叙利亚、阿富汗仍活跃着大量恐怖分子。反恐是各国必须履行的国际义务。  

孙磊说,各国要完善反恐政策和法律法规,提升执法能力,采取预防性反恐和去极端化措施,增强公民抵御暴恐极端思想渗透的能力。国际社会要在尊重当事国主权的前提下,帮助发展中国家特别是非洲国家提升自主应对和落实反恐制裁能力,在资金、技术、设备、培训等方面提供大力支持。  

他说,国际社会应加紧完善新兴技术治理规则和监管体系,加快推进以新兴技术赋能反恐,提升反恐预警、监测和行动能力。同时,要缩小数字鸿沟,帮助发展中国家加强技术基础设施和专业人才建设,提升其利用人工智能等新兴技术开展反恐的能力,构筑前瞻性反恐防线。(完)

图说:2025年12月29日,在位于纽约的联合国总部,中国常驻联合国副代表孙磊(前中)在安理会表决联合国脱离接触观察员部队授权延期决议草案后作解释性发言,强调戈兰高地是国际社会公认的叙利亚被占领土。 新华社记者 张凤国 摄