တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမှာစကား ပြောကြားနေသည့် တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး Ronald Lamola အား ၂၀၂၆ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-GCIS/Handout via Xinhua)
တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမှာစကား ပြောကြားနေသည့် တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး Ronald Lamola အား ၂၀၂၆ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-GCIS/Handout via Xinhua)

ဂျိုဟန်နက်စ်ဘာ့ခ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

BRICS အဖွဲ့ဝင်နိုင်ငံများ တိုးချဲ့ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများက နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ၎င်းတို့၏ စုပေါင်းအသံများအား အားကောင်းစေရန်အတွက် အခွင့်အလမ်း ပံ့ပိုးပေးလိုက်ခြင်းဖြစ်ကြောင်း တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Ronald Lamola က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသော BRICS ထိပ်သီးအစည်းအဝေး မတိုင်မီ တောင်အာဖရိက အစိုးရသတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ Ronald Lamola က အဖွဲ့ဝင်နိုင်ငံများ တိုးပွားလာခြင်းသည် ၎င်းအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှုနှင့် ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များတွင် ရပ်တည်ချက်အား မြှင့်တင်ဖော်ပြရေးအတွက် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။

“အဖွဲ့ဝင်နိုင်ငံတွေ တိုးပွားလာတာနဲ့အမျှ စိန်ခေါ်မှုတွေက အစဉ်အမြဲရှိနေဆဲပါပဲ။ ဒါပေမဲ့လည်း ဒါက အခွင့်အလမ်းလည်း ဖြစ်နိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက ပိုများတဲ့နိုင်ငံတွေက ထုတ်ဖော်ပြောဆိုလာနိုင်ပြီး ကျွန်တော်တို့ အဆိုပြုမြှင့်တင်နေတဲ့ အယူအဆ သတင်းစကားကို အားဖြည့်မြှင့်တင်ပေးနိုင်တယ်လို့ ဆိုလိုနေပါတယ်” ဟု Lamola က ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲမှုနှင့် ရာသီဥတု ပြောင်းလဲမှုအပေါ် လိုက်လျောညီထွေစွာ ဆောင်ရွက်မှု တို့အပါအဝင် အဓိကအကြောင်းအရာများတွင် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်များရှိကြောင်း Lamola ကဆိုသည်။

အဖွဲ့ဝင်နိုင်ငံများက အစ္စရေး-အီရန် ပဋိပက္ခနှင့် စပ်လျဉ်း၍ သဘောတူညီချက် မရရှိသေးသည့်တိုင် ယခုအကြိမ် ထိပ်သီးအစည်းအဝေးသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံမူဖြစ်သော အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက် ပြည့်စုံမှုနှင့် တွေ့ဆုံဆွေးနွေးမှုဖြင့် အငြင်းပွားမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းတို့ အပါအဝင် နိုင်ငံတကာဥပဒေတွင် ကာလကြာရှည်စွာ ခိုင်ခိုင်မာမာ လက်ကိုင်ထားသည့် ရပ်တည်ချက်အပေါ် ထောက်ခံအားပေးခြင်းကို တွန်းအားပေးရန်အတွက် ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးနိုင်ကြောင်း Lamola က ပြောကြားခဲ့သည်။

“ယခုအကြိမ် အစည်းအဝေးက ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတောင် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုတွေ ရရှိပြီးသားဖြစ်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၁၈ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို နယူးဒေလီမြို့တွင် စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် “ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ ဆန်းသစ်တီထွင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

Expanded BRICS offers opportunity to strengthen consensus: South African FM

JOHANNESBURG, Sept. 11 (Xinhua) -- South African Minister of International Relations and Cooperation Ronald Lamola said Friday that the expansion of BRICS provides an opportunity for developing countries to strengthen their collective voice in global affairs.

In an interview with the South African Government News Agency ahead of the 18th BRICS Summit in New Delhi, India, Lamola said the larger membership could help advance the grouping's positions on the reform of global institutions and issues of common interest.

"It is always a challenge when the grouping becomes larger, but it can also be an opportunity because it means more countries have a voice and can help advance the message that we are promoting," Lamola said.

Lamola said BRICS members had broad convergence on key priorities, including reform of the global financial architecture, reform of the United Nations (UN) Security Council and climate change adaptation.

While members had not reached agreement on the Israel-Iran conflict, Lamola said the Summit could provide a platform to encourage support for positions long upheld in international law, including the principles of the UN Charter on respect for sovereignty, territorial integrity and the peaceful resolution of disputes through dialogue.

"I believe this meeting can achieve that goal. Even during the Foreign Ministers' meetings, these were issues on which there was largely agreement," he said.

India will host the 18th BRICS Summit in New Delhi on Saturday and Sunday under the theme "Building for Resilience, Innovation, Cooperation and Sustainability." Enditem

English Caption :

South African International Relations and Cooperation Minister Ronald Lamola speaks at a media briefing in Pretoria, South Africa, Aug. 5, 2026. (GCIS/Handout via Xinhua)