တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၁၈ ကြိမ်မြောက် BRICS နိုင်ငံအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာရာ အိန္ဒိယနိုင်ငံ အစိုးရ အဆင့်မြင့်အရာရှိများက လှိုက်လှဲစွာ ကြိုဆိုစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၁၈ ကြိမ်မြောက် BRICS နိုင်ငံအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာရာ အိန္ဒိယနိုင်ငံ အစိုးရ အဆင့်မြင့်အရာရှိများက လှိုက်လှဲစွာ ကြိုဆိုစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၁၈ ကြိမ်မြောက် BRICS နိုင်ငံအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန် စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိခဲ့သည်။

ရှီကျင့်ဖိန်က နယူးဒေလီ Palam လေတပ်စခန်းသို့ ရောက်ရှိလာချိန်တွင် အိန္ဒိယနိုင်ငံ အစိုးရ အဆင့်မြင့်အရာရှိများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ကော်ဇောနီ တစ်ဖက်တစ်ချက်စီတွင် တန်းစီ အလေးပြုခဲ့ကြသည်။

ချိုက်ချီ၊ ဝမ်ရိ စသည့် အတူလိုက်ပါသွားသူများကလည်း အဆိုပါလေယာဉ်နှင့်အတူ ရောက်ရှိခဲ့သည်။

အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရွှီဖေးဟုန်ကလည်း လေဆိပ်သို့ သွားရောက် ကြိုဆိုခဲ့သည်။

ရှီကျင့်ဖိန်က လေဆိပ်မှ တည်းခိုမည့်ဟိုတယ်သို့ ယာဉ်ဖြင့်သွားရောက်သည့် လမ်းခရီးတစ်လျှောက်၌ တရုတ်လူမျိုးများ၊ ဒေသခံ တရုတ်နွယ်ဖွားများနှင့် တရုတ်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ်များက တရုတ်-အိန္ဒိယ နှစ်နိုင်ငံ၏ နိုင်ငံတော်အလံများ ဝှေ့ယမ်းကာ ရှီကျင့်ဖိန် ခရီးစဉ်ရောက်ရှိလာမှုကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။ (Xinhua)

---------------------

(Chinese Version)

习近平抵达新德里出席金砖国家领导人第十八次会晤

新华社新德里9月12日电 当地时间9月12日中午,国家主席习近平乘专机抵达新德里,应印度总理莫迪邀请,出席金砖国家领导人第十八次会晤。  

习近平抵达新德里帕拉姆空军基地时,印度政府高级官员热情迎接。礼兵分列红毯两侧致敬。  

蔡奇、王毅等陪同人员同机抵达。  

中国驻印度大使徐飞洪也到机场迎接。  

习近平乘车从机场赴下榻饭店途中,当地华侨华人和中资企业代表挥舞中印两国国旗,热烈欢迎习近平到访。(完)

图说1、2:当地时间9月12日中午,国家主席习近平乘专机抵达新德里,应印度总理莫迪邀请,出席金砖国家领导人第十八次会晤。习近平抵达新德里帕拉姆空军基地时,印度政府高级官员热情迎接。 新华社记者 谢环驰 摄