
ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က စက်တင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အင်ဂိုလာနိုင်ငံ အမျိုးသားညီလာခံ ဥက္ကဋ္ဌ Adao de Almeida နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ဟုနင်က ၂၀၂၄ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ ခရီးစဉ် လာရောက်ခဲ့သော သမ္မတ Joao Lourenco တို့သည် တရုတ်-အင်ဂိုလာ ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်ကြောင်း အတူတကွ ကြေညာခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
တရုတ်ဘက်အနေဖြင့် အင်ဂိုလာဘက်နှင့်အတူ နှစ်နိုင်ငံ နိုင်ငံတော်အကြီးအကဲများ၏ အရေးကြီးသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ နိုင်ငံစုံညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် တရုတ်-အင်ဂိုလာ ဆက်ဆံရေး ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်ရှိရန် တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အနေဖြင့် တရုတ်နှင့် အင်ဂိုလာ နှစ်နိုင်ငံတို့က ကိုယ်စီ၏ ခေတ်မီအသွင်ပြောင်းရေး ဖော်ဆောင်မှုကို မြှင့်တင်ရာတွင် တက်ကြွစွာ အကျိုးသယ်ပိုးသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Almeida က အင်ဂိုလာနိုင်ငံသည် အင်ဂိုလာ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားပါကြောင်း၊ နှစ်နိုင်ငံ နိုင်ငံတော်အကြီးအကဲများသည် အနီးကပ်ဆက်ဆံရေးကို ထိန်းသိမ်းထားကြပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ပေါကြွယ်ဝကြောင်း ပြောကြားခဲ့သည်။ အင်ဂိုလာနိုင်ငံသည် တရုတ်နိုင်ငံဘက်မှ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးများကို ထောက်ခံအားပေးပြီး အင်ဂိုလာ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ဘက်မှ ပံ့ပိုးပေးမှုများကို ကျေးဇူးတင်ရှိကြောင်း၊ စွမ်းအင်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ဟူချွမ်းဟွာနှင့်င အခြားသူများလည်း ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)

........................
(Chinese Version)
王沪宁会见安哥拉国民议会议长德阿尔梅达
新华社北京9月11日电 全国政协主席王沪宁11日在京会见安哥拉国民议会议长德阿尔梅达。
王沪宁表示,2024年,习近平主席同访华的洛伦索总统共同宣布将中安关系提升为全面战略合作伙伴关系,为两国关系发展作出了战略指引。中方愿同安方一道,落实两国元首重要共识,赓续传统友谊,深化务实合作,加强多边协调,推动中安关系迈向更高水平。中国全国政协愿为推动中安两国各自实现现代化作出积极贡献。
德阿尔梅达表示,安哥拉高度重视发展安中关系,两国元首保持密切交往,各领域合作成果丰硕。安哥拉支持中方提出的系列全球倡议,感谢中方为安哥拉经济社会发展提供的支持,愿深化能源、经贸、交通等领域合作,加强国际协作,促进公正合理的全球治理。
胡春华等参加会见。(完)
图说:9月11日,全国政协主席王沪宁在北京会见安哥拉国民议会议长德阿尔梅达。 新华社记者 姚大伟 摄








