
ဝါရှင်တန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အီရန်စစ်ပွဲကို စတင်ခဲ့ခြင်းအပေါ် ၎င်းအနေဖြင့် "နောင်တမရ" ကြောင်းနှင့် "အစကနေ ပြန်ရွေးချယ်ရရင်တောင်မှ ကျွန်တော် ဒီဆုံးဖြတ်ချက်ကိုပဲ အတိအကျ ထပ်ပြီး ရွေးချယ်မှာပါ" ဟု အမေရိကန် သမ္မတ ထရမ့်က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်သည် ထိုနေ့၌ အမေရိကန် သတင်းဌာန Fox News နှင့် အင်တာဗျူးတွင် ယင်းလုပ်ဆောင်ချက်သည် အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲကို ထိခိုက်စေနိုင်လျှင်ပင် အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ဦးမည်လောဟု မေးမြန်းခြင်းခံခဲ့ရသည်။
"ဒါပေမဲ့ ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့ရင် အီရန်က ရုတ်တရက် နျူကလီးယားလက်နက် ပိုင်ဆိုင်သွားရင်ရော။ သူတို့ အဲဒါကို သေချာပေါက် အသုံးပြုမှာပါ" ဟု ထရမ့်က ပြောကြားခဲ့သည်။ ထို့ပြင် နျူကလီးယားလက်နက် ပိုင်ဆိုင်သွားပါက အီရန်သည် အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသကို "လုံးဝ ဖျက်ဆီးပစ်မည်" ဖြစ်ပြီး ထိုမှတစ်ဆင့် အမေရိကန်ပြည်တွင်းရှိ မြို့များကို တိုက်ခိုက်လာမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် အီရန်စစ်တပ်ကို အနိုင်ရရှိပြီးဖြစ်ကာ အီရန်အစိုးရသည် မကြာမီ လက်နက်ချတော့မည်ဟု ထရမ့်၏ ပြောကြားချက်နှင့် ဆန့်ကျင်လျက် အမေရိကန်-အီရန် စစ်ပွဲသည် ၎င်း၏ သမ္မတသက်တမ်း ကုန်ဆုံးသည်အထိ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း အိမ်ဖြူတော် အဆင့်မြင့်အရာရှိများက ထရမ့်အား သီးသန့် အသိပေးပြောကြားခဲ့သည်ဟု အမေရိကန် သတင်းစာ Wall Street Journal ၏ စက်တင်ဘာ ၉ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
-------------------
(Chinese Version)
特朗普称“不后悔”发动伊朗战争
新华社华盛顿9月10日电 美国总统特朗普10日称,他“不后悔”发动伊朗战争,“如果重新选择,我还会做出完全一样的决定”。
特朗普当天在接受美国福克斯新闻频道采访时被问及,即便此举会影响美国中期选举,他是否仍会对伊朗采取军事行动。特朗普称:“可要是我们按兵不动,伊朗突然拥有了核武器呢?他们一定会动用的。”他还称,一旦拥有核武器,伊朗将会“彻底摧毁”以色列和中东,进而攻击美国本土城市。
据美国《华尔街日报》9日报道,白宫高级官员私下向特朗普指出,美伊战事可能会持续至其总统任期结束。报道说,这与特朗普声称美国已击败伊朗军队、伊朗政权即将投降的说法相矛盾。
图说 :2025 年6月15日,在美国华盛顿白宫,美国总统特朗普准备登机。新华社记者 胡友松 摄








