
ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်း Everton Soares သည် ဖလာမင်ဂိုအသင်းမှ ဘရာဇီး စီးရီးအေ ပြိုင်ဘက် ဆန်းတို့စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း နှစ်ဘက်လုံးက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အသက် ၃၀ နှစ်အရွယ် Everton သည် ဖလာမင်ဂိုအသင်းနှင့် သဘောတူညီချက်ဖြင့် လမ်းခွဲခဲ့ပြီးနောက် လာမည့် ဒီဇင်ဘာအထိ သက်တမ်းရှိသည့် စာချုပ်တစ်ရပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ Everton သည် ၂၀၂၂ ခုနှစ်တွင် ဖလာမင်ဂိုအသင်းသို့ရောက်ရှိခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၁၉၃ ပွဲ ပါဝင်ကစားခဲ့ကာ ၂၁ ဂိုး သွင်းယူ နိုင်ခဲ့သည်။
Everton သည် ကစားသမားဘဝတွင် ဂရီမီယိုနှင့် ဘင်ဖီကာအပါအဝင် အခြားအသင်းများ၌လည်း ကစားခဲ့ဖူးသူဖြစ်သည်။
၎င်းသည် ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၂၅ ပွဲ ကစားခဲ့ပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့သည်။ (Xinhua)
…………….
(English Version)
Ex-Brazil forward Everton joins Santos
RIO DE JANEIRO, Sept. 9 (Xinhua) -- Former Brazil international forward Everton Soares has joined Santos from Brazilian Serie A rival Flamengo, both clubs said on Wednesday.
The 30-year-old agreed to a deal that runs until December after parting ways with Flamengo by mutual consent. Everton made 193 appearances across all competitions for Flamengo and scored 21 goals following his arrival in 2022.
His career has also included spells at Gremio and Benfica, among other clubs.
Everton has been capped 25 times for Brazil's national team and scored three goals.
Photo caption: Calleri (L) of Sao Paulo vies with Vitao of Flamengo during the 2026 Brazilian Serie A 20th round match between Flamengo and Sao Paulo at the Maracana Stadium in Rio de Janeiro, Brazil, July 26, 2026. (Photo by Daniel Ramalho/Xinhua)








