ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ကာလသားရောဂါ ကူးစက်ခံရသူ အရေအတွက်မှာ လျော့ကျသွားခြင်းမရှိဘဲ မြင့်မားသည့်အခြေအနေတွင် ဆက်လက်တည်ရှိနေပြီး ရောဂါကုသဆေး ပင်နီဆီလင် ပြတ်လပ်လျက်ရှိရာ အစောဆုံး လာမည့်နှစ် ဒုတိယနှစ်ဝက်မှသာ ဖြေရှင်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဂျပန်နိုင်ငံ Kyodo သတင်းဌာန၏ စက်တင်ဘာ ၉ ရက် သတင်းဖော်ပြချက်အရ အဆိုပါနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် အစီရင်ခံထားသည့် ကာလသားရောဂါ ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၈,၀၀၀ နီးပါးထိ တိုးမြင့်လာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၁၃,၀၀၀ ကျော်လွန်ခဲ့ကြောင်း သိရသည်။ ဆိုရှယ်မီဒီယာနှင့် မိတ်ဆွေဖွဲ့ အက်ပလီကေးရှင်းများ စည်းကမ်းမဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အတည်တကျမဟုတ်သော လူအများအပြားနှင့် လိင်ဆက်ဆံမှု တိုးပွားလာခြင်းသည် ဂျပန်နိုင်ငံ၌ ကာလသားရောဂါ ကူးစက်ပြန့်ပွားရခြင်း၏ အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။

ဂျပန်နိုင်ငံတွင် ပင်နီဆီလင်သည် ကာလသားရောဂါ ကုသရာ၌ ပထမဦးစားပေး ဆေးဝါးဖြစ်ပြီး မိခင်မှ သန္ဓေသားထံ ရောဂါကူးစက်မှုကို တားဆီးရန် အကြံပြုထားသည့် တစ်ခုတည်းသော ဆေးဝါးလည်း ဖြစ်သည်။ အမေရိကန် Pfizer ကုမ္ပဏီ၏ ထုတ်ကုန်နှင့် ထုတ်လုပ်မှု စက်ပစ္စည်းများတွင် လွန်ခဲ့သည့်နှစ်က ချို့ယွင်းချက်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လက်ရှိတွင် ဂျပန်ဈေးကွက်၌ ပင်နီဆီလင် ပြတ်လပ်နေရခြင်းဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီအနေဖြင့် နောက်နှစ် ဒုတိယနှစ်ဝက်တွင် ဆေးဝါး ပြန်လည်ဖြန့်ဖြူးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သတင်း၌ ဖော်ပြထားသည်။

ကာလသားရောဂါဆိုသည်မှာ Treponema pallidum ဘက်တီးရီးယားပိုး ကူးစက်ခံရမှုကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး အာရုံကြောနှင့် နှလုံးသွေးကြော အစရှိသော စနစ်အများအပြားကို ထိခိုက်ပျက်စီးစေနိုင်ကာ ယင်း၏ ကူးစက်သည့် နည်းလမ်းများတွင် လိင်ဆက်ဆံမှု အပါအဝင် ဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကာလသားရောဂါ ကူးစက်ခံရပါက သန္ဓေသားထံသို့ ကူးစက်သွားနိုင်ကြောင်း သိရသည်။ (Xinhua)

----------------

(Chinese Version)

日本梅毒患者增加而药物短缺

  新华社北京9月9日电 日本近年来梅毒患者数量居高不下,而治疗药物青霉素短缺,预计最早明年下半年才可能缓解。

  据日本共同社9日报道,该国2013年报告梅毒感染病例1000多例,2021年增至近8000例,2025年超过1.3万例。专家认为,社交媒体、交友软件的无序发展导致与不特定多人的性行为增加,是梅毒感染在日本扩散的一大原因。

  在日本,青霉素是治疗梅毒的首选药物,也是阻断梅毒在母婴间传播的唯一推荐药物。报道说,由于美国辉瑞公司的产品和生产设备去年出现问题,导致日本市场目前青霉素紧缺。该公司预计明年下半年可恢复发货。

  梅毒是由梅毒螺旋体感染引起的传染病,可导致神经、心血管等多系统损害,其传播方式包括性接触等。孕妇如果感染梅毒,可能会传染给胎儿。(荆晶)