၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၏ အားကစား ဝန်ဆောင်မှုဆိုင်ရာ သီးသန့် ပြခန်း၌ လာရောက်လေ့လာကြည့်ရှုကာ လေဆာသေနတ်ပစ်ခတ်မှုတွင် ပါဝင်စမ်းသပ်နေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၏ အားကစား ဝန်ဆောင်မှုဆိုင်ရာ သီးသန့် ပြခန်း၌ လာရောက်လေ့လာကြည့်ရှုကာ လေဆာသေနတ်ပစ်ခတ်မှုတွင် ပါဝင်စမ်းသပ်နေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

Brand Finance အုပ်စုသည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဝန်ဆောင်မှုကုန်သွယ်ရေး တန်ဖိုးအမြင့်ဆုံး အမှတ်တံဆိပ် ၁၀၀ အစီရင်ခံစာအား ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ (CIFTIS) ၌ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံမှ အမှတ်တံဆိပ် စုစုပေါင်း ၂၁ ခု စာရင်းတွင်ပါဝင်ခဲ့ပြီး အမှတ်တံဆိပ် တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၇၆.၇၇ ဘီလီယံရှိကာ အမှတ်တံဆိပ် ၁၀၀ စုစုပေါင်းတန်ဖိုး၏ ၁၉.၀၈ ရာခိုင်နှုန်းရှိသဖြင့် ကမ္ဘာ့ဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာ့တန်ဖိုးဖန်တီးမှုသည် ဒြပ်မဲ့ပိုင်ဆိုင်မှုများဘက်သို့ အရှိန်အဟုန်မြှင့် ကူးပြောင်းလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဝန်ဆောင်မှုကုန်သွယ်ရေး တန်ဖိုးအမြင့်ဆုံး အမှတ်တံဆိပ် ၁၀၀ ၏ တန်ဖိုးစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၄.၅၉၅ ထရီလီယံရှိပြီး ဒီဂျစ်တယ်၊ ဘဏ္ဍာရေး၊ စီးပွားရေးဝန်ဆောင်မှုနှင့် ခရီးသွားလာရေး နေထိုင်မှုဘဝ ဝန်ဆောင်မှုများမှာ အဓိက တန်ဖိုးထွက်ရှိရာ ပင်မအရင်းအမြစ်များဖြစ်လာကာ ဝန်ဆောင်မှုကုန်သွယ်ရေးသည် ဒြပ်မဲ့ပိုင်ဆိုင်မှုများ နယ်စပ်ဖြတ်ကျော်၍ ငွေကြေးအသွင်ပြောင်းလဲရေးအတွက် သော့ချက် လမ်းကြောင်းဖြစ်လာကြောင်း အစီရင်ခံစာ၌ သုံးသပ်ထားသည်။

ဒီဂျစ်တယ်ပလက်ဖောင်း၊ ဆက်သွယ်ရေးကွန်ရက်၊ အကြီးစား ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု အားသာချက်များကို အခြေပြု၍ တရုတ်နိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေး အမှတ်တံဆိပ် တန်ဖိုးသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာလျက်ရှိရာ “တရုတ်နိုင်ငံထုတ် (Made in China)” မှ “တရုတ်နိုင်ငံ ဝန်ဆောင်မှု (China Service)”၊ “တရုတ်နိုင်ငံ အမှတ်တံဆိပ် (China Brand)” သို့ တိုးချဲ့လာသည့် လမ်းကြောင်းသစ်ကို ထိရောက်စွာ ရောင်ပြန်ဟပ်နေခြင်းဖြစ်ကြောင်း Brand Finance အုပ်စု အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Alex Haigh က ပြောကြားခဲ့သည်။ (Xinhua)

၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး ကျင်းပနေသည်ကို၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး ကျင်းပနေသည်ကို၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

-------------------

(Chinese Version)

报告显示中国服务贸易品牌价值加速崛起

  新华社北京9月9日电(记者王聿昊、谢希瑶)品牌金融集团(Brand Finance)9日在2026年中国国际服务贸易交易会上发布2026全球服务贸易品牌价值100强报告。报告显示,中国共21个品牌入榜,品牌价值合计8767.7亿美元,占百强总价值的19.08%,位居全球第二。

  报告认为,全球价值创造正加速向无形资产转移,2026年全球服务贸易品牌价值100强的价值合计4.595万亿美元,数字、金融、商业服务与旅行生活服务成为主要价值来源,服务贸易成为无形资产跨境变现关键通道。

  品牌金融集团亚太区总裁亚历克斯·黑格表示,依托数字平台、通信网络、大型金融机构的协同优势,中国服务贸易品牌价值加速崛起,折射“中国制造”向“中国服务”“中国品牌”延伸的新趋势。

图说 1 : 9月9日,观众在服贸会体育服务专题展体验激光射击。新华社记者 张晨霖 摄

图说 2 :9月9日拍摄的2026年中国国际服务贸易交易会全球服务贸易峰会现场。新华社记者 陈益宸 摄