
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် ကနေဒါ-တရုတ် စီးပွားရေးကောင်စီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Andre Desmarais နှင့် စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဟယ်လိဖုန်းက ယခုနှစ် ဇန်နဝါရီလတွင် သမ္မတ ရှီကျင့်ဖိန်သည် ဝန်ကြီးချုပ် Mark Carney နှင့် တွေ့ဆုံခဲ့ပြီး တရုတ်-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပုံစံသစ် တည်ဆောက်ရေးကို တွန်းအားပေးရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေး ရှေ့သို့ တိုးတက်ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုအသစ်များ ချမှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ကနေဒါ စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူမျှဝေခံစားကြရန် ကြိုဆိုကြောင်း၊ ကနေဒါ-တရုတ် စီးပွားရေးကောင်စီအနေဖြင့် ပေါင်းကူးတံတားသဖွယ် အခန်းကဏ္ဍမှ ပါဝင်ပြီး တရုတ်-ကနေဒါ ကုန်သွယ်စီးပွားရေး ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုပါဝင် အကျိုးပြု ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကနေဒါ စီးပွားရေးအသိုက်အဝန်းအနေဖြင့် တရုတ်နိုင်ငံ စီးပွားရေးအလားအလာအပေါ် ယုံကြည်မှု အပြည့်အဝရှိကြောင်း၊ ကနေဒါ-တရုတ် စီးပွားရေး ကောင်စီ အနေဖြင့် တရုတ်-ကနေဒါ စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ တိုးတက်စေရန် ဆက်လက် အားဖြည့်ဆောင်ရွက်သွားလိုကြောင်း Desmarais က ပြောကြားခဲ့သည်။ (Xinhua)
------------------
(Chinese Version)
何立峰会见加拿大加中贸易理事会名誉主席安德烈·德马雷
新华社北京9月9日电 中共中央政治局委员、国务院副总理何立峰9日下午在人民大会堂会见加拿大加中贸易理事会名誉主席安德烈·德马雷。
何立峰表示,今年1月习近平主席会见卡尼总理,双方一致同意推动构建中加新型战略伙伴关系,为两国关系向前发展作出新的战略指引。欢迎加拿大企业共享中国高质量发展机遇,希望加中贸易理事会发挥桥梁作用,为中加经贸关系发展作出更多贡献。
德马雷表示,加工商界对中国经济前景充满信心,加中贸易理事会愿继续助力加中经贸关系健康稳定发展。
图说 :Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee, meets with Andre Desmarais, honorary chairman of the Canada China Business Council (CCBC) at the Great Hall of the People in Beijing, capital of China, Sept. 9, 2026. (Xinhua/Li Tao)








