အိုက်စလန်နိုင်ငံ မြို့တော် ရေဂျာဗစ်မြို့ပြမြင်းကွင်းကို ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အိုက်စလန်နိုင်ငံ မြို့တော် ရေဂျာဗစ်မြို့ပြမြင်းကွင်းကို ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟယ်ဆင်ကီရှိ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်တွင် အိုက်စလန်နိုင်ငံကို “အမေရိကန်ပိုင်နက်မြေပုံအတွင်း ထည့်သွင်းဖော်ပြသော” ပို့စ်တင်ခဲ့မှုနှင့် ပတ်သက်၍ အိုက်စလန်ဝန်ကြီးချုပ် Kristrun Frostadottir က စက်တင်ဘာ ၈ ရက်တွင် ယင်းလုပ်ရပ်သည် ပြင်းထန်ဆိုးရွားသည့် သဘောသဘာဝရှိပြီး အလွန်ပင် ယုတ္တိမရှိကြောင်း ပြောကြားခဲ့သည်။

ထိုနေ့ အစိုးရသတင်းစာရှင်းလင်းပွဲ၌ Frostadottir က ပို့စ်ပါအကြောင်းအရာမှ ပေးပို့သည့်သတင်းစကားမှာ “အလွန်ပင် ယုတ္တိမရှိ” ဘဲ အိုက်စလန်နိုင်ငံသား၊ ကနေဒါနိုင်ငံသားနှင့် ဂရင်းလန်းကျွန်းဒေသခံများအပေါ် စော်ကားလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “နိုင်ငံ အချုပ်အခြာအာဏာကို ဟာသလုပ်ခြင်းဟာ ရယ်စရာမကောင်းသလို ပုံမှန်လည်းမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ထရမ့်သည် စက်တင်ဘာ ၇ ရက်တွင် လူမှုကွန်ရက်၌ “မြေပုံ” တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ယင်းတွင် အမေရိကန်အလံ၏ အနီနှင့်အဖြူအစင်းများက မက္ကဆီကို၊ ကာရေဘီယံဒေသ၊ ကနေဒါ၊ ဂရင်းလန်းကျွန်းနှင့် အိုက်စလန်တို့ကို လွှမ်းခြုံထားကာ “အမေရိကန်ပြည်ထောင်စု” ဟူသော စာသား ဖော်ပြထားသည်။

အိုက်စလန်နိုင်ငံခြားရေးဝန်ကြီး Thorgerdur Katrin Gunnarsdottir က အိုက်စလန်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ပြီး အခြားနိုင်ငံများက အိုက်စလန်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။

အိုက်စလန်နိုင်ငံပိုင်ရုပ်သံဌာန (RÚV) ၏ ဖော်ပြချက်အရ Gunnarsdottir သည် အိုက်စလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Billy Long အား ဆင့်ခေါ်ကာ အိုက်စလန်၏ ရပ်တည်ချက်ကို အတိအလင်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

............................

(Chinese Version)

冰岛总理:冰岛被“圈入美国版图”十分荒谬

新华社赫尔辛基9月8日电(记者朱昊晨)雷克雅未克消息:就美国总统特朗普在社交媒体发帖将冰岛“圈入美国版图”一事,冰岛总理克丽丝特伦·弗罗斯塔多蒂尔8日表示此举性质严重、十分荒谬。  

弗罗斯塔多蒂尔当天在政府新闻发布会上表示,帖文内容传递的信息“十分荒谬”,是对冰岛人、加拿大人和格陵兰岛民众的侮辱。“拿国家主权开玩笑,既不好笑,也不正常。”

特朗普7日在社交媒体上发布一张“地图”,显示美国国旗的红白条纹覆盖了墨西哥、加勒比地区、加拿大、格陵兰岛和冰岛等,并标注文字“美利坚合众国”。  

冰岛外交部长索尔杰尔迪·卡特琳·贡纳尔斯多蒂尔表示,冰岛是主权国家,他国无权左右冰岛的独立和主权。  

据冰岛国家广播公司报道,贡纳尔斯多蒂尔已召见美国驻冰岛大使比利·朗,明确传达冰岛立场。(完)

图说:这是3月15日拍摄的冰岛首都雷克雅未克市区景观。新华社记者张帆摄