
ရီယတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံ Abha ၊ Jazan ၊ Najran စသည့် မြို့များရှိ အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Turki al-Malki က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုသည် ဆော်ဒီအာရေဗျ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ဆော်ဒီပြည်သူများ၏ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိကြောင်း Malki က လူမှုမီဒီယာပေါ်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ ညွန့်ပေါင်းတပ်ဖွဲ့အနေဖြင့် ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့အား ဟန့်တားရန်နှင့် ပြတ်ပြတ်သားသား တန်ပြန်တိုက်ခိုက်ရန် လိုအပ်သည့် အစီအမံများအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ထိုနေ့နံနက်ပိုင်းက ဆော်ဒီအာရေဗျနိုင်ငံတောင်ပိုင်းဒေသရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ အများအပြား တိုက်ခိုက်ခံခဲ့ရကြောင်း၊ တိုက်ခိုက်မှုကြောင့် နေရာအတော်များများတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အချို့သော အဆောက်အအုံများ လည်ပတ်မှု ယာယီရပ်ဆိုင်းသွားခဲ့ကြောင်း ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများအား ဆေးကုသမှု ပေးလျက်ရှိပြီး အခြေအနေ ဆန်းစစ်ချက်နှင့် နောက်ဆက်တွဲ ကိုင်တွယ်ဖြေရှင်းရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်၍ ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ ဆော်ဒီအာရေဗျအနေဖြင့် ၎င်း၏ ပိုင်နက်နယ်မြေနှင့် အရင်းအမြစ်များကို ဦးတည်သည့် မည်သည့်တိုက်ခိုက်မှုကိုမျှ လုံးဝသည်းခံမည်မဟုတ်ကြောင်းနှင့် နိုင်ငံတကာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)
------------------
(Chinese Version)
沙特主导联军称也门胡塞武装袭击致73人受伤
新华社利雅得9月8日电(记者罗晨 王海洲)沙特阿拉伯主导的多国联军发言人图尔基·马利基8日说,也门胡塞武装对沙特艾卜哈、贾赞、奈季兰等城市的民用和经济设施发动袭击,造成包括妇女和儿童在内的73名平民受伤。
马利基在社交媒体上发表声明说,袭击公然侵犯沙特主权,并对沙特民众安全构成直接威胁。多国联军将采取一切必要措施,对也门胡塞武装形成威慑并坚决予以回击。
沙特能源部8日发表声明说,该国南部地区多处能源设施当天上午遭袭,袭击导致多个地点发生火灾,部分设施暂时中断运营。伤者正在接受治疗,评估和后续处置工作仍在进行中。
沙特外交部同日发表声明谴责也门胡塞武装的袭击。声明说,沙特绝不容忍任何针对其领土和资源的袭击,将依据国际法采取行动。
图说 : 这张胡塞媒体中心8月9日提供的照片显示的是,胡塞武装在一未知地点发射无人机。新华社发(胡塞媒体中心供图)








