နီပေါနိုင်ငံ Nuwakot ခရိုင်ရှိ နီပေါဘက် ရှေ့တန်းကယ်ဆယ်ရေးညွန်ကြားမှုစင်တာ၌ တရုတ်နိုင်ငံမှ လိုဏ်ခေါင်းကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင်များ ရှာဖွေရေးမစ်ရှင်တစ်ကြိမ် လုပ်ဆောင်ပြီးနောက် ပြန်လာသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နီပေါနိုင်ငံ Nuwakot ခရိုင်ရှိ နီပေါဘက် ရှေ့တန်းကယ်ဆယ်ရေးညွန်ကြားမှုစင်တာ၌ တရုတ်နိုင်ငံမှ လိုဏ်ခေါင်းကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင်များ ရှာဖွေရေးမစ်ရှင်တစ်ကြိမ် လုပ်ဆောင်ပြီးနောက် ပြန်လာသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)  

ဟိမဝန္တာတောင်တန်း၏ တောင်ဘက်တောင်ခြေတွင် ယခုအချိန်သည် မိုးရာသီဖြစ်ပြီး မိုးတိမ်များသည် ခဏအတွင်းမှာပင် လျင်မြန်စွာ ပြောင်းလဲတတ်ကြသည်။

စက်တင်ဘာ ၆ ရက်တွင် သတင်းထောက်သည် နီပေါနိုင်ငံ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့်ဒေသသို့ ကားဖြင့် ထပ်မံသွားရောက်ခဲ့ရာ နံနက်ပိုင်းတွင် ရံဖန်ရံခါ နေသာသော်လည်း မွန်းလွဲပိုင်းတွင် မိုးရွာလာတတ်သည်။ ဘေးသင့်ဒေသ၏ ရှေ့တန်းတွင် ဆက်လက်လုပ်ဆောင်နေကြသည့် ကယ်ဆယ်ရေးအဖွဲ့များအတွက် ရာသီဥတုပြောင်းလဲမှုကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများ၏ ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုတို့အပေါ် သက်ရောက်မှုရှိသည်။

ဩဂုတ် ၂၆ ရက်တွင် နီပေါနိုင်ငံ၌ ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ မိုးလေဝသနှင့် ရေအရင်းအမြစ်ဆိုင်ရာ ဌာနများသည် နီပေါနိုင်ငံနှင့် လျင်မြန်စွာ ဆက်သွယ်မှုပြုလုပ်ကာ စောင့်ကြည့်လေ့လာမှုဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် ပူးတွဲညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

“မိုးရွာသွန်းမှုနဲ့ လေ့လာစောင့်ကြည့်မှုဆိုင်ရာ အချက်အလက်တွေ ပံ့ပိုးပေးနိုင်မလား။ ဂြိုဟ်တု စောင့်ကြည့်လေ့လာရေးနဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်တွေ ပံ့ပိုးပေးနိုင်မလား” ဟု ဗီဒီယိုမှတစ်ဆင့် မိုးလေဝသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအတွင်း နီပေါဘက် ကျွမ်းကျင်ပညာရှင်များက တရုတ်ဘက်သို့ အရေးတကြီး လိုအပ်ချက်များကို အဆိုပြုခဲ့ကြသည်။

တရုတ်မိုးလေဝသဌာနသည် ချက်ချင်းပင် ဖုန်ယွင်မိုးလေဝသဂြိုဟ်တု၏ နိုင်ငံတကာအသုံးပြုသူများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး အရေးပေါ်ပံ့ပိုးမှုယန္တရားကို စတင်အသုံးပြုကာ တရုတ်မိုးလေဝသဆိုင်ရာ AI စွမ်းအင်သုံး ကြိုတင်သတိပေးချက်အစီအစဉ် “MAZU (မားကျူ)” ဖြင့် နီပေါထံ အရင်းအမြစ်စုံလင်သော ဂြိုဟ်တုအချက်အလက်များနှင့် ထုတ်ကုန်များ ပံ့ပိုးပေးကာ နယ်စပ်ဖြတ်ကျော် ဘေးအန္တရာယ်စောင့်ကြည့်လေ့လာရေးနှင့် အရေးပေါ် မိုးလေဝသဝန်ဆောင်မှုများအတွက် အထောက်အပံ့ ပြုလုပ်ခဲ့သည်။

နီပေါ၏ ပိုမိုအသေးစိတ်ကျသည့် လိုအပ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် “MAZU” ကို နီပေါနိုင်ငံအတွက် အထူးလုပ်ပေးသော Cloud ဗားရှင်းကို အရေးပေါ် ထုတ်လုပ်ကာ စမ်းသပ်အသုံးပြုနိုင်ရန် နီပေါနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ လက်ရှိတွင် အဆိုပါစနစ်သည် ဖုန်ယွင်မိုးလေဝသဂြိုဟ်တုထုတ်ကုန်များနှင့် အချိန်နှင့်တပြေးညီ ချိတ်ဆက်မှု ရရှိထားပြီး ထုတ်ကုန်များတွင် လျင်မြန်စွာစကင်ဖတ်ပုံရိပ်ဖော်ခြင်းစသည့် အကြောင်းအရာများလည်း ပါဝင်သည်။

“လတ်တလော ဘေးအန္တရာယ်ကာလအတွင်း နီပေါနိုင်ငံကို အချိန်မီ ပံ့ပိုးကူညီမှုပေးခဲ့တဲ့အတွက် တရုတ်မိုးလေဝသဌာနကို ကျေးဇူးတင်ရှိပါတယ်” ဟု နီပေါမိုးလေဝသဌာနက မကြာသေးမီရက်က ကျေးဇူးတင်ကြောင်း စာလွှာပေးပို့ခဲ့သည်။ နီပေါမိုးလေဝသဌာနမှ အဆင့်မြင့် မိုးလေဝသလေ့လာသုံးသပ်ပညာရှင် Bikash Nepal က တရုတ်ဘက်မှ ပံ့ပိုးမှုများသည် နီပေါနိုင်ငံ၏ မိုးလေဝသဘေးအန္တရာယ် စောင့်ကြည့်လေ့လာရေးနှင့် ကြိုတင်သတိပေးချက် စွမ်းရည်ကို မြှင့်တင်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

ဂြိုဟ်တုများသည် အာကာသမှ မိုးတိမ်နှင့် မိုးရေကို စောင့်ကြည့်လေ့လာလျက်ရှိပြီး ရှေ့တန်းကယ်ဆယ်ရေးလုပ်ငန်းများက တောင်တန်းများအကြား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ ဘေးဒဏ်သင့်ဒေသ၌ လက်ရှိတွင် မော်တော်ကားဖြင့် မြစ်အောက်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်သည်ကို သတင်းထောက်က တွေ့ရှိခဲ့ရသော်လည်း မြစ်အထက်ပိုင်း အဓိကကယ်ဆယ်ရေးနယ်မြေသို့မူ ရဟတ်ယာဉ်ဖြင့်သာ ဝင်ရောက်နိုင်သည်။ ရှုပ်ထွေး၍ ပြောင်းလဲလွယ်သော တောင်တန်းဒေသ၏ ရာသီဥတုမှာ အချိန်နှင့်အမျှ သတိပြုစောင့်ကြည့်နေရမည့် ပြောင်းလဲနေသော အကြောင်းရင်းတစ်ခု ဖြစ်သည်။

နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းအတိုင်ပင်ခံ Jagdishwar Pandey က တရုတ်နိုင်ငံသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုတွင် ကြွယ်ဝသော အတွေ့အကြုံနှင့် အဆင့်မြင့်နည်းပညာများ ရှိကြောင်း၊ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်မျှဝေခြင်းနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ခြင်းသည် ဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိသည်ဟု ပြောကြားခဲ့သည်။ “နီပေါနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ အကူအညီတွေကို အလွန်တန်ဖိုးထားပြီး ကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “နှစ်နိုင်ငံအကြား ထူထောင်ထားပြီးဖြစ်တဲ့ အပြန်အလှန်ယုံကြည်မှုနဲ့ စနစ်ကျတဲ့ ယန္တရားတွေက အရေးပေါ်အခြေအနေအတွင်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ချပေးခဲ့တယ်” ဟု ၎င်းက ဆိုခဲ့သည်။

“ရာသီဥတုမှာ နယ်နိမိတ်ဆိုတာ မရှိပါ” ဟု Nepal ဘက်က ပြောကြားကာ တရုတ်နိုင်ငံနှင့်အတူ မိုးလေဝသလေ့လာစောင့်ကြည့်ရေး၊ ဂြိုဟ်တုနှင့် ရေဒါသတင်းအချက်အလက်များ စသည်တို့ကို တစ်ဆင့်တိုး မျှဝေရန်၊ အစောပိုင်း ကြိုတင်သတိပေးစနစ် အသုံးချမှုစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရာသီဥတုအခြေအနေများကို စောင့်ကြည့်ခြင်း၊ ခန့်မှန်းခြင်းနှင့် ကြိုတင်သတိပေးခြင်း စွမ်းရည်များ မြှင့်တင်ရေး အထောက်အကူပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

............................

(Chinese Version)

中国气象科技助力尼泊尔泥石流灾后救援

新华社加德满都9月8日电 题:中国气象科技助力尼泊尔泥石流灾后救援

新华社记者

喜马拉雅山脉南麓正值雨季,云雨来去瞬息万变。

9月6日,记者再度驱车进入尼泊尔泥石流灾区,上午还偶见阳光,下午便迎来降雨。对仍在灾区一线作业的救援队伍而言,及时掌握气象变化,关系到救援行动的安全与效率。

8月26日尼泊尔发生泥石流灾害后,中国气象、水利等部门迅速与尼方建立联系,共享监测信息并开展联合会商。

“是否能够提供降水和观测数据?能否提供卫星监测相关产品?”视频天气会商期间,尼方专家向中方提出迫切需求。

中国气象局立即启动风云气象卫星国际用户防灾减灾应急保障机制,依托中国气象智能预警方案“妈祖”向尼方提供多源卫星数据及产品,为跨境灾害监测和应急气象服务提供支撑。

针对尼方更具体的需求,中方紧急开发“妈祖”尼泊尔云端定制版并交付尼方试用。目前,该系统已实现与风云气象卫星产品的实时对接,产品涵盖快速扫描成像等内容。

“感谢中国气象局在近期灾害期间及时为尼泊尔提供支持。”尼泊尔气象局日前致函表达感谢。尼泊尔气象局高级气象分析师比卡什·内帕尔说,来自中方的支持增强了尼泊尔对气象灾害的监测和早期预警能力。

卫星在太空观测云雨,一线救援仍在山间继续。记者在灾区看到,目前尚能乘车进入相对下游区域,而上游核心救援区域仅能依靠直升机进入。复杂多变的山区天气是需要时刻警惕的变量。

尼泊尔外交部长新闻顾问贾格迪肖尔·潘戴说,中国在灾害管理和应急响应方面拥有丰富经验和先进技术,及时的信息共享和技术合作对灾害应对具有重要意义。“尼方高度赞赏和感谢中方的支持与援助。”他说,“两国之间已经建立的互信和制度化机制,为双方在紧急情况下开展合作奠定了坚实基础。”

“天气没有国界。”内帕尔表示,期待与中方进一步共享气象观测、卫星和雷达信息等,在早期预警系统应用等领域加强合作,助力提升对灾害性天气的监测、预报和预警能力。(完)

图说:8月31日,在尼泊尔努瓦果德县的尼方前线救援指挥中心,中国隧道救援专家完成一次搜寻任务后返回。新华社记者 刘天 摄