
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီ မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတကာ မသန်စွမ်းသူများ အားကစားကော်မတီ သီချင်း၏ ပထမဆုံးသံစဉ်အား တီးမှုတ်ခဲ့သူ ဝမ်ထိုက်ဖန်သည် မကြာသေးမီက ၎င်း၏ တက္ကသိုလ်ကျောင်းသားဘဝကို စတင်ခဲ့သည်။ စာသင်နှစ်အစတွင် ၎င်းသည် ဂီတအထူးပြုဘာသာရပ်၏ တက္ကသိုလ် ပထမနှစ် ကျောင်းသားအနေဖြင့် ပေကျင်းပူးတွဲတက္ကသိုလ် အထူးပညာရေးအင်စတီကျုသို့ သွားရောက်ခဲ့သည်။
ဝမ်ထိုက်ဖန်သည် တရုတ်နိုင်ငံ ချုံချင့်မြို့ ထုန်လျန်ခရိုင်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်တွင် မျက်စိရောဂါကြောင့် အလင်းကွယ်သွားခဲ့ရသည်။ ချုံချင့်မြို့ အထူးပညာရေးစင်တာသို့ ရောက်ရှိပြီးနောက် ၎င်းသည် ဆရာ၊ ဆရာများ၏ အကူအညီဖြင့် ထရမ်းပက်တူရိယာကို လေ့လာသင်ယူခဲ့ကာ မျက်မမြင် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသော ယန်ဖန်ဂီတအဖွဲ့၌ ပါဝင်ခဲ့သည်။
တဖြည်းဖြည်းနှင့် ထရမ်းပက်ကြောင့် ဝမ်ထိုက်ဖန်သည် ပိုမိုကျယ်ပြောသော ကမ္ဘာကြီးအကြောင်း “တွေ့မြင်” လာရပြီး ၎င်းက ဂီတအဖွဲ့မှ အဖွဲ့ဝင်များနှင့်အတူ မြို့များစွာသို့ သွားရောက်ကာ ပိုမိုကြီးမားသော စင်မြင့်ထက်သို့ တက်ရောက်နိုင်ခဲ့သည်။ တက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်သွားသည့် တစ်ချိန်တည်းတွင် ဝမ်ထိုက်ဖန်ကလည်း နောက်တစ်ကြိမ်စင်မြင့်ဖြစ်သော ၎င်းကိုယ်တိုင် တစ်ကိုယ်ရေ ဂီတဖျော်ဖြေပွဲတစ်ပွဲကို မျှော်လင့်လျက်ရှိပေသည်။ (Xinhua)
---------------------
(Chinese Version)
黑暗中吹响追梦之音
新华社照片,北京,2026年9月8日
曾在北京2022年冬残奥会开幕式上吹响国际残奥委会会歌第一声旋律的王太樊,近日开启了他的大学生活。新学期伊始,他作为音乐学专业的大一新生走进北京联合大学特殊教育学院。
王太樊出生在重庆铜梁,12岁时因眼疾失去了视力。进入重庆市特殊教育中心后,他在老师的帮助下学习小号,并加入了由视障学生组成的扬帆管乐团。渐渐地,小号带着王太樊“看见”了更广阔的世界,他和乐团伙伴们走过了许多城市。站上更大的舞台。走进大学校园的同时,王太樊期待着下一个舞台,一个属于自己的独奏音乐会。
图说1:在重庆市铜梁区大庙镇双胜村,王太樊在户外练习小号(9月5日摄)。 新华社记者 黄伟 摄
图说2:在重庆市特殊教育中心的练习室内,王太樊(右二)带着视障孩子了解小号的构造(6月10日摄)。新华社记者 黄伟 摄








