တရုတ်နိုင်ငံ ဟူပေပြည်နယ် ရွှမ်းအန်းခရိုင် ကုန့်ဆွေမြစ်ကမ်းပါးတစ်လျှောက်တွင် နဂါးလှေလှော်ပြိုင်ပွဲကြည့်ရှုနေကြသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် ရွှမ်းအန်းခရိုင် ကုန့်ဆွေမြစ်ကမ်းပါးတစ်လျှောက်တွင် နဂါးလှေလှော်ပြိုင်ပွဲကြည့်ရှုနေကြသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရွှမ်းအန်း (ဟူပေ)၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မကြာသေးမီရက်များအတွင်း တရုတ်နိုင်ငံ ဟူပေပြည်နယ်၏ ၁၁ ကြိမ်မြောက် တိုင်းရင်းသား ရိုးရာအားကစားပြိုင်ပွဲကို ဟူပေပြည်နယ် ရွှမ်းအန်း ခရိုင်တွင် ကျင်းပခဲ့ပြီး ကုန့်ဆွေမြစ်ကမ်းပါးတစ်လျှောက်တွင် တိုင်းရင်းသားလူမျိုးစုပေါင်းစုံမှ အားကစားသမားများ ယှဉ်ပြိုင်ကစားကာ ရိုးရာယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အလှည့်ကျ ပြသဖျော်ဖြေခဲ့ကြသည်။

ထိုဒေသသည် တောတောင်ရေမြေဂေဟစနစ်နှင့် တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ယဉ်ကျေးမှုအရင်းအမြစ်များ အားသာချက်ကို အခြေခံ၍ “ယဉ်ကျေးမှု + အားကစား + ခရီးသွားလုပ်ငန်း” ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသစ်ကို စူးစမ်းရှာဖွေတီထွင်ကာ ပြိုင်ပွဲကျင်းပရာနေရာများကို မြို့ပြနှင့် တောတောင်ရေမြေဒေသများကြားသို့ ရွှေ့ပြောင်းကျင်းပခဲ့သည်။ အကြီးစားပြိုင်ပွဲများနှင့် ဒေသဖြတ်ကျော် ဒြပ်မဲ့ယဉ်ကျေးမှုဖလှယ်ရေး စသည်တို့ကို အသုံးချကာ “ရိုမန်တစ် ရွှမ်းအန်း” ဟူသော ယဉ်ကျေးမှုခရီးသွားနာမည်ကတ်ကို စွမ်းဆောင်ရည်မြှင့်တင်ပေးလျက်ရှိပြီး တောင်တန်းဒေသများတွင် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း နက်ရှိုင်းစွာ ပေါင်းစည်းထားသည့်၊ ခရိုင်အဆင့်ဒေသ စီးပွားရေးအရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် ထူးခြားသောလမ်းကြောင်းတစ်ခုကို လျှောက်လှမ်းခဲ့သည်။ (Xinhua)

.................................

(Chinese Version)

湖北宣恩:以赛为媒聚人气 文体旅融合促发展

新华社照片,宣恩(湖北),2026年9月7日

近日,湖北省第十一届少数民族传统体育运动会在湖北省宣恩县举办,热闹非凡的贡水河畔各族健儿同台竞技,非遗民俗轮番展演。当地立足山水生态与多民族文化资源优势,探索创新“文化+体育+旅游”发展新路径,把赛场搬进城市及山水之间,借助大型赛会、跨区域非遗文化交流等赋能“浪漫宣恩”文旅名片,走出一条山区文体旅深度融合、助推县域经济高质量发展的特色之路。

图说1:9月7日,人们在湖北省宣恩县贡水河畔观赏龙舟比赛。 新华社发(宋文摄)

图说2:9月4日晚,来自吉林省的舞蹈表演团队在湖北省宣恩县贡水河畔进行展演。新华社发(宋文摄)