
ရှင်းကျန်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပပြီးနောက်ပိုင်း တရုတ်နိုင်ငံ ရှင်းကျန်းဒေသသည် ဒီဂျစ်တယ်နည်းပညာနှင့် ထူးခြားချက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နက်ရှိုင်းစွာ ပေါင်းစည်းမှုကို ဆက်လက်တွန်းအားပေးခဲ့ပြီး နည်းပညာဆန်းသစ်တီထွင်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်လုပ်မှုပုံစံကို ပြန်လည်ပုံဖော်ကာ စက်မှုကွင်းဆက်ကို တိုးချဲ့၍ စက်မှုလုပ်ငန်းတန်ဖိုးကို မြှင့်တင်ပေးခဲ့ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သော မောင်းနှင်အားများ ဖြည့်ဆည်းပေးလျက်ရှိသည်။
ဂြိုဟ်တု အဝေးထိန်းစနစ် ၊ အင်တာနက်ချိတ်ဆက်နည်းပညာ (IoT) နှင့် စမတ်စိုက်ပျိုးရေး ပလက်ဖောင်းများကို စိုက်ပျိုးမြေများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပြီး ဝါသီးနှံ အပါအဝင် အဓိက စိုက်ပျိုးရေးသီးနှံများကို စမတ်အသွင်၊ စက်မှုအသွင် ပမာဏအမြောက်အမြား စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သလို စမတ်မွေးမြူရေးစနစ်ဖြင့်လည်း မွေးမြူရေး လုပ်ငန်းစဉ် လိုက်လံစုံစမ်းစစ်ဆေးသည့် စနစ်ကို “ဒစ်ဂျစ်တယ်ဦးနှောက်” တပ်ဆင်ပေးနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဒေသအသီးသီးသည် မိမိတို့၏ ဒေသထွက် စိုက်ပျိုးမွေးမြူရေး အရင်းအမြစ်များကို အခြေခံ၍ ကွင်းဆက်ပြည့် ထုတ်လုပ်မှုပုံစံကို ပြည့်စုံအောင် တည်ဆောက်လျက် ရှိသည်။ စိုက်ပျိုးမွေးမြူရေး၊ အနုစိတ်ကုန်ချောထုတ်လုပ်ရေးနှင့် ယဉ်ကျေးမှု-ခရီးသွား စားသုံးမှုကဏ္ဍများကို အပြည့်အဝ ပေါင်းစည်းကာ ဒေသထွက် စိုက်ပျိုးရေး ထုတ်ကုန် အမှတ်တံဆိပ်များ ပျိုးထောင် တိုးချဲ့ပြီး တိုင်းရင်းသား ပြည်သူများ၏ ဝင်ငွေကို တည်ငြိမ်စွာ တိုးတက်လာအောင် တွန်းအားပေး ဆောင်ရွက်လျက် ရှိသည်။
သိပ္ပံနှင့် နည်းပညာ တီထွင်ဖန်တီးမှုများသည် ရှင်းကျန်းဒေသ၏ ကျယ်ပြန့်သော မြေဩဇာကောင်းသည့် မြေဆီလွှာတွင် ဖွံ့ဖြိုးတိုးတက်မှု စွမ်းအားများကို ဆက်လက် လှုံ့ဆော်ပေးလျက် ရှိသည်။ ခေတ်မီ စိုက်ပျိုးရေးကို ဒစ်ဂျစ်တယ်အသွင်၊ ထိရောက်မှု မြင့်မားသည့်အသွင်နှင့် အမှတ်တံဆိပ် အသွင်များဆီသို့ အဆင့်မြှင့်တင် ပေးနေပြီး ပြည်သူများ ကြွယ်ဝချမ်းသာရေး၊ ရှင်းကျန်းဒေသ စည်ပင်သာယာရေးနှင့် ကျေးလက်ဒေသ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခိုင်မာသော စက်မှုအခြေခံအုတ်မြစ်တည်ဆောက်ပေးလျက် ရှိသည်။ (Xinhua)
--------------------
(Chinese Version)
创新智造看新疆——科技赋能绘就新疆现代农牧业新画卷
党的二十大以来,新疆持续推动数字技术与特色农牧业深度融合,以科技创新重塑农牧业生产模式、延伸产业链条、提升产业价值,为乡村全面振兴注入持久动力。
卫星遥感、物联网、智慧农业平台广泛应用于田间地头,棉花等大宗农作物实现智能化、规模化种植,智慧畜牧体系为养殖溯源装上“数字大脑”。同时,各地立足特色农牧业资源,健全全产业链发展模式,推动种植养殖、精深加工、文旅消费深度融合,培育壮大一批特色农产品品牌,带动各族群众稳定增收。
科技创新持续激活新疆广袤沃土的发展活力,推动现代农业向数字化、高效化、品牌化迭代升级,为富民兴疆、全面推进乡村振兴筑牢产业根基。
图说 1 : 在新疆伊宁市的伊犁紫苏丽人生物科技有限公司,工作人员在直播销售薰衣草产品(9月2日摄)。新华社记者 丁磊 摄
图说 2 :在新疆伊宁市的伊犁紫苏丽人生物科技有限公司,工作人员在研发中心对原料进行检测(9月2日摄)。新华社记者 丁磊 摄








