တရုတ်နိုင်ငံ ကန်းစုပြည်နယ် လုန်နန်မြို့ စီးပွားဖြစ်သစ်တော သုတေသနဌာန သံလွင်ဆီခံစားချက် သုံးသပ်မှု လက်တွေ့စမ်းသပ်ခန်းတွင် ပြိုင်ပွဲ အကဲဖြတ်ဒိုင်လူကြီးများက စစ်ဆေးရန် ပို့ဆောင်လာသော သံလွင်ဆီနမူနာအား အကဲဖြတ်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကန်းစုပြည်နယ် လုန်နန်မြို့ စီးပွားဖြစ်သစ်တော သုတေသနဌာန သံလွင်ဆီခံစားချက် သုံးသပ်မှု လက်တွေ့စမ်းသပ်ခန်းတွင် ပြိုင်ပွဲ အကဲဖြတ်ဒိုင်လူကြီးများက စစ်ဆေးရန် ပို့ဆောင်လာသော သံလွင်ဆီနမူနာအား အကဲဖြတ်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လုန်နန် (ကန်းစု)၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ဩစတြေးလျ နိုင်ငံတကာသံလွင်သီးပြိုင်ပွဲ တရုတ်ပြိုင်ပွဲ အကဲဖြတ်မှုလုပ်ငန်းကို စက်တင်ဘာ ၆ ရက်မှ စက်တင်ဘာ ၇ ရက်အထိ တရုတ်နိုင်ငံ ကန်းစုပြည်နယ် လုန်နန်မြို့ ဝူတူးခရိုင်၌ ကျင်းပခဲ့သည်။ ကမ္ဘာ့သံလွင်သီး ကျွမ်းကျင်ပြိုင်ပွဲအနေဖြင့် ယခုအကြိမ်ပြိုင်ပွဲကို တစ်ကမ္ဘာလုံး ပြိုင်ပွဲကျင်းပနေရာ ၆ ခုတွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့ရာ စပိန်၊ အီတလီ၊ ဂရိ၊ ဩစတြေးလျ၊ တရုတ် စသည့်နိုင်ငံများမှ အရည်အသွေးမြင့် သံလွင်ဆီနမူနာများသည် အမည်မဖော် ပေးပို့မှု၊ အမည်မသိ အကဲဖြတ်မှု ပုံစံဖြင့် ပြိုင်ပွဲကျင်းပရာနေရာအသီးသီး၌ ယှဉ်ပြိုင်ခဲ့ကြသည်။

လုန်နန်မြို့ ဝူတူးခရိုင်သည် “တရုတ်နိုင်ငံ သံလွင်သီးဇာတိ” အဖြစ် တင်စားခေါ်ဝေါ်ခံရသည်။ ဒေသတွင်း၌ သံလွင်သီး စိုက်ပျိုးသည့်ဧရိယာသည် တရုတ်ဧက မူ (‌Mu) ၆၄၀,၀၀၀ အထိ ရှိပြီဖြစ်ပြီး အထွေထွေ ကုန်ထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၄ ဘီလီယံကျော်ရှိလာပြီဖြစ်ရာ မျိုးကောင်းမျိုးသန့်ပျိုးထောင်မှု၊ စံနှုန်းမီ စိုက်ပျိုးမှုမှသည် အနုစိတ် နက်ရှိုင်းစွာ ကုန်ချောထုတ်လုပ်မှုအထိ ပြည့်စုံသော ကုန်ထုတ်လုပ်ကွင်းဆက်အဖြစ် ပုံပေါ်လာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

“中国油橄榄之乡”迎来国际油橄榄大赛

新华社照片,陇南(甘肃),2026年9月7日

9月6日至7日,2026澳大利亚国际油橄榄大赛中国赛点评审工作在甘肃省陇南市武都区举行。作为全球油橄榄专业赛事,本届大赛在全球同步设立六个赛点,来自西班牙、意大利、希腊、澳大利亚、中国等国家的优质橄榄油样品,以盲送盲评方式在各赛点同台竞技。

陇南市武都区被誉为“中国油橄榄之乡”,当地油橄榄种植面积已达64万亩,综合产值突破40亿元,形成了从良种繁育、标准化种植到精深加工的完整产业链。

图说1、2:9月6日,在陇南市经济林研究院橄榄油感官分析实验室,赛事裁判员品鉴送审的橄榄油样品。 新华社记者 郎兵兵 摄

图说3:9月6日,在陇南市经济林研究院橄榄油感官分析实验室,工作人员整理橄榄油样品。新华社记者 郎兵兵 摄