
အီရန်က ဟော်မုဇ်ရေလက်ကြားအပြင်ဘက်ကို “ကန့်သတ်ဇုန်” ကြေညာမည်ဟု ထိပ်တန်းလုံခြုံရေးအရာရှိ ပြော
အီရန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mohsen Rezaei က လာမည့်ရက်ပိုင်းအတွင်း ဟော်မုဇ်ရေလက်ကြားအပြင်ဘက်၌ “ကန့်သတ်ဇုန်” တစ်ခု ကြေညာမည်ဖြစ်ပြီး အဆိုပါဧရိယာမှ ဖြတ်သန်းရန် ကြိုးပမ်းသည့် မည်သည့်သင်္ဘောမဆို အီရန်၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းမည်ဟု ပြောကြားခဲ့သည်။
အဆိုပါကန့်သတ်ဇုန်သည် “အမေရိကန်ရေတပ်၏ ပိတ်ဆို့တားဆီးမှု စတင်သည့်မျဉ်းမှ ဟော်မုဇ်ရေလက်ကြားအထိ၊ ပြီးတော့ အဲဒီရေလက်ကြားရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ပါရှန်ပင်လယ်ကွေ့အတွင်းပိုင်းအထိ” ကျယ်ပြန့်မည်ဟု စက်တင်ဘာ ၆ ရက် ညပိုင်းက အစိုးရပိုင် IRIB ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် Rezaei က ပြောခဲ့သည်။
အီရန်နှင့် ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ အဆိုပါဇုန်အတွင်း ဝင်ရောက်လာသည့် သင်္ဘောများသည် ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းအရေးယူမှုများသည် သင်္ဘောအာမခံရရှိနိုင်မှုနှင့် အနာဂတ်တွင် ထိုရေလမ်းကြောင်းမှ ဖြတ်သန်းသွားလာနိုင်မှုတို့ကို ထိခိုက်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယီမင်နိုင်ငံ အနောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့နှင့် ဟူသီတို့ တိုက်ပွဲပြင်းထန်မှုကြောင့် အနည်းဆုံး လူ ၁၁၇ ဦး သေဆုံး
ယီမင်နိုင်ငံ အနောက်ပိုင်း Taiz နှင့် ဟိုဒေးဒါ ပြည်နယ်များတွင် ယီမင်အစိုးရတပ်ဖွဲ့များနှင့် ဟူသီအဖွဲ့တို့အကြား လေးရက်ကြာ ပြင်းထန်စွာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁၇ ဦး သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၆ ရက်တွင် ဆင်ဟွာကို ပြောကြားခဲ့သည်။
တိုက်ပွဲများ စတင်ခဲ့ချိန်မှစ၍ အစိုးရတပ်သား ၅၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အနောက်ဘက်ကမ်းရိုးတန်း ရှေ့တန်းနေရာများတွင် အစိုးရတပ်များနှင့်အတူ လိုက်ပါနေသည့် အမည်မဖော်လိုသူ အကြီးတန်း ဆေးဘက်ဆိုင်ရာအရာရှိတစ်ဦးက စက်တင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။
ထို့ပြင် ဟူသီတို့ ထိန်းချုပ်ထားသည့် အနောက်ပိုင်း ဟိုဒေးဒါပြည်နယ်ရှိ ဆေးရုံများမှ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်နှစ်ဦးကလည်း အဆိုအရ အလားတူကာလအတွင်း ဟူသီအဖွဲ့ဝင် ၆၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နှစ်ဖက်စလုံး၏ စုစုပေါင်းသေဆုံးသူဦးရေမှာ ၁၁၇ ဦးအထိ ရှိလာခဲ့သည်။
ဂါဇာမှ ပါလက်စတိုင်းများ နေရာရွှေ့ပြောင်းရန် မှတ်ချက်ပြုမှုများအပေါ် နိုင်ငံ ၈ နိုင်ငံ ပူးတွဲရှုတ်ချ
အီဂျစ်၊ ကာတာ၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဆော်ဒီအာရေဗျ၊ တူကီယဲ၊ အင်ဒိုနီးရှားနှင့် ပါကစ္စတန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းများကို ရွှေ့ပြောင်းရန် အစ္စရေးဝန်ကြီးနှစ်ဦး၏ ပြောဆိုချက်များကို စက်တင်ဘာ ၆ ရက်က ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။
ပူးတွဲကြေညာချက်တွင် အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir နှင့် ကာကွယ်ရေးဝန်ကြီး Israel Katz တို့၏ မကြာသေးမီက ပြောဆိုချက်များအပေါ် ဝန်ကြီးများက ရှုတ်ချခဲ့ကြပြီး ပါလက်စတိုင်းများကို “၎င်းတို့၏မြေမှ အတင်းအကျပ် ဖယ်ရှားရန်” ရည်ရွယ်သည့် အစီအစဉ်များနှင့် ယန္တရားများ အဆိုပြုထားခြင်းများ ပါဝင်ကြောင်း ပြောခဲ့သည်။
ဇယ်လန်းစကီးက အမေရိကန်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှု “အလွန်အကျိုးရှိ” ကြောင်း ပြော
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အမေရိကန်၏ အထူးကိုယ်စားလှယ်များဖြစ်သည့် Steve Witkoff နှင့် Jared Kushner တို့နှင့် စက်တင်ဘာ ၆ ရက်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများမှာ “အလွန်အကျိုးရှိကြောင်း” ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးသည် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး၊ ယူကရိန်းအတွက် လုံခြုံရေးနှင့် စီးပွားရေးအာမခံချက်များ၊ ဆောင်းရာသီအတွက် အထောက်အပံ့အစီအစဉ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း ဇယ်လန်းစကီးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“လေကြောင်းရန်ကာကွယ်ရေးနဲ့ စွမ်းအင်အထောက်အပံ့ နှစ်မျိုးစလုံးကို ကျွန်တော်တို့ အလွန်မျှော်လင့်နေပါတယ်။ အမေရိကန် LNG ဓာတ်ငွေ့ကို အသုံးပြုနိုင်မယ့် ပမာဏနဲ့ အခွင့်အလမ်းတွေ အများအပြားရရှိဖို့လည်း မျှော်လင့်နေပါတယ်” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Sept. 7
Iran to announce "restricted zone" outside Hormuz Strait: top security official
Secretary of Iran's Supreme National Security Council Mohsen Rezaei has said that his country would announce a restricted zone outside the Strait of Hormuz in the coming days and place any ship attempting to transit the area on Tehran's sanctions list.
In an interview with state-run IRIB TV, which was broadcast Sunday night, Rezaei said that the zone would extend from "the line where the U.S. naval blockade begins to the Strait of Hormuz region and inside the Persian Gulf on the other side (of the strait)."
Ships that enter the zone without coordination with Iran, he added, would face sanctions affecting their insurance coverage and future passage through the waterway.
At least 117 killed as gov't-Houthi fighting rages in western Yemen: sources
At least 117 people have been killed in four days of fierce clashes between Yemeni government forces and the Houthi group in the western provinces of Taiz and Hodeidah, medical officials told Xinhua on Sunday.
A senior medical official accompanying government forces on the western coast frontlines told Xinhua on condition of anonymity that 54 government soldiers had been killed and many others wounded since fighting erupted on Thursday.
Two medical sources at Houthi-run hospitals in western Hodeidah province said 63 Houthi members had been killed during the same period, bringing the combined death toll from both sides to 117.
8 countries jointly condemn Israeli ministers' Gaza displacement remarks
The foreign ministers of Egypt, Qatar, Jordan, the United Arab Emirates, Saudi Arabia, Türkiye, Indonesia and Pakistan on Sunday strongly condemned remarks by two Israeli ministers concerning the displacement of Palestinians from the Gaza Strip.
In a joint statement, the ministers condemned recent remarks by Israeli National Security Minister Itamar Ben-Gvir and Defense Minister Israel Katz, including proposals for plans and mechanisms aimed at "forcibly removing Palestinians from their land."
Zelensky says talks with U.S. envoys "very substantive"
Ukrainian President Volodymyr Zelensky said Sunday that talks with U.S. envoys, Steve Witkoff and Jared Kushner, were "very substantive."
The two sides discussed resuming negotiations on the Russia-Ukraine conflict, security and economic guarantees for Ukraine, and a winter support package, Zelensky told reporters at a briefing following the talks.
"We are very much counting on both air defense and energy support, and we are counting on a serious volume and possibilities of using American LNG," Zelensky said.








