အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ် ဖွင့်ပွဲအခမ်းအနား ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ် ဖွင့်ပွဲအခမ်းအနား ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ်ကို စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ဖိုရမ်ကျင်းပသည့် ထိုနေ့တွင်ပင် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု အောင်မြင်မှုရလဒ်များပြပွဲကို ကျင်းပခဲ့ရာ အာရှ-ပစိဖိတ် မီဒီယာများအနေဖြင့် သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှု တိုးမြှင့်အသုံးချဆောင်ရွက်ရေးစသည့် ကဏ္ဍများတွင် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရန်အတွက် ပလက်ဖောင်းတစ်ခု ဖန်တီးပေးခဲ့သည်။

အဆိုပါ အောင်မြင်မှုရလဒ်များပြပွဲတွင် စမတ် မီဒီယာ နည်းပညာ၊ Embodied AI ၊ စမတ်မြို့ပြ၊ စမတ်လူနေမှုဘဝဟူ၍ ကဏ္ဍကြီး ၄ ခု ခွဲခြားထားပြီး ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသမှ ကုမ္ပဏီ ၃၀ ကျော်သည် နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာထုတ်ကုန်များကို ယူဆောင်၍ ပါဝင်ပြသခဲ့ကြကာ ဒစ်ဂျစ်တယ် ဉာဏ်ရည်တုကဏ္ဍ၏ ခေတ်ရှေ့ပြေးသော စူးစမ်းရှာဖွေမှုနှင့် လက်တွေ့ဆောင်ရွက်မှု ရလဒ်များကို စုစည်းပြသခဲ့ကြသည်။

သတင်းမီဒီယာ ကဏ္ဍ၏ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းမှုဆိုင်ရာ အောင်မြင်မှုရလဒ်သစ်များသည် ယခုပြပွဲ၏ အဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။ AR မျက်မှန် တပ်ဆင်လိုက်ရုံဖြင့် ကြည့်လိုက်သည့်နေရာတိုင်းတွင် ရုပ်သံဒေတာများကို အချိန်နှင့်တစ်ပြေးညီ ချက်ချင်း ဖန်တီးပေးခြင်း၊ spatial camera အား ကိုင်ဆောင်၍ တစ်ပတ်ပတ်လိုက်ရုံဖြင့် သတင်းရယူသည့်နေရာကို "ကူးယူ" ကာ အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်သော 3D Digital Spatial Image များကို ဖန်တီးပေးနိုင်ခြင်း၊ အင်တာဗျူးပြုလုပ်သူ နှစ်ဖက်စလုံးက AI စကားပြန်နားကြပ် တစ်ဖက်စီ တပ်ဆင်ထားပါက ဘာသာစကား မတူညီပါကလည်း တိုက်ရိုက် စကားပြောဆိုနိုင်ခြင်းတို့သည် "စကားပြန်" တစ်ဦးကို ကိုယ်စီ ခေါ်ဆောင်ထားသည်နှင့် အလားတူပေသည်။

အဆိုပါ ခေတ်မီ နည်းပညာအသွင်အပြင်နှင့် လက်တွေ့အသုံးဝင်မှု နှစ်မျိုးလုံး ပြည့်စုံသည့် အဆင့်မြင့် စက်ကိရိယာအမျိုးမျိုးသည် သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုကို အသုံးချခြင်းဖြင့် လူတို့၏ အလုပ်နှင့် နေ့စဉ်ဘဝအတွက် ပုံရိပ်သစ်များ ပုံဖော်ပေးလျက်ရှိသည်ကို ဖော်ပြနေသလို အာရှ-ပစိဖိတ် မီဒီယာ ပေါင်းစပ်တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ကျယ်ပြန့်သော နယ်ပယ်သစ်များကို တိုးချဲ့ပေးခဲ့ကြောင်း ဖိုရမ်သို့လာရောက်ကြည့်ရှုကြသည့် ဧည့်သည်တော်များက ပြောကြားခဲ့သည်။ (Xinhua)

အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ ဧည့်သည်တော်များ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ်  (ဆင်ဟွာ)
အာရှ-ပစိဖိတ် မီဒီယာ အဆင့်မြင့်ဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ ဧည့်သည်တော်များ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(Chinese Version)

亚太媒体高端论坛科技创新成果展拓展媒体合作机遇

新华社深圳9月5日电(记者陈宇轩、古一平)亚太媒体高端论坛9月5日在广东深圳开幕,论坛同日举办科技创新成果展,为亚太媒体加强科技创新应用等领域交流合作提供了平台。

  成果展设置智媒科技、具身智能、智慧城市、智慧生活四大板块,来自粤港澳大湾区的30余家企业携最新高科技产品参展,集中展示了数字智能领域的前沿探索和实践成果。

  传媒数字化转型新成果是此次展览的一大亮点。戴上AR眼镜,目光所及即时生成影像素材;手持空间相机走一圈,就能“复制”新闻现场,生成可以反复回看的三维数字空间图像;采访双方各戴一只AI同传耳机,即便语言不通也能直接对话,相当于随身带着一位“同声传译”……

  前来观展的论坛嘉宾表示,一系列兼具科技感与实用性的前沿装备,展现了科技创新应用正为人们的工作生活描绘出新图景,也为亚太媒体融合发展合作拓展了新的广阔空间。

图说 1 :这是9月5日拍摄的亚太媒体高端论坛开幕式现场。新华社记者 梁旭 摄

图说 2 : 9月5日,嘉宾出席亚太媒体高端论坛开幕式。新华社记者 梁旭 摄