
ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
ကိုပါဒိုဘရာဇီးကွာတားဖိုင်နယ်အဆင့်တွင် ဆန်းတို့စ်အသင်းက ပါလ်မီးရက်စ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲ၌ ပထမပိုင်းအပြီး လူစားလဲခဲ့ရပြီးနောက် တိုက်စစ်မှူးနေမာသည် ဒဏ်ရာကြောင့် ထပ်မံအနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
အသက် ၃၄ နှစ်အရွယ် နေမာသည် စက်တင်ဘာ ၃ ရက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ပထမပိုင်းအပြီး ကွင်းထဲမှ ထွက်ခွာခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်ကစားနိုင်ခြင်းမရှိခဲ့ပေ။ ဆန်းတို့စ်အသင်းသည်လည်း နှစ်ပွဲပေါင်း ရလဒ် ၃-၀ ဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ပွဲအပြီးတွင် နေမာက ပွဲမစခင်တစ်ရက်အလိုအထိ ကွင်းမြက်ခင်းပြင်ဆင်မှုကို မလုပ်ခဲ့သည့်ဆုံးဖြတ်ချက်ကို ဝေဖန်ပြောဆိုခဲ့သည်။
“ဗီလာဘယ်လ်မီရိုကွင်းတာဝန်ယူထားတဲ့သူကို ဂုဏ်ပြုလိုက်ပါတယ်" ဟု နေမာက လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ "မနေ့က မြက်ခင်းဟာ အဆိုးရွားဆုံးပါပဲ၊ ပွဲမတိုင်မီတစ်ရက်အလိုမှ မြက်ခင်းကို လေဝင်လေထွက်ကောင်းအောင်ပြုပြင်ခဲ့လို့ ကျင်းပေါက်တွေပြည့်နေတာ မယုံနိုင်စရာပဲ”
ယခုနှစ်အတွင်း နေမာသည် ခြေထောက်ကြွက်သားနှင့် ဒူးဒဏ်ရာများ မကြာခဏပြန်လည်ဖြစ်ပွားနေခြင်းကြောင့် ဆန်းတို့စ်အသင်းအတွက် ၂၄ ပွဲသာ ဝင်ရောက်ကစားနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
Neymar suffers new injury blow
RIO DE JANEIRO, Sept. 4 (Xinhua) -- Neymar faces a new injury layoff after being substituted at halftime in Santos' goalless draw with Palmeiras in the Copa do Brasil quarterfinals.
The 34-year-old left the pitch at halftime of Wednesday's fixture and didn't return as Santos was eliminated 3-0 on aggregate.
After the match, Neymar criticized a decision to delay the pitch's preparation until a day before the game.
"I'd like to congratulate the person in charge of the pitch at Vila Belmiro," Neymar said in a social media post. "Yesterday's was the worst grass, full of holes because they did aeration a day before the match. Unbelievable!"
Neymar has made only 24 appearances for Santos this year amid recurring leg muscle and knee injuries.
Photo caption: Neymar (3rd R) of Brazil vies with Luka Modric of Croatia during the Quarterfinal match between Croatia and Brazil of the 2022 FIFA World Cup at Education City Stadium in Al Rayyan, Qatar, Dec. 9, 2022. (Xinhua/Han Yan)








