အမေရိကန်နိုင်ငံ နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းပေါ်ရှိ အက်ပဲလ်ဆိုင်တစ်ခုအတွင်း ဝယ်ယူသူများ ဝင်ရောက်လာသည်ကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းပေါ်ရှိ အက်ပဲလ်ဆိုင်တစ်ခုအတွင်း ဝယ်ယူသူများ ဝင်ရောက်လာသည်ကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ပြင်ပမှအက်ပ်တီထွင်ဖန်တီးသူများအပေါ် အလွန်တင်းကျပ်သောစည်းမျဉ်းများ ချမှတ်ထားသည်ဆိုသည့် Apple၏ အပလီကေးရှင်း (application) ခြေရာခံမှုဆိုင်ရာစနစ်နှင့်ပတ်သက်၍ ပေါင် ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံခန့်) တန်ဖိုးရှိ တရားစွဲဆိုမှုတစ်ရပ်ကို စက်တင်ဘာ ၃ ရက်က ဗြိတိန်နိုင်ငံတွင် တင်သွင်းခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါ တရားစွဲဆိုမှုကို ၂၀၂၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် Apple ၏ အပလီကေးရှင်းခြေရာခံမှု ပွင့်လင်းမြင်သာမှုစနစ်နှင့်ပတ်သက်၍ အက်ပ်ဖန်တီးသူများဘက်မှကိုယ်စားပြု တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ထိုအပလီကေးရှင်းသည် ပြင်ပအပလီကေးရှင်းဖန်တီးသူများအပေါ် ကိုယ်ပိုင်ဝန်ဆောင်မှုများထက် ပိုမိုတင်းကျပ်သောစည်းကမ်းများချမှတ်ခြင်းဖြင့် ၎င်း၏ကြော်ငြာလုပ်ငန်းကဏ္ဍတွင် ယှဉ်ပြိုင်မှု အသာစီးရရှိစေခဲ့သည်ဟုစွပ်စွဲခံရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အက်ပဲလ်ဘက်က ၎င်း၏ အပလီကေးရှင်းခြေရာခံမှုပွင့်လင်းမြင်သာရေးစနစ်ကို အသုံးပြုသူများအနေဖြင့် မိမိတို့၏ လုပ်ဆောင်မှုများကို အက်ပ်များက ခြေရာခံလိုက်ခြင်း ပြုလုပ်ရန် ခွင့်ပြုမည်၊ခွင့်မပြုမည် ဟူသည်ကို လွယ်ကူစွာ ထိန်းချုပ်နိုင်ရန်ဖန်တီးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ထိုစနစ်သည်လည်း အပလီကေးရှင်းရေးဆွဲသူအားလုံးလိုက်နာရသည့်သတ်မှတ်ချက်များအတိုင်း လုံးဝတူညီသောစည်းမျဉ်းများကို လိုက်နာရကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ဂျာမနီ၊ ပြင်သစ်နှင့် အီတလီနိုင်ငံများအပါအဝင် အခြားဥရောပနိုင်ငံအများအပြားရှိ စည်းမျဉ်းကြပ်မတ်ရေးတာဝန်ရှိအဖွဲ့အစည်းများကလည်း Apple ၏ အပလီကေးရှင်းခြေရာခံမှုပွင့်လင်းမြင်သာရေးစနစ်ကို စုံစမ်းစစ်ဆေးခဲ့ကြောင်းသိရသည်။ (Xinhua)

…………….

(English Version)

Apple faces 2-bln-pound lawsuit in Britain on application tracking rules

LONDON, Sept. 3 (Xinhua) -- A 2-billion-pound (about 2.7 billion U.S. dollars) lawsuit against Apple was filed in Britain on Thursday over its application tracking rules that impose great restrictions on third parties, local media reported.

The lawsuit was brought on behalf of application developers over Apple's application tracking transparency framework implemented in 2021. It was accused of granting Apple's advertising ecosystem a competitive advantage by setting stricter requirements on third-party application developers than on its own services, according to the report.

Apple said its application tracking transparency was created to give users a simple way to control whether applications have permission to track their activity, and it is bound by the exact same requirements as all developers.

Regulators in several other European countries, including Germany, France and Italy, have also investigated on Apple's application tracking transparency framework.

Photo caption: Customers walk into an Apple store on Fifth Avenue of New York City, the United States, June 17, 2020. (Xinhua/Wang Ying)