
လျန်ယွင်ကန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ လျန်ယွင်ကန်ခရိုင်သည် တစ်ဦးတည်းနေထိုင်သည့် သက်ကြီးရွယ်အိုများ၊ အခြားဒေသမှ လာရောက်လုပ်ကိုင်သူများ စသည့် အဓိကလူအုပ်စုများ၏ စားသောက်ရန် ခက်ခဲခြင်း၊ စားသောက်စရိတ် ကြီးမားခြင်း ပြဿနာများကို အာရုံစိုက်ကာ "အစိုးရထောက်ပံ့မှုနှင့် ဈေးကွက်အခြေပြု မောင်းနှင်ရေးစနစ်" ကို ကျင့်သုံးပြီး ရပ်ကွက်ထမင်းဆိုင်များ၏ အစားအစာ ထောက်ပံ့ရေး ဝန်ဆောင်မှုစနစ် တည်ဆောက်ရေးကို တွန်းအားပေးခဲ့ရာ အများပြည်သူ အကျိုးစီးပွားကို ဦးစားပေးခြင်း၊ အမြတ်အနည်းငယ်ဖြင့် လည်ပတ်ခြင်းနှင့် ပြည်သူများ ရေရှည် အကျိုးခံစားခွင့် ရရှိစေခြင်း စသည့် အခြေခံမူများအတိုင်း နေ့လယ်စာနှင့် ညစာကို ပုံမှန်မပျက် ပံ့ပိုးပေးလျက် ရှိသည်။
ရပ်ကွက် ထမင်းဆိုင်များသည် ဈေးနှုန်း သက်သာပြီး အရသာရှိခြင်း၊ မီးဖိုချောင် သန့်ရှင်းသပ်ရပ်မှုကို ပွင့်လင်းမြင်သာစွာ ပြသထားခြင်းနှင့် ဟင်းပွဲ အစုံအလင် ရရှိနိုင်ခြင်း စသည့် အားသာချက်များကြောင့် လူကြိုက်များ ရေပန်းစားလျက် ရှိရာ ရပ်ကွက်အတွင်း ပြည်သူ့အကျိုးပြု "နွေးထွေးသောနားနေ စခန်း" ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)
------------------
(Chinese Version)
江苏连云港:社区食堂成惠民“暖心驿站”
近年来,江苏省连云港市连云区聚焦独居老人、外来务工者等重点群体吃饭难、吃饭贵问题,采取“政府补贴+市场化运营”的模式,推进社区食堂助餐服务体系建设,按照公益优先、微利运营、长效惠民的原则,实行中、晚常态化供餐。社区食堂因其平价美味、明厨亮灶、菜品丰富等特点广受欢迎,成为社区惠民的“暖心驿站”。
图说 1 :9月2日,江苏省连云港市连云区海州湾街道观海社区便民食堂的工作人员在处理食材。新华社发(王春 摄)
图说 2 :9月2日,人们在江苏省连云港市连云区墟沟街道桃园社区为民大食堂排队选购菜品。新华社发(王春 摄)








