အစ္စရေးနိုင်ငံ မြောက်ပိုင်း Hurfeish တွင် အစ္စရေးစစ်ဘက် ဝန်ထမ်းများကို ၂၀၂၄ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ မြောက်ပိုင်း Hurfeish တွင် အစ္စရေးစစ်ဘက် ဝန်ထမ်းများကို ၂၀၂၄ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလန်/တီဟီရန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အီရန်က အစ္စရေးအား တိုက်ခိုက်ပါက အစ္စရေးအနေဖြင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ ပါဝင်သည့် အီရန်၏ အခြေခံအဆောက်အအုံ အားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Katz က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု အစ္စရေး မီဒီယာအများအပြား၏ သတင်းဖော်ပြချက်များအရ သိရသည်။

Katz သည် ထိုနေ့က အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ အခမ်းအနားတစ်ခုသို့ တက်ရောက်စဉ် စက်တင်ဘာ ၃ ရက်ထုတ် "The Times of Israel" ၏ သတင်းဖော်ပြချက်တစ်ခုကို တုံ့ပြန်သည့်အနေဖြင့် ထိုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ အီရန်စစ်ဘက်ဝန်ထမ်းများနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်များ ရှိနေသည့်ပစ်မှတ်တစ်ခုကို အစ္စရေးက တိုက်ခိုက်ပါက အီရန်အနေဖြင့် ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု အီရန်က အမေရိကန်အား သတိပေးခဲ့ကြောင်း "The Times of Israel" က ပြင်ပမီဒီယာများ၏ သတင်းဖော်ပြချက်များကို ကိုးကား၍ ရေးသားထားသည်။

ထို့ပြင် ဖြစ်လာနိုင်ခြေရှိသည်များအားလုံးကို ရင်ဆိုင်ရန်အတွက် ခံစစ်နှင့် ထိုးစစ်အဆင့်များတွင် အစ္စရေးအနေဖြင့် အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း Katz က ပြောကြားခဲ့သည်။

ထို့ပြင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA)၏ စက်တင်ဘာ ၃ ရက် သတင်းဖော်ပြချက်အရ အီရန် ကြည်းတပ် ကွပ်ကဲရေးမှူး Ali Jahanshahi က ထိုနေ့တွင် အီရန် အနောက်ဘက်နယ်စပ်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးစဉ် အီရန်ကြည်းတပ်အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့်ခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်ရန် ဘက်စုံတပ်လှန့်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

以防长:若遭伊朗袭击 以将打击伊所有基础设施

新华社耶路撒冷/德黑兰9月3日电 据多家以色列媒体报道,以色列国防部长卡茨3日表示,如果伊朗袭击以色列,以色列将打击伊朗所有基础设施,包括能源设施。

  卡茨当天在出席以色列国防部的一场活动时作出上述表态,以回应《以色列时报》3日的一篇报道。《以色列时报》援引外媒的报道说,伊朗已警告美国,若以色列袭击黎巴嫩南部一处藏有伊军事人员及黎巴嫩真主党武装人员的目标,伊朗将予以强力回应。

  卡茨还表示,以色列在防御和进攻层面均已做好充分准备,以应对一切可能。

  另据伊朗伊斯兰共和国通讯社3日报道,伊朗陆军司令阿里·贾汉沙希当天视察伊朗西部边境时说,伊陆军保持全面戒备,准备应对任何可能出现的威胁。

图说 1 :这是2024 年6月5日在以色列北部胡尔费什拍摄的以军人员。新华社发(阿亚尔·马戈林摄/基尼图片社)