အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က စပိန်နိုင်ငံမှ ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် ပေါ်တူဂီနိုင်ငံမှ ဂျိုင်မီ ဖာရီယာတို့ ယှဉ်ပြိုင်ကစားသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဒုတိယအဆင့် ပွဲစဉ်၌ ပြိုင်ဘက်၏ ရိုက်ချက်ကို ပြန်ဆယ်နေသည့် ကားလို့စ် အယ်လ်ကာရက်ဇ်အား တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က စပိန်နိုင်ငံမှ ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် ပေါ်တူဂီနိုင်ငံမှ ဂျိုင်မီ ဖာရီယာတို့ ယှဉ်ပြိုင်ကစားသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဒုတိယအဆင့် ပွဲစဉ်၌ ပြိုင်ဘက်၏ ရိုက်ချက်ကို ပြန်ဆယ်နေသည့် ကားလို့စ် အယ်လ်ကာရက်ဇ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်များတွင် လက်ရှိချန်ပီယံများဖြစ်သည့် ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် အရီနာ ဆာဘလန်ကာတို့မှာ မတူညီသော ပုံစံများဖြင့် တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး တရုတ်ကစားသမားများဖြစ်သည့် ပုယွင်ချောင်ခဲ့ထက် နှင့် ဝူရိပင် တို့မှာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သော်လည်း တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီ မှာမူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

အယ်လ်ကာရက်ဇ် (ဆီဒင်-၂) မှာ ယခုပြိုင်ပွဲတွင် ပထမဆုံးပွဲလတ်၌ ပေါ်တူဂီကစားသမား ဂျိုင်မီ ဖာရီယာကို ရှုံးနိမ့်ခဲ့သော်လည်း နောက်မှလိုက်ကစားကာ ၄-၆၊ ၆-၀၊ ၆-၃၊ ၆-၂ ဖြင့် အနိုင်ကစားနိုင်ခဲ့သည်။

ညာဘက်လက်ကောက်ဝတ် ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းနှင့် ဝင်ဘယ်လ်ဒန် ပြိုင်ပွဲများကို လွဲချော်ခဲ့ရပြီး လေးလကြာ အနားယူခဲ့ရသည့် အသက် ၂၃ နှစ်အရွယ် စပိန်ကစားသမား အယ်လ်ကာရက်ဇ်သည် ပွဲအစပိုင်းတွင် အထနှေးနေခဲ့သော်လည်း နောက်ပိုင်းတွင် ပွဲငယ် ၈ ပွဲဆက်တိုက် အနိုင်ယူကာ ပွဲကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်း၏ ၁၆ ပွဲဆက် ဂရင်းစလင်းအနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။

တရုတ်တင်းနစ်ကစားသမား ပု မှာ ပထမအဆင့်၌ စပိန်ကစားသမား ရာဖေး ယိုဒါ (ဆီဒင်-၁၂) ကို အံ့အားသင့်ဖွယ် အနိုင်ယူကာ ဂရင်းစလင်းပြိုင်ပွဲကြီးတွင် ပထမဆုံးနိုင်ပွဲရရှိခဲ့သည်။

ပြိုင်ဘက် သြစတြေးလျကစားသမား သာနက်ဆီ ကော့ကီနာကစ် ဒဏ်ရာကြောင့် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သဖြင့် ၎င်းမှာ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းလည်းဖြစ်သည်။

အမျိုးသားတစ်ဦးချင်း ဒုတိယအဆင့် ပွဲစဉ်၌ ဝူ က သြစတြေးလျကစားသမား ဂျိမ်းစ် ဒတ်ခ်ဝေါ့သ်ကို ၇-၅၊ ၆-၃၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ၎င်း၏ကစားသမားဘဝတွင် နောက်ဆုံး ၃၂ ဦးအဆင့်သို့ ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့သည်။

အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၏ အခြားပွဲစဉ်များတွင် ရုရှားကစားသမား ဒါနီးလ် မက်ဗီဒက်ဗ် (ဆီဒင်-၇) က လက်ရည်စစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ ပြိုင်ပွဲဝင်ခွင့်ရခဲ့သည့် အမေရိကန်ကစားသမား ဆီဘက်ရှန် ဂေါ်ဇနီကို ၆-၁၊ ၆-၃၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သလို ဘန် ရှယ်လ်တန် (ဆီဒင်-၈) ကလည်း ပိုလန်မှ ဟူးလ်ဘတ် ဟာကက်ဇ်ကို ၆-၃၊ ၅-၇၊ ၇-၆ (၃)၊ ၇-၅ ဖြင့် အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့သည်။

အမျိုးသမီး ပွဲစဉ်များတွင် ဆာဘလန်ကာ (ဆီဒင်-၁) က လက်ရည်စစ်ပွဲမှတစ်ဆင့် တက်ရောက်လာသည့် ရုရှားတင်းနစ်မယ် ပေါ်လီနာ အီယက်ဆန်ကိုကို ပွဲကစားချိန် ၅၃ မိနစ်အတွင်း ၆-၁၊ ၆-၁ ဖြင့် အလွယ်တကူ အနိုင်ရရှိခဲ့သည်။

ဆရီနာ ဝီလီယမ်စ်နောက်ပိုင်း ယူအက်စ်အိုးပင်း ချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်သော ပထမဆုံး တင်းနစ်မယ်ဖြစ်လာရန် ပစ်မှတ်ထားနေသည့် ဆာဘလန်ကာက Winners ၂၄ ကြိမ် ရရှိခဲ့ပြီး ပထမပွဲလတ်တွင် စပေးဘောမှ ရမှတ် ၄ မှတ်သာ ဆုံးရှုံးခဲ့သည်။

တရုတ်တင်းနစ်မယ် ဝမ် မှာမူ အန်နာ ကာလင်စကာယာ (ဆီဒင်-၂၁) ကို ၇-၅၊ ၂-၆၊ ၆-၃ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။

"တိုက်စစ်ဖွင့်ဖို့ တွန့်ဆုတ်မိခဲ့လို့ ပထမပွဲလတ်မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် နောင်တရမိပါတယ်။ ဒုတိယပွဲလတ်မှာ ကျွန်မ ကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးပွဲမှာ ပြိုင်ဘက်က သူ့ရဲ့ကစားဟန်ကို တစ်ဆင့်မြှင့်နိုင်ခဲ့တယ်။ ဒါက ကျွန်မအတွက် သင်ခန်းစာကောင်းတစ်ခုပါပဲ" ဟု ဝမ် က ပြောကြားခဲ့သည်။

ဂျက်ဆီကာ ပက်ဂူလာ (ဆီဒင်-၃) က ၂၀၂၀ ဩစတြေးလျအိုးပင်း ချန်ပီယံ ဆိုဖီယာ ကီနင်ကို ပွဲချိန် ၅၆ မိနစ်အတွင်း ၆-၃၊ ၆-၁ ဖြင့် အလွယ်တကူ အနိုင်ရရှိခဲ့သလို ကာရိုလီနာ မူချိုဗာ (ဆီဒင်-၇) ကလည်း ကေတီ ဘိုလ်တာကို ၆-၁၊ ၆-၀ ဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည်။ (Xinhua)

........................................

(English Version)

US Open roundup: Defending champions Alcaraz, Sabalenka advance

WASHINGTON, Sept. 3 (Xinhua) -- Defending champions Carlos Alcaraz and Aryna Sabalenka took contrasting paths to the third round of the US Open on Wednesday, while China's Bu Yunchaokete and Wu Yibing advanced as Wang Xinyu bowed out.

Second-seeded Alcaraz dropped his first set of the tournament before rallying to defeat Portugal's Jaime Faria 4-6, 6-0, 6-3, 6-2.

Returning from a four-month layoff because of a right wrist injury that forced him to miss the French Open and Wimbledon, the 23-year-old Spaniard recovered from a slow start by winning eight consecutive games to regain control and extend his Grand Slam winning streak to 16 matches.

Bu earned his first Grand Slam main-draw victory, upsetting 12th-seeded Rafael Jodar of Spain 6-2, 6-1, 6-1 in the first round.

Bu entered the men's main draw as a lucky loser after Australia's Thanasi Kokkinakis withdrew because of injury.

In the men's second round, Wu reached the last 32 for the second time in his career with a 7-5, 6-3, 6-1 victory over Australia's James Duckworth.

Elsewhere in the men's draw, seventh-seeded Daniil Medvedev of Russia defeated U.S. wild card Sebastian Gorzny 6-1, 6-3, 7-5, while eighth-seeded Ben Shelton outlasted Poland's Hubert Hurkacz 6-3, 5-7, 7-6 (3), 7-5.

On the women's side, top-seeded Sabalenka cruised past Russian qualifier Polina Iatcenko 6-1, 6-1 in 53 minutes.

Sabalenka, seeking to become the first woman to win three consecutive US Open titles since Serena Williams, struck 24 winners and lost only four points on serve in the opening set.

Wang failed to advance after losing 7-5, 2-6, 6-3 to 21st-seeded Anna Kalinskaya.

"It was a pity to lose the first set because I hesitated on my attack. I played really well in the second set, but my opponent raised her level in the decider, which was a good learning experience for me," Wang said.

Third-seeded Jessica Pegula needed just 56 minutes to beat 2020 Australian Open champion Sofia Kenin 6-3, 6-1, while seventh-seeded Karolina Muchova cruised past Katie Boulter 6-1, 6-0.

Photo caption 1: Carlos Alcaraz reutrns a shot during the men's singles second round match between Carlos Alcaraz of Spain and Jaime Faria of Portugal at the 2026 US Open tennis championships in New York, the United States, Sept. 2, 2026. (Xinhua/Li Rui)

Photo caption 2: Aryna Sabalenka returns a shot during women's singles second round match betweetn Aryna Sabalenka of Belarus and Polina Iatcenko of Russia at the 2026 US Open tennis championships in New York, the United States, Sept. 2, 2026. (Xinhua/Li Rui)