နီပေါနိုင်ငံ Nuwakot ခရိုင်ရှိ Trishuli မြစ်ကြောင်းတစ်လျှောက် မြေပြိုမှုဒဏ်ခံခဲ့ရသော နေရာတစ်ခုကို ၂၀၂၆ ခုနှစ် သြဂုတ် ၃၁ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ)
နီပေါနိုင်ငံ Nuwakot ခရိုင်ရှိ Trishuli မြစ်ကြောင်းတစ်လျှောက် မြေပြိုမှုဒဏ်ခံခဲ့ရသော နေရာတစ်ခုကို ၂၀၂၆ ခုနှစ် သြဂုတ် ၃၁ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)  

နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရွှံ့နွံပြိုမှုကြောင့် စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီအထိ သေဆုံးသူဦးရေ ၁,၂၀၄ ဦးအထိ မြင့်တက်လာပြီး လူ ၄,၂၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နီပေါ အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

စုစုပေါင်း လူ ၃၀၁ ဦး ဒဏ်ရာရရှိခဲ့ကာ ရှာဖွေကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ လုပ်ဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၁,၃၁၄ ဦး စုစည်းဆောင်ရွက်လျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)


နီပေါနိုင်ငံ၊ Nuwakot ရှိ ရဟတ်ယာဉ်တစ်စင်းပေါ်သို့ ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်နေကြသည်ကို ၂၀၂၆ ခုနှစ် သြဂုတ်လ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နီပေါနိုင်ငံ၊ Nuwakot ရှိ ရဟတ်ယာဉ်တစ်စင်းပေါ်သို့ ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်နေကြသည်ကို ၂၀၂၆ ခုနှစ် သြဂုတ်လ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.................

(English version)

1,204 dead, 4,216 missing in Nepal mudslide: disaster authority

KATHMANDU, Sept. 2 (Xinhua) -- The death toll from the devastating mudslide in Nepal has risen to 1,204, with 4,216 people still missing as of 6 p.m. local time on Wednesday, according to the National Disaster Risk Reduction and Management Authority.

A total of 301 people have been injured, while 21,314 security personnel have been mobilized for search, rescue and relief operations, the authority said.

Photo caption 1: This photo taken on Aug. 31, 2026 shows a mudslide-affected area along the Trishuli River in Nuwakot, Nepal. Nepalese authorities said Tuesday that the death toll from the massive mudslide had risen to 1,010, with 4,599 people still missing. (Xinhua/Zou Xuemian)

Photo caption 2: Rescuers load supplies to a helicopter in Nuwakot, Nepal, Aug. 31, 2026. Nepalese authorities said Tuesday that the death toll from the massive mudslide had risen to 1,010, with 4,599 people still missing. (Xinhua/Liu Tian)