
ကျီလုန်၊ စက်တင်ဘာလ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်-နီပေါနယ်စပ် ကျီလုန်နယ်စပ်ဂိတ်တွင် ဩဂုတ် ၂၆ ရက်က ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် ကျရောက်ခဲ့ရာ ဒေသဆိုင်ရာအစိုးရ၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၂ ရက် မွန်းတည့်ချိန်အထိ လူ ၂၁ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ၅၄၁ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ဘေးအန္တရာယ်ဖြစ်ပွားရာ အချက်အချာနေရာတွင် ကယ်ဆယ်ရေးသမား ၃၃၆ ဦးခန့်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စေ့စေ့စပ်စပ် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းဧရိယာ ၁.၅၉၁ သန်း စတုရန်းမီတာကို လွှမ်းခြုံခဲ့သည်။
အချိန်ပြည့် မရပ်နားဘဲ ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် G216 လမ်းမကြီးသည် စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီတွင် အခြေခံအားဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ကယ်ဆယ်ရေးသမားများကို အထောက်အကူဖြစ်စေရန်အတွက် ဘေးအန္တရာယ်ဖြစ်ပွားရာ အချက်အချာနေရာသို့ စက်ယန္တရား ၁၀ ခုကျော် ဝင်ရောက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
.......................
(English Version)
CHINA-XIZANG-GYIRONG-MUDSLIDE-RESCUE-CORE AFFECTED ZONE (CN)
GYIRONG, Sept. 3, 2026 (Xinhua) –
Twenty-one people have been confirmed dead and 541 others remain missing as of Wednesday noon after a mudslide struck Gyirong Port on the China-Nepal border in southwest China's Xizang Autonomous Region on Aug. 26, according to the regional government's latest news briefing.
At the core affected zone, some 336 rescuers have conducted multiple rounds of thorough and exhaustive search and rescue operations, covering a cumulative area of 1.591 million square meters.
Road access to the zone was basically restored at 10 a.m. Wednesday after days of round-the-clock repair work on the G216. Over 10 pieces of heavy machinery have entered the core area to aid on-site rescuers.
English Caption 1: Rescuers conduct search and rescue operations at the core affected zone of the mudslide-hit Gyirong Port in southwest China's Xizang Autonomous Region, Sept. 2, 2026. (Xinhua/Tenzin Nyida)
English Caption 2: Rescuers maintain an excavator at the core affected zone of the mudslide-hit Gyirong Port in southwest China's Xizang Autonomous Region, Sept. 2, 2026. (Xinhua/Tenzin Nyida)








