
ကိုင်ရို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံ၏ မဟာဗျူဟာ ဟန်ချက်ညီရေးမူဝါဒကို လက်ကိုင်ပြုကျင့်သုံးမှုအပေါ် အသိအမှတ်ပြုတန်ဖိုးထားသကဲ့သို့ ထိုမူဝါဒသည် နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း စက်တင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည့် နှစ်နိုင်ငံ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အီဂျစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုး၍ နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

................................................
(English Version)
China appreciates Egypt's adherence to principle of strategic balance: joint statement
CAIRO, Sept. 2 (Xinhua) -- China appreciates Egypt's adherence to the principle of strategic balance and believes that the principle supports international multilateralism, said a joint statement on Wednesday.
During Chinese President Xi Jinping's state visit to Egypt, the two countries released the joint statement on further deepening their comprehensive strategic partnership.
Photo caption 1: Chinese President Xi Jinping attends a welcome ceremony held by Egyptian President Abdel Fattah El-Sisi prior to their talks in Cairo, Egypt, Sept. 2, 2026. (Xinhua/Shen Hong)
Photo caption 2: Chinese President Xi Jinping holds talks with Egyptian President Abdel Fattah El-Sisi in Cairo, Egypt, Sept. 2, 2026. (Xinhua/Yao Dawei)








