တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီနှင့် တွေ့ဆုံဆွေးနွေးနေပုံကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီနှင့် တွေ့ဆုံဆွေးနွေးနေပုံကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့အနေဖြင့် တစ်ဖက်သတ်ဝါဒနှင့် ဗိုလ်ကျလွှမ်းမိုးသည့် လုပ်ရပ်များကို အတူတကွ ဆန့်ကျင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၂ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

အီဂျစ်သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီနှင့် တွေ့ဆုံဆွေးနွေးစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကာ နှစ်ဖက်အနေဖြင့် ပိုမိုတရားမျှတ၍ သာတူညီမျှရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အတွက် အတူတကွ ကြိုးပမ်းလုပ်ဆောင်သွားရန်လည်း တိုက်တွန်းခဲ့သည်။ (Xinhua)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီနှင့် တွေ့ဆုံဆွေးနွေးမှုမတိုင်မီ အီဂျစ်သမ္မတက ကြီးမှူးကျင်းပသည့် ကြိုဆိုပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်လာပုံကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.............................................

(English Version)

Xi urges China, Egypt to jointly oppose unilateralism, acts of bullying

CAIRO, Sept. 2 (Xinhua) -- Chinese President Xi Jinping on Wednesday urged China and Egypt to work together to oppose unilateralism and acts of bullying.

He made the remarks during his talks with Egyptian President Abdel Fattah El-Sisi, calling on the two sides to work together for a more just and equitable global governance system.

Photo caption 1: Chinese President Xi Jinping holds talks with Egyptian President Abdel Fattah El-Sisi in Cairo, Egypt, Sept. 2, 2026. (Xinhua/Xie Huanchi)

Photo caption 2: Chinese President Xi Jinping attends a welcome ceremony held by Egyptian President Abdel Fattah El-Sisi prior to their talks in Cairo, Egypt, Sept. 2, 2026. (Xinhua/Shen Hong)