
ဘစ်ရှ်ကက်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကာဂျစ္စတန်နိုင်ငံ မြို့တော်ဘစ်ရှ်ကက်တွင် စက်တင်ဘာ ၁ ရက်က ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင် နိုင်ငံအကြီးအကဲများကောင်စီ ၂၆ ကြိမ်မြောက် အစည်းအဝေး၌ အချက်လေးချက် ပါဝင်သော အဆိုပြုချက်ကို တင်သွင်းအဆိုပြုခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ရှီက ယခုနှစ်သည် SCO စတင်တည်ထောင်သည့် ၂၅ နှစ်မြောက် အထိမ်းအမှတ်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ လွန်ခဲ့သော ၂၅ နှစ်က စစ်အေးတိုက်ပွဲ၏ နက်နဲသော သင်ခန်းစာများနှင့် "အဖျက်အမှောင့် အင်အားစုသုံးခု" ၏ လက်တွေ့ခြိမ်းခြောက်မှုတို့အပြင် နိုင်ငံအသီးသီးမှ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်းပြသော ဆန္ဒများကြောင့် အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းမှာ ဒေသတွင်းနိုင်ငံများ၏ ဘုံသဘောတူညီချက် ဖြစ်လာခဲ့သည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
သို့ဖြင့် SCO အဖွဲ့ ပေါ်ပေါက်လာခဲ့ပြီး အဆိုပါအဖွဲ့အစည်းသည် ခိုင်မာအားကောင်းသော တက်ကြွမှုနှင့် စွမ်းအားတို့ကို ပိုမိုပြသလာနိုင်ခဲ့သည်ဟု ရှီက ဆက်လက်ပြောကြားသည်။
လွန်ခဲ့သော ၂၅ နှစ်တာကာလအတွင်း SCO အဖွဲ့သည် အံ့မခန်းဖွယ် ခရီးလမ်းကို ဖြတ်သန်းခဲ့ကြောင်း၊ ယင်း၏ အထင်ရှားဆုံး အောင်မြင်မှုမှာ ကမ္ဘာပေါ်တွင် နယ်နိမိတ်အကျယ်ဆုံး လွှမ်းခြုံထားသော၊ လူဦးရေအများဆုံးကို ကိုယ်စားပြုသော၊ အလွန်ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ပိုင်ဆိုင်ထားသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပုံစံသစ်တစ်ခုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလဲလာခြင်းဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
SCO ၏ အဖိုးအတန်ဆုံး စိတ်ဓာတ်ပိုင်းဆိုင်ရာ အမွေအနှစ်မှာ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှရှိမှု၊ ဆွေးနွေးညှိနှိုင်းမှု၊ ယဉ်ကျေးမှုအဖုံဖုံ ကွဲပြားစုံလင်မှုကို လေးစားမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်မှုတို့ကို ကိုယ်စားပြုသည့် "ရှန်ဟိုင်းစိတ်ဓာတ်" ကို ရှေ့ဆောင်အဆိုပြုခဲ့ခြင်းနှင့် အခိုင်အမာ လက်ကိုင်ပြုကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
SCO ၏ အရေးအကြီးဆုံး ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံမှာ မဟာမိတ်အုပ်စုများမဖွဲ့ရေး၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုရေးနှင့် တတိယနိုင်ငံကို ပစ်မှတ်မထားရေးတို့ လွှမ်းခြုံပါဝင်သည့် အတူယှဉ်တွဲနေထိုင်ရေးဟူသော မှန်ကန်သည့်လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ တစ်ချိန်တည်းတွင် ဒေသတွင်းနိုင်ငံများကိုလည်း ဘုံအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် စုစည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
၂၅ နှစ်တာကာလ လွန်မြောက်လာချိန်တွင်လည်း ရာစုနှစ်တစ်ခုအတွင်း မကြုံဖူးသေးသည့် နက်နဲသိမ်မွေ့သော အပြောင်းအလဲများသည် အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လျက်ရှိကာ ဆွေးနွေးညှိနှိုင်းမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှု၊ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် တစ်ဦးအသာရလျှင် တစ်ဦးက နစ်နာဆုံးရှုံးစေသည့် အားပြိုင်မှု၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒ စသည်တို့အကြား အားပြိုင်မှုမှာ ပိုမိုပြင်းထန်လာပြီး စစ်ပွဲအငွေ့အသက်များလည်း ကမ္ဘာကြီးကို လွှမ်းမိုးထားဆဲဖြစ်သည်ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260901/cc4884e4dfa549c092ea467fd53e53bc/c.html

.........................................
(English Version)
Xi puts forward four-point proposal at SCO Bishkek summit
BISHKEK, Sept. 1 (Xinhua) -- Chinese President Xi Jinping on Tuesday put forward a four-point proposal at the 26th Meeting of the Council of Heads of State of the Shanghai Cooperation Organization (SCO) in the Kyrgyz capital of Bishkek.
In his speech at the summit, Xi said this year marks the 25th founding anniversary of the SCO. He pointed out that 25 years ago, safeguarding sovereignty, security and development interests became a shared consensus among countries in the region in the face of the profound lessons of the Cold War, the real threat posed by the "three evil forces," as well as the strong aspirations of people in various countries for peace and development.
The SCO thus emerged, and the organization has increasingly demonstrated its strong vitality and dynamism, Xi added.
Over the past 25 years, the SCO has gone through an extraordinary journey, Xi said, noting that its most significant achievement has been its gradual transformation into a new type of regional cooperation organization that spans the largest geographical area, represents the largest population, and possesses enormous development potential in the world.
The SCO's most valuable spiritual asset is the pioneering proposal and steadfast adherence to the "Shanghai Spirit" of mutual trust, mutual benefit, equality, consultation, respect for diversity of civilizations and pursuit of common development, he said.
The SCO's most important experience for cooperation is that it has found the right way of coexistence featuring non-alliances, non-confrontation and not targeting any third party, while bringing countries in the region together to build a common home, he added.
Xi said that 25 years on, as profound changes unseen in a century are accelerating, the rivalry is intensifying between dialogue and confrontation, win-win cooperation and zero-sum, and multilateralism and unilateralism, and the shadow of war continues to haunt the world.
Photo caption 1: Chinese President Xi Jinping shakes hands with Kyrgyz President Sadyr Japarov in Bishkek, Kyrgyzstan, Sept. 1, 2026. (Xinhua/Wang Ye)
Photo caption 2: Chinese President Xi Jinping poses for a group photo with leaders of the Shanghai Cooperation Organization (SCO) member states in Bishkek, Kyrgyzstan, Sept. 1, 2026. (Xinhua/Wang Ye)








