အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၌ ကြေညာချက်ထုတ်ပြန်နေသည့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုအား ၂၀၂၆ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - GPO/Handout via Xinhua)
အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၌ ကြေညာချက်ထုတ်ပြန်နေသည့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုအား ၂၀၂၆ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - GPO/Handout via Xinhua)

ဂျေရုဆလမ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ အမျိုးသားလုံခြုံရေးအေဂျင်စီ (Shin Bet) နှင့် အစ္စရေးစစ်တပ်သည် စက်တင်ဘာ ၁ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ လှုပ်ရှားမှု လုပ်ဆောင်ခဲ့ရာ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးကို ၎င်းနေထိုင်ရာနေရာ အနီးတစ်ဝိုက်၌ ဖမ်းဆီးရမိခဲ့ကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသူမှာ ဟားမက်စ်အတွင်းပိုင်း လုံခြုံရေးအဖွဲ့အစည်း တာဝန်ခံဖြစ်သလို ဟားမက်စ် အဆင့်မြင့်အလွှာ အကြီးအကဲများအနက် တစ်ဦးလည်းဖြစ်ကြောင်း၊ အဆိုပါပုဂ္ဂိုလ်သည် ဖမ်းဆီးခံရသည့် အစ္စရေးဘက်ပုဂ္ဂိုလ်များအား သိုဝှက်ခြင်းနှင့် ရွှေ့ပြောင်းခြင်း၊ ဟားမက်စ် အဆင့်မြင့်အဖွဲ့ဝင်များအား အကာအကွယ်ပေးခြင်းတို့ကို တာဝန်ယူခဲ့ဖူးပြီး ဟားမက်စ် စစ်ရေးအင်အား တည်ဆောက်မှုနှင့် ၎င်း၏သက်ဆိုင်ရာစွမ်းရည်များအား ပြန်လည်ဖော်ဆောင်သည့် လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြောင်း နေတန်ယာဟုက ဆိုသည်။

အစ္စရေးအနေဖြင့် ဟားမက်စ် အကြီးအကဲအားလုံးနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူအားလုံးကို ဆက်လက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်းလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန သတင်းအရင်းအမြစ်ပုဂ္ဂိုလ်က အစ္စရေးသည် စက်တင်ဘာ ၁ ရက်တွင် ဂါဇာစီးတီး အနောက်ပိုင်းသို့ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူ ၃ ဦးသေဆုံး၍ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ် အထူးတပ်ဖွဲ့တစ်ဖွဲ့သည် ဂါဇာစီးတီး၌ လှုပ်ရှားမှုဆောင်ရွက်ရန် ကြိုးပမ်းခဲ့ရာ ၎င်းတို့တွေ့ရှိခံရပြီးနောက် အစ္စရေးစစ်တပ်သည် ခပ်စိပ်စိပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး လူထိခိုက်သေဆုံးမှုဖြစ်ခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသအစိုးရ မီဒီယာရုံးက အကျဉ်းချုံး ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ထိုနေ့အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ထိုနေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ “ပစ်မှတ်များစွာ” အပေါ် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ စစ်တပ်ဘက်က အစ္စရေးတပ်သား ထိခိုက်ဒဏ်ရာရရှိမှုမရှိဟု ဆိုခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

内塔尼亚胡:以方抓获哈马斯内部安全机构负责人

新华社耶路撒冷9月1日电(记者冯国芮 陈君清)以色列总理内塔尼亚胡1日发表声明说,以国家安全总局(辛贝特)和以国防军当天在加沙地带实施行动,一名巴勒斯坦伊斯兰抵抗运动(哈马斯)高级成员在其住所附近被抓获。  

内塔尼亚胡称,被抓获人员是哈马斯内部安全机构负责人,也是哈马斯最高层领导人之一。此人曾负责藏匿和转移被扣押的以色列人员、掩护哈马斯高级成员,并参与哈马斯军事力量建设以及恢复其相关能力的行动。  

内塔尼亚胡表示,以色列将继续追捕所有哈马斯领导人,以及所有参与2023年10月7日袭击的人。  

巴勒斯坦加沙地带卫生部门消息人士1日说,当天以色列对加沙城西部发动猛烈空袭,造成3人死亡、8人受伤。  

加沙地带政府媒体办公室在一份简短声明中说,一支以色列特种部队试图在加沙城开展行动,被发现后以军发动了密集空袭,造成人员伤亡。  

以军方当天早些时候发表声明称,当天对加沙地带的“多个目标”进行了打击。军方称没有以色列士兵受伤。(完)

图说:3月1日,以色列总理内塔尼亚胡在位于特拉维夫的以色列国防部发表声明。 新华社发(以色列政府新闻办公室供图)